ဂျာမနီမှာ ကိုရိုနာကူးစက်ခံရတဲ့ ပထမဆုံးပရော်ဖက်ရှင်နယ်ကစားသမားပေါ်ထွက်လာပြီ

photo-gettyimages

photo-gettyimages

ဘွန်ဒက်စ်လီဂါ-၂ က ပြိုင်ပွဲဝင်အသင်းတစ်သင်းဖြစ်တဲ့ ဟန်နိုဗာက သူတို့ရဲ့နောက်ခံလူတီမိုဟက်ဘာဟာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရတယ်လို့ အတည်ပြုလိုက်ပါတယ်။ ဒါကြောင့် ၂၃ နှစ်သာရှိသေးတဲ့တီမိုဟက်ဘာဟာ ဂျာမနီမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရတဲ့ ပထမဆုံးပရော်ဖက်ရှင်နယ်ကစားသမားလည်း ဖြစ်လာခဲ့ပါတယ်။ တီမိုဟက်ဘာဟာ ဂျာမနီမြောက်ပိုင်းက သူ့ဇာတိမြို့မှာရှိတဲ့ ပွဲတစ်ပွဲကိုတက်ရောက်စဉ် ရောဂါပိုးကူးစက်ခံခဲ့ရတာလို့ ဟန်နိုဗာအသင်းက ထုတ်ပြန်ခဲ့ပါတယ်။

photo-instagram

အဲဒီကတည်းက ကစားသမားဟာ သူ့အသင်းဖော်တွေနဲ့ အဆက်အသွယ်မရှိတော့ပါဘူး။ ဒါပေမဲ့လည်း ကစားသမားတွေအပါအဝင်၊ နည်းပြတွေနဲ့ အသင်းဝန်ထမ်းတွေအားလုံးဟာ ကိုရိုနာဗိုင်းရပ်စ်ရှိမရှိ စစ်ဆေးမှု ခံယူရတော့မှာပါ။ အဲဒီဖြစ်ရပ်ကြောင့် မီဒီယာတွေနဲ့ချိန်းဆိုထားမှုတွေကို ဖျက်သိမ်းခဲ့ရသလို လေ့ကျင့်ခန်းအစီအစဉ်တွေကိုလည်း တံခါးပိတ်ပြုလုပ်ရတော့မှာပါ။ ဒါပေမဲ့ ဒိုင်နမိုဒရက်စ်ဒန်နဲ့ကစားရမယ့် ဟန်နိုဗာရဲ့ပွဲစဉ်ကိုတော့ အစီအစဉ်အတိုင်းပဲ ကျင်းပသွားမှာ ဖြစ်ပါတယ်။

photo-gettyimages

ဟက်ဘာဟာ ကာလရှည်နားခဲ့ရပြီးနောက် ဟန်နိုဗာအတွက် နောက်ဆုံး ၃ ပွဲမှာသာ ပြန်ကစားပေးနိုင်ခဲ့တာပါ။ သူဟာ နုရင်ဘတ်ကို ၃-၀ ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲမှာ ဂိုးတောင်သွင်းခဲ့ပါသေးတယ်။ မကြာသေးခင်ကလည်း အိုလံပီယာကို့စ်အသင်းပိုင်ရှင်ဟာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံခဲ့ရတာကြောင့် အဲဒီကလပ်က ကစားသမားတွေအပြင် ယူရိုပါလိဂ်တုန်းက တွေ့ဆုံခဲ့တဲ့ အာဆင်နယ်ကစားသမားအချို့ကိုလည်း ရိုက်ခတ်မှုရှိခဲ့ပါတယ်။

[Zawgyi]

ဂ်ာမနီမွာ ကိုရိုနာကူးစက္ခံရတဲ့ ပထမဆုံးပေရာ္ဖက္ရွင္နယ္ကစားသမားေပၚထြက္လာၿပီ

ဘြန္ဒက္စ္လီဂါ-၂ က ၿပိဳင္ပြဲ၀င္အသင္းတစ္သင္းျဖစ္တဲ့ ဟန္ႏိုဗာက သူတုိ႔ရဲ႕ေနာက္ခံလူတီမိုဟက္ဘာဟာ ကိုရိုနာဗုိင္းရပ္စ္ကူးစက္ခံထားရတယ္လုိ႔ အတည္ျပဳလုိက္ပါတယ္။ ဒါေၾကာင့္ ၂၃ ႏွစ္သာရွိေသးတဲ့တီမိုဟက္ဘာဟာ ဂ်ာမနီမွာ ကိုရုိနာဗုိင္းရပ္စ္ကူးစက္ခံရတဲ့ ပထမဆုံးပေရာ္ဖက္ရွင္နယ္ကစားသမားလည္း ျဖစ္လာခဲ့ပါတယ္။ တီမိုဟက္ဘာဟာ ဂ်ာမနီေျမာက္ပိုင္းက သူ႔ဇာတိၿမိဳ႕မွာရွိတဲ့ ပြဲတစ္ပြဲကိုတက္ေရာက္စဥ္ ေရာဂါပိုးကူးစက္ခံခဲ့ရတာလုိ႔ ဟန္ႏိုဗာအသင္းက ထုတ္ျပန္ခဲ့ပါတယ္။

အဲဒီကတည္းက ကစားသမားဟာ သူ႔အသင္းေဖာ္ေတြနဲ႔ အဆက္အသြယ္မရွိေတာ့ပါဘူး။ ဒါေပမဲ့လည္း ကစားသမားေတြအပါအ၀င္၊ နည္းျပေတြနဲ႔ အသင္း၀န္ထမ္းေတြအားလံုးဟာ ကိုရုိနာဗိုင္းရပ္္စ္ရွိမရွိ စစ္ေဆးမႈ ခံယူရေတာ့မွာပါ။ အဲဒီျဖစ္ရပ္ေၾကာင့္ မီဒီယာေတြနဲ႔ခ်ိန္းဆိုထားမႈေတြကို ဖ်က္သိမ္းခဲ့ရသလို ေလ့က်င့္ခန္းအစီအစဥ္ေတြကိုလည္း တံခါးပိတ္ျပဳလုပ္ရေတာ့မွာပါ။ ဒါေပမဲ့ ဒိုင္နမိုဒရက္စ္ဒန္နဲ႔ကစားရမယ့္ ဟန္ႏိုဗာရဲ႕ပြဲစဥ္ကိုေတာ့ အစီအစဥ္အတိုင္းပဲ က်င္းပသြားမွာ ျဖစ္ပါတယ္။

ဟက္ဘာဟာ ကာလရွည္နားခဲ့ရၿပီးေနာက္ ဟန္ႏိုဗာအတြက္ ေနာက္ဆုံး ၃ ပြဲမွာသာ ျပန္ကစားေပးႏိုင္ခဲ့တာပါ။ သူဟာ ႏုရင္ဘတ္ကို ၃-၀ ဂိုးနဲ႔အႏိုင္ရခဲ့တဲ့ပြဲမွာ ဂိုးေတာင္သြင္းခဲ့ပါေသးတယ္။ မၾကာေသးခင္ကလည္း အိုလံပီယာကို႔စ္အသင္းပိုင္ရွင္ဟာ ကိုရိုနာဗိုင္းရပ္စ္ကူးစက္ခံခဲ့ရတာေၾကာင့္ အဲဒီကလပ္က ကစားသမားေတြအျပင္ ယူရိုပါလိဂ္တုန္းက ေတြ႕ဆုံခဲ့တဲ့ အာဆင္နယ္ကစားသမားအခ်ိဳ႕ကိုလည္း ရိုက္ခတ္မႈရွိခဲ့ပါတယ္။