ဂျာမန်ကလပ်တို့ရဲ့ထုံးစံအတိုင်း အူပါမီကာနို ဘိုင်ယန်ရောက်ဖို့ နီးစပ်လာ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

လိုက်ပ်ဇစ်အသင်း ဗဟိုခံစစ်မှူး အူပါမီကာနို ကိုခေါ်ယူဖို့ဆွေးနွေးမှုတွေပြုလုပ်နေတယ်လို့ ဘိုင်ယန်မြူးနစ် အသင်းက အတည်ပြုလိုက်ပါတယ်။ အသက် ၂၂ နှစ်သာရှိသေးတဲ့ အူပါမီကာနိုဟာ ၂၀၁၇ ကဩစတြီးယား ကလပ် ဆဲလ်ဘတ်ကနေ လိုက်ပ်ဇစ်ကိုပြောင်းလာတဲ့သူဖြစ်ပြီး အချိန်တိုအတွင်းမှာတင် ခြေစွမ်းပြပြီး ကမ္ဘာ့ အဆင့်ရှိတဲ့ ဗဟိုနောက်ခံလူအဖြစ် ရပ်တည်လာတာဖြစ်ပါတယ်။

ဒါကြောင့်လည်း သူ့ကိုမန်ယူကခေါ်ဖို့စိတ် ဝင်စားတယ်လို့ သတင်းတွေထွက်ပေါ်လာတာဖြစ်ပါတယ်။ ဒါပေမယ့် ဂျာမနီကလပ်တွေရဲ့ထုံးစံအတိုင်း သူ တို့ပြည်တွင်းက အောင်မြင်မှုအရှိဆုံးကလပ်ဖြစ်တဲ့ ဘိုင်ယန်မြူးနစ်ကို ကစားသမားကောင်းတွေရောင်းချလေ့ ရှိသလို ကစားသမားတွေကလည်း ဘိုင်ယန်ကိုပြောင်းရမယ်ဆိုရင် နှစ်ခါပြန်မစဥ်းစားတာကြောင့် အူပါမီကာ နိုဟာလည်း ဘိုင်ယန်ကိုရောက်ဖို့ရှိနေတာဖြစ်ပါတယ်။

အင်္ဂလန်နိုင်ငံက The Sun သတင်းစာကြီးက ကစာသမားရဲ့အေးဂျင့်ဖြစ်သူကို ဘိုင်ယန်မြူးနစ်ရုံးချုပ်ရဲ့မြေအောက် ကားရပ်နားရာနေရာမှာတွေ့ခဲ့ရကြောင်း ပြီးခဲ့တဲ့ ကြာသပတေးနေ့က သတင်းဖော်ပြခဲ့ပြီးဖြစ်ပါတယ်။ အဲဒီလိုဖော်ပြပြီးတစ်ရက်အကြာမှာ သူတို့တွေဆွေးနွေးမှုတွေပြုလုပ်နေကြောင်း ဘိုင်ယန်ရဲ့အားကစားဒါရိုက် တာဖြစ်တဲ့ ဆာလီဟာမစ်ဇစ်က အတည်ပြုသွားတာပါ။

သူက” အူပါမီကာနိုကိုရဖို့ ကျွန်တော်တို့ကြိုးစားနေပါပြီ။ သူ့အေးဂျင့်နဲ့လည်းတွေ့ခဲ့ပြီး ကောင်းမွန်ပြီး ပရော်ဖက်ရှင်နယ်ဆန်တဲ့ ဆွေးနွေးမှုတွေပြုလုပ်ခဲ့ပါတယ်” လို့ ပြောသွားပါတယ်။ ဘိုင်ယန်ရဲ့နောက်ခံလူနှစ်ဦးဖြစ်တဲ့ ဒေးဗစ်အလာဘာနဲ့ ဂျရိုမီဘိုတန် တို့ဟာ လာမယ့် နွေရာသီမှာ စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပြီး စာချုပ်သစ်လည်းအဆင်မပြေလို့ သူတို့နေရာမှာအစားထိုးဖို့ ‌ အရေးတကြီးလိုအပ်နေတာပါ။

အူပါမီကာနိုဟာ လိုက်ပ်ဇစ်နဲ့ ၂၀၂၃ အထိစာချုပ်သက်တမ်းရှိထားပြီး သူ့စာ ချုပ်တန်ကြေးက ပေါင် ၃၈ သန်းသာဖြစ်ပါတယ်။ သူ့ကို ချဲလ်ဆီးနည်းပြသစ် သောမတ်စ်တူချယ်အပြင် လီ ဗာပူးအသင်းကပါခေါ်ယူလိုနေပေမယ့် ဘိုင်ယန်ကိုဘဲ ရောက်လိမ့်မယ်လို့ ဆိုနေကြပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ဂ်ာမန္ကလပ္တို႔ရဲ႕ထုံးစံအတိုင္း အူပါမီကာႏို ဘိုင္ယန္ေရာက္ဖို႔ နီးစပ္လာ

လိုက္ပ္ဇစ္အသင္း ဗဟိုခံစစ္မႉး အူပါမီကာႏို ကိုေခၚယူဖို႔ေဆြးေႏြးမႈေတြျပဳလုပ္ေနတယ္လို႔ ဘိုင္ယန္ျမဴးနစ္ အသင္းက အတည္ျပဳလိုက္ပါတယ္။ အသက္ ၂၂ ႏွစ္သာရွိေသးတဲ့ အူပါမီကာႏိုဟာ ၂၀၁၇ ကဩစႀတီးယား ကလပ္ ဆဲလ္ဘတ္ကေန လိုက္ပ္ဇစ္ကိုေျပာင္းလာတဲ့သူျဖစ္ၿပီး အခ်ိန္တိုအတြင္းမွာတင္ ေျခစြမ္းျပၿပီး ကမာၻ႔ အဆင့္ရွိတဲ့ ဗဟိုေနာက္ခံလူအျဖစ္ ရပ္တည္လာတာျဖစ္ပါတယ္။

ဒါေၾကာင့္လည္း သူ႔ကိုမန္ယူကေခၚဖို႔စိတ္ ဝင္စားတယ္လို႔ သတင္းေတြထြက္ေပၚလာတာျဖစ္ပါတယ္။ ဒါေပမယ့္ ဂ်ာမနီကလပ္ေတြရဲ႕ထုံးစံအတိုင္း သူတို႔ျပည္တြင္းက ေအာင္ျမင္မႈအရွိဆုံးကလပ္ျဖစ္တဲ့ ဘိုင္ယန္ျမဴးနစ္ကို ကစားသမားေကာင္းေတြေရာင္းခ်ေလ့ ရွိသလို ကစားသမားေတြကလည္း ဘိုင္ယန္ကိုေျပာင္းရမယ္ဆိုရင္ ႏွစ္ခါျပန္မစဥ္းစားတာေၾကာင့္ အူပါမီကာ ႏိုဟာလည္း ဘိုင္ယန္ကိုေရာက္ဖို႔ရွိေနတာျဖစ္ပါတယ္။ အဂၤလန္ႏိုင္ငံက The Sun သတင္းစာႀကီးက ကစာသမားရဲ႕ေအးဂ်င့္ျဖစ္သူကို ဘိုင္ယန္ျမဴးနစ္႐ုံးခ်ဳပ္ရဲ႕ေျမ ေအာက္ ကားရပ္နားရာေနရာမွာေတြ႕ခဲ့ရေၾကာင္း ၿပီးခဲ့တဲ့ ၾကာသပေတးေန႔က သတင္းေဖာ္ျပခဲ့ၿပီးျဖစ္ပါတယ္။

အဲဒီလိုေဖာ္ျပၿပီးတစ္ရက္အၾကာမွာ သူတို႔ေတြေဆြးေႏြးမႈေတြျပဳလုပ္ေနေၾကာင္း ဘိုင္ယန္ရဲ႕အားကစားဒါ႐ိုက္ တာျဖစ္တဲ့ ဆာလီဟာမစ္ဇစ္က အတည္ျပဳသြားတာပါ။ သူက” အူပါမီကာႏိုကိုရဖို႔ ကြၽန္ေတာ္တို႔ႀကိဳးစားေန ပါၿပီ။ သူ႔ေအးဂ်င့္နဲ႔လည္းေတြ႕ခဲ့ၿပီး ေကာင္းမြန္ၿပီး ပေရာ္ဖက္ရွင္နယ္ဆန္တဲ့ ေဆြးေႏြးမႈေတြျပဳလုပ္ခဲ့ပါတယ္” လို႔ ေျပာသြားပါတယ္။ ဘိုင္ယန္ရဲ႕ေနာက္ခံလူႏွစ္ဦးျဖစ္တဲ့ ေဒးဗစ္အလာဘာနဲ႔ ဂ်႐ိုမီဘိုတန္ တို႔ဟာ လာမယ့္ ေႏြရာသီမွာ စာခ်ဳပ္သက္တမ္းကုန္ဆုံးမွာျဖစ္ၿပီး စာခ်ဳပ္သစ္လည္းအဆင္မေျပလို႔ သူတို႔ေနရာမွာအစားထိုးဖို႔ ‌ အေရးတႀကီးလိုအပ္ေနတာပါ။

အူပါမီကာႏိုဟာ လိုက္ပ္ဇစ္နဲ႔ ၂၀၂၃ အထိစာခ်ဳပ္သက္တမ္းရွိထားၿပီး သူ႔စာ ခ်ဳပ္တန္ေၾကးက ေပါင္ ၃၈ သန္းသာျဖစ္ပါတယ္။ သူ႔ကို ခ်ဲလ္ဆီးနည္းျပသစ္ ေသာမတ္စ္တူခ်ယ္အျပင္ လီ ဗာပူးအသင္းကပါေခၚယူလိုေနေပမယ့္ ဘိုင္ယန္ကိုဘဲ ေရာက္လိမ့္မယ္လို႔ ဆိုေနၾကပါတယ္။