
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
ဘိုင်ယန်မြူးနစ်အသင်းရဲ့ ပိုလန်နာမည်ကျော်တိုက်စစ်မှူးလီဝန်ဒေါစကီးဟာ ၂၀၂၁ ခုနှစ်အတွက် ဂျာမန်(၁)နှစ်တာအကောင်းဆုံးဘောလုံးသမားဆုကို တခြားထိပ်သီးကစားသမားတွေဖြစ်တဲ့ အသင်းဖော်မူလာ၊ ဒေါ့မွန်တိုက်စစ်မှူးဟာလန်းတို့ကို ကျော်ဖြတ်ပြီးတော့ ဆွတ်ခူးနိုင်ခဲ့ပြီဖြစ်ပါတယ်။
လီဝန်ဒေါစကီးဟာ ၂၀၁၉-၂၀ ရာသီတုန်းက ဘိုင်ယန်မြူးနစ်အသင်းနဲ့အတူ ချန်ပီယံလိဂ်၊ ဂျာမန်ဖလား၊ ဘွန်ဒစ်လီဂါဖလား(၃)လုံးချန်ပီယံဖြစ်အောင် ကူညီပေးခဲ့ပြီး ပြီးခဲ့တဲ့ရာသီမှာလည်း ဘိုင်ယန်မြူးနစ်အသင်း ဘွန်ဒစ်လီဂါမှာ (၉)ရာသီဆက်ဗိုလ်စွဲနိုင်ခဲ့တာက လီဝန်ဒေါစကီးရဲ့ သွင်းဂိုးတွေကအဓိကကျခဲ့ပါတယ်။
၂၀၂၀-၂၁ ရာသီမှာ (၄၁)ဂိုးအထိသွင်းယူခဲ့တာကြောင့် ဘိုင်ယန်မြူးနစ်ဂန္ထဝင်တိုက်စစ်မှူးဂတ်မူလာတင်ရှိခဲ့တဲ့ တစ်ရာသီအတွင်း ဘွန်ဒစ်လီဂါသွင်းဂိုးအများဆုံးစံချိန်ကိုလည်း ချိုးဖြတ်နိုင်ခဲ့ပါတယ်။
အဲဒါကြောင့် ၂၀၂၁ ခုနှစ်အတွက် ဂျာမန်(၁)နှစ်တာအကောင်းဆုံးဘောလုံးသမားဆု မဲပေးရွေးချယ်တဲ့အခါ လီဝန်ဒေါစကီးက မဲအရေအတွက် (၃၁၅)မဲအထိရရှိခဲ့တာကြောင့် အကောင်းဆုံးဘောလုံးသမားဆုကို ဆွတ်ခူးနိုင်ခဲ့တာဖြစ်ပြီး (၂)နှစ်ဆက်တိုက်ရရှိခဲ့တာလည်းဖြစ်ပါတယ်။
ဆုရရှိခဲ့တဲ့အတွက် လီဝန်ဒေါစကီးက “ဂျာမန်(၁)နှစ်တာအကောင်းဆုံးဆု ရရှိခဲ့တာက ဘယ်လောက်ဂုဏ်ယူစရာကောင်းလဲဆိုတာ ကျွန်တော်သိပြီးသားဖြစ်ပါတယ်။
ကျွန်တော့်အတွက်တော့ ဒီဆုဟာ ဂုဏ်သိက္ခာမြင့်မားတဲ့ဆုတစ်ခုဖြစ်သလို ဆုရရှိခဲ့တဲ့အတွက်လည်း ဝမ်းမြောက်မိပြီး ဒီအကောင်းဆုံးဘောလုံးသမားဆုကို (၂)ကြိမ်ဆက်တိုက်ဆွတ်ခူးနိုင်တဲ့သူက အများကြီးမရှိပါဘူး”လို့ ပြောကြားခဲ့ပါတယ်။
လီဝန်ဒေါစကီးဟာ ပြီးခဲ့တဲ့ရာသီကုန်ခါနီးမှာ အရွတ်ဒဏ်ရာကြောင့် အနားယူခဲ့ရပေမယ့် အသင်းရဲ့ ဘွန်ဒစ်လီဂါနောက်ဆုံး(၄)ပွဲမှာ ပြန်လည်ပါဝင်ကစားခဲ့ပြီး
(၆)ဂိုးအထိသွင်းယူနိုင်ခဲ့သလို ဘိုင်ယန်မြူးနစ်အသင်းဟာ ဒုတိယနေရာက လိုက်ပ်ဇစ်အသင်းကို (၁၃)မှတ်ဖြတ်ပြီးတော့ ဘွန်ဒစ်လီဂါချန်ပီယံဆုရရှိခဲ့တာဖြစ်ပါတယ်။
လီဝန်ဒေါစကီးအနေနဲ့ ဂျာမန်(၁)နှစ်တာအကောင်းဆုံးဘောလုံးသမားဆုကို နှစ်ကြိမ်ဆက်တိုက်ဆွတ်ခူးခဲ့တဲ့အပြင် အခုနှစ် Ballon d’Or ဆုရရှိဖို့ ရေပန်းစားသူတွေထဲမှာတစ်ဦးအပါအဝင်ဖြစ်နေတာပါ။
၂၀၂၀-၂၁ ရာသီရဲ့ ဂျာမန်(၁)နှစ်တာအကောင်းဆုံးနည်းပြဆုကိုတော့ ချယ်လ်ဆီးအသင်းနာမည်ကျော်နည်းပြတူချယ်လ်က ဆွတ်ခူးရရှိခဲ့ပြီး
တူချယ်လ်ဟာ ပြီးခဲ့တဲ့ရာသီက ချယ်လ်ဆီးအသင်းကို ဆယ်စုနှစ်တစ်ခုနီးပါးကြာဝေးကွာနေတဲ့ ချန်ပီယံလိဂ်ဖလားရရှိအောင်စွမ်းဆောင်နိုင်ခဲ့လို့ အခုလိုအကောင်းဆုံးနည်းပြဆုရရှိခဲ့တာဖြစ်ပါတယ်။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
Zawgyi
ဂ်ာမန္(၁)ႏွစ္တာအေကာင္းဆုံးေဘာလုံးသမားဆုကို ႏွစ္ႀကိမ္ဆက္တိုက္ရရွိခဲ့တဲ့ လီဝန္ေဒါစကီး
ဘိုင္ယန္ျမဴးနစ္အသင္းရဲ႕ ပိုလန္နာမည္ေက်ာ္တိုက္စစ္မႉးလီဝန္ေဒါစကီးဟာ ၂၀၂၁ ခုႏွစ္အတြက္ ဂ်ာမန္(၁)ႏွစ္တာအေကာင္းဆုံးေဘာလုံးသမားဆုကို တျခားထိပ္သီးကစားသမားေတြျဖစ္တဲ့ အသင္းေဖာ္မူလာ၊ ေဒါ့မြန္တိုက္စစ္မႉးဟာလန္းတို႔ကို ေက်ာ္ျဖတ္ၿပီးေတာ့ ဆြတ္ခူးႏိုင္ခဲ့ၿပီျဖစ္ပါတယ္။ လီဝန္ေဒါစကီးဟာ ၂၀၁၉-၂၀ ရာသီတုန္းက ဘိုင္ယန္ျမဴးနစ္အသင္းနဲ႔အတူ ခ်န္ပီယံလိဂ္၊ ဂ်ာမန္ဖလား၊ ဘြန္ဒစ္လီဂါဖလား(၃)လုံးခ်န္ပီယံျဖစ္ေအာင္ ကူညီေပးခဲ့ၿပီး ၿပီးခဲ့တဲ့ရာသီမွာလည္း ဘိုင္ယန္ျမဴးနစ္အသင္း ဘြန္ဒစ္လီဂါမွာ (၉)ရာသီဆက္ဗိုလ္စြဲႏိုင္ခဲ့တာက လီဝန္ေဒါစကီးရဲ႕ သြင္းဂိုးေတြကအဓိကက်ခဲ့ပါတယ္။
၂၀၂၀-၂၁ ရာသီမွာ (၄၁)ဂိုးအထိသြင္းယူခဲ့တာေၾကာင့္ ဘိုင္ယန္ျမဴးနစ္ဂႏၴဝင္တိုက္စစ္မႉးဂတ္မူလာတင္ရွိခဲ့တဲ့ တစ္ရာသီအတြင္း ဘြန္ဒစ္လီဂါသြင္းဂိုးအမ်ားဆုံးစံခ်ိန္ကိုလည္း ခ်ိဳးျဖတ္ႏိုင္ခဲ့ပါတယ္။ အဲဒါေၾကာင့္ ၂၀၂၁ ခုႏွစ္အတြက္ ဂ်ာမန္(၁)ႏွစ္တာအေကာင္းဆုံးေဘာလုံးသမားဆု မဲေပးေ႐ြးခ်ယ္တဲ့အခါ လီဝန္ေဒါစကီးက မဲအေရအတြက္ (၃၁၅)မဲအထိရရွိခဲ့တာေၾကာင့္ အေကာင္းဆုံးေဘာလုံးသမားဆုကို ဆြတ္ခူးႏိုင္ခဲ့တာျဖစ္ၿပီး (၂)ႏွစ္ဆက္တိုက္ရရွိခဲ့တာလည္းျဖစ္ပါတယ္။
ဆုရရွိခဲ့တဲ့အတြက္ လီဝန္ေဒါစကီးက “ဂ်ာမန္(၁)ႏွစ္တာအေကာင္းဆုံးဆု ရရွိခဲ့တာက ဘယ္ေလာက္ဂုဏ္ယူစရာေကာင္းလဲဆိုတာ ကြၽန္ေတာ္သိၿပီးသားျဖစ္ပါတယ္။ ကြၽန္ေတာ့္အတြက္ေတာ့ ဒီဆုဟာ ဂုဏ္သိကၡာျမင့္မားတဲ့ဆုတစ္ခုျဖစ္သလို ဆုရရွိခဲ့တဲ့အတြက္လည္း ဝမ္းေျမာက္မိၿပီး ဒီအေကာင္းဆုံးေဘာလုံးသမားဆုကို (၂)ႀကိမ္ဆက္တိုက္ဆြတ္ခူးႏိုင္တဲ့သူက အမ်ားႀကီးမရွိပါဘူး”လို႔ ေျပာၾကားခဲ့ပါတယ္။ လီဝန္ေဒါစကီးဟာ ၿပီးခဲ့တဲ့ရာသီကုန္ခါနီးမွာ အ႐ြတ္ဒဏ္ရာေၾကာင့္ အနားယူခဲ့ရေပမယ့္ အသင္းရဲ႕ ဘြန္ဒစ္လီဂါေနာက္ဆုံး(၄)ပြဲမွာ ျပန္လည္ပါဝင္ကစားခဲ့ၿပီး (၆)ဂိုးအထိသြင္းယူႏိုင္ခဲ့သလို ဘိုင္ယန္ျမဴးနစ္အသင္းဟာ ဒုတိယေနရာက လိုက္ပ္ဇစ္အသင္းကို (၁၃)မွတ္ျဖတ္ၿပီးေတာ့ ဘြန္ဒစ္လီဂါခ်န္ပီယံဆုရရွိခဲ့တာျဖစ္ပါတယ္။
လီဝန္ေဒါစကီးအေနနဲ႔ ဂ်ာမန္(၁)ႏွစ္တာအေကာင္းဆုံးေဘာလုံးသမားဆုကို ႏွစ္ႀကိမ္ဆက္တိုက္ဆြတ္ခူးခဲ့တဲ့အျပင္ အခုႏွစ္ Ballon d’Or ဆုရရွိဖို႔ ေရပန္းစားသူေတြထဲမွာတစ္ဦးအပါအဝင္ျဖစ္ေနတာပါ။ ၂၀၂၀-၂၁ ရာသီရဲ႕ ဂ်ာမန္(၁)ႏွစ္တာအေကာင္းဆုံးနည္းျပဆုကိုေတာ့ ခ်ယ္လ္ဆီးအသင္းနာမည္ေက်ာ္နည္းျပတူခ်ယ္လ္က ဆြတ္ခူးရရွိခဲ့ၿပီး တူခ်ယ္လ္ဟာ ၿပီးခဲ့တဲ့ရာသီက ခ်ယ္လ္ဆီးအသင္းကို ဆယ္စုႏွစ္တစ္ခုနီးပါးၾကာေဝးကြာေနတဲ့ ခ်န္ပီယံလိဂ္ဖလားရရွိေအာင္စြမ္းေဆာင္ႏိုင္ခဲ့လို႔ အခုလိုအေကာင္းဆုံးနည္းျပဆုရရွိခဲ့တာျဖစ္ပါတယ္။