
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
အင်္ဂလန်နဲ့ မန်ချက်စတာယူနိုက်တက်ဂန္ထဝင်တိုက်စစ်မှူးရွန်နီဟာ ဂျာမနီနဲ့ကစားမယ့် ရှုံးထွက်(၁၆)သင်းအဆင့်ပွဲမှာ
အင်္ဂလန်အသင်းနည်းပြဆောက်ဂိတ်အနေနဲ့ ဘယ်လိုနည်းဗျူဟာသုံးသင့်လဲ၊ ပွဲထွက်ကစားသမားအဖြစ် ဘယ်သူ့ကို သုံးသင့်လဲဆိုတာ သူ့အမြင်အရအကြံပေးတိုက်တွန်းခဲ့ပါတယ်။
အင်္ဂလန်အသင်းဟာ လာမယ့်အင်္ဂါနေ့ကျရင် ဂျာမနီအသင်းနဲ့ ဝင်ဘလေကွင်းမှာယှဉ်ပြိုင်ကစားမှာဖြစ်ပြီး ၁၉၆၆ ကမ္ဘာ့ဖလားနောက်ပိုင်း အဓိကနိုင်ငံတကာပြိုင်ပွဲကြီးတစ်ခုရဲ့ ရှုံးထွက်အဆင့်မှာ ဂျာမနီကို အနိုင်မရသေးတဲ့မှတ်တမ်းဆိုး ချိုးဖျက်နိုင်ဖို့ကြိုးစားရမှာပါ။
အဲဒီပွဲအတွက် နာမည်ကျော်အင်္ဂလန်ဘောလုံးသမားဟောင်းတွေက သူတို့အကြိုက် ပွဲထွက်စာရင်းကို ခန့်မှန်းပြောဆိုနေသလို အခု ရွန်နီကလည်း သူ့စိတ်ကြိုက်ပွဲထွက်စာရင်းကို ထုတ်ဖော်ပြောဆိုခဲ့တာဖြစ်ပါတယ်။
ရွန်နီက ဂျာမနီနဲ့ပွဲမှာ ဂရီးလစ်ရှ်ကို အသုံးမပြုဘဲ ရပ်ရှ်ဖို့ကိုသာ ပွဲထွက်အသုံးပြုသင့်ပြီး Holding Midfielders(ကွင်းလယ်အဖျက်)(၃)ဦးနဲ့ကစားသင့်တယ်လို့ အကြံပေးခဲ့တာပါ။
“ကျွန်တော်သာဆိုရင်တော့ ဂျာမနီနဲ့ပွဲမှာ ဂရီးလစ်ရှ်ကို ပွဲထွက်ကစားသမားအဖြစ် သုံးမှာမဟုတ်ပါဘူး။
ချက်အသင်းနဲ့ပွဲတုန်းက ဂရီးလစ်ရှ်က အင်္ဂလန်အသင်းအတွက်ခြေစွမ်းပြကစားနိုင်တဲ့ကစားသမားတွေထဲမှာ တစ်ဦးအပါအဝင်ဖြစ်ပြီး သူ့ခြေစွမ်းကို ကျွန်တော်မကြိုက်လို့မဟုတ်ဘဲ ဂျာမနီအသင်းရဲ့ကစားပုံကြောင့် ဂရီးလစ်ရှ်ကို ပွဲထွက်စာရင်းကချန်လှပ်သင့်တယ်လို့ ပြောတာပါ။
ပြိုင်ဘက်အပြောင်းအလဲနဲ့ ရင်ဆိုင်ရတဲ့အခါ မတူညီတဲ့နည်းဗျူတွေအသုံးပြုရမှာဖြစ်ပြီး ဂျာမနီပွဲမှာ ပွဲထွက်အသုံးပြုသင့်တာက ရပ်ရှ်ဖို့ပါပဲ။
တခြားတိုက်စစ်အခြမ်းမှာတော့ စတာလင်၊ ဆာကာ ဒါမှမဟုတ် ဆန်ချိုတို့ထဲကတစ်ဦးကို အသုံးပြုသင့်ပြီး ကွင်းလယ်အဖျက် (၃)ဦးအထိထားကစားသင့်တယ်လို့ထင်ပါတယ်။
ဟန်ဒါဆင်သာ ရာနှုန်းပြည့်ကြံ့ခိုင်မှုရှိနေရင်တော့ သူနဲ့ ဒီကလန်ရိုက်စ်၊ ကယ်လ်ဗင်ဖိလစ်တို့ကို တွဲဖက်ကစားသင့်ပြီး ဟန်ဒါဆင်အနေနဲ့ ၁၀၀% ကြံ့ခိုင်မှုရှိဖို့တော့လိုပါတယ်။
ဒီလိုပွဲမျိုးမှာ ဂျာမနီအသင်းက ဘောလုံးကိုင်ကစားပြီး ပြိုင်ဘက်ကို မောင်းကစားဖို့ရှိတာကြောင့် ကစားသမားတိုင်းဟာ ရာနှုန်းပြည့်ကြံ့ခိုင်မှုမရှိရင် ခံစားသွားရမှာပါ။
ဟန်ဒါဆင်မှာ ပြဿနာရှိနေတယ်ဆိုရင်တော့ ဘယ်လင်ဂန်ကို အသုံးပြုသင့်ပြီး ကွင်းလယ်အဖျက်(၃)ယောက်ကစားတာက အင်္ဂလန်အသင်းကို Solid ဖြစ်စေသလို ကစားသမားအပြောင်းအလဲလုပ်ရင်လည်း အရန်စာရင်းမှာ ဂရီးလစ်ရှ် ဒါမှမဟုတ် ဖိုဒန်တို့လို အရည်အသွေးမြင့်ကစားသမားတွေရှိနေပါတယ်။
ဂျာမနီလိုအသင်းမျိုးနဲ့ ရင်ဆိုင်ရတဲ့အခါ သတိကြီးကြီးထားဖို့ လိုပါတယ်”လို့ The Times သတင်းစာမှာ အကြံပြုရေးသားခဲ့ပါတယ်။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
Zawgyi
ဂ်ာမနီနဲ႔ပြဲမွာ ဘယ္လိုနည္းဗ်ဴဟာသုံးသင့္လဲ၊ ဘယ္သူ႔ကို ပြဲထုတ္သင့္လဲဆိုတာ ႐ြန္နီ အႀကံေပး
အဂၤလန္နဲ႔ မန္ခ်က္စတာယူႏိုက္တက္ဂႏၴဝင္တိုက္စစ္မႉး႐ြန္နီဟာ ဂ်ာမနီနဲ႔ကစားမယ့္ ရႈံးထြက္(၁၆)သင္းအဆင့္ပြဲမွာ အဂၤလန္အသင္းနည္းျပေဆာက္ဂိတ္အေနနဲ႔ ဘယ္လိုနည္းဗ်ဴဟာသုံးသင့္လဲ၊ ပြဲထြက္ကစားသမားအျဖစ္ ဘယ္သူ႔ကို သုံးသင့္လဲဆိုတာ သူ႔အျမင္အရအႀကံေပးတိုက္တြန္းခဲ့ပါတယ္။ အဂၤလန္အသင္းဟာ လာမယ့္အဂၤါေန႔က်ရင္ ဂ်ာမနီအသင္းနဲ႔ ဝင္ဘေလကြင္းမွာယွဥ္ၿပိဳင္ကစားမွာျဖစ္ၿပီး ၁၉၆၆ ကမာၻ႔ဖလားေနာက္ပိုင္း အဓိကႏိုင္ငံတကာၿပိဳင္ပြဲႀကီးတစ္ခုရဲ႕ ရႈံးထြက္အဆင့္မွာ ဂ်ာမနီကို အႏိုင္မရေသးတဲ့မွတ္တမ္းဆိုး ခ်ိဳးဖ်က္ႏိုင္ဖို႔ႀကိဳးစားရမွာပါ။
အဲဒီပြဲအတြက္ နာမည္ေက်ာ္အဂၤလန္ေဘာလုံးသမားေဟာင္းေတြက သူတို႔အႀကိဳက္ ပြဲထြက္စာရင္းကို ခန႔္မွန္းေျပာဆိုေနသလို အခု ႐ြန္နီကလည္း သူ႔စိတ္ႀကိဳက္ပြဲထြက္စာရင္းကို ထုတ္ေဖာ္ေျပာဆိုခဲ့တာျဖစ္ပါတယ္။ ႐ြန္နီက ဂ်ာမနီနဲ႔ပြဲမွာ ဂရီးလစ္ရွ္ကို အသုံးမျပဳဘဲ ရပ္ရွ္ဖို႔ကိုသာ ပြဲထြက္အသုံးျပဳသင့္ၿပီး Holding Midfielders(ကြင္းလယ္အဖ်က္)(၃)ဦးနဲ႔ကစားသင့္တယ္လို႔ အႀကံေပးခဲ့တာပါ။
“ကြၽန္ေတာ္သာဆိုရင္ေတာ့ ဂ်ာမနီနဲ႔ပြဲမွာ ဂရီးလစ္ရွ္ကို ပြဲထြက္ကစားသမားအျဖစ္ သုံးမွာမဟုတ္ပါဘူး။ ခ်က္အသင္းနဲ႔ပြဲတုန္းက ဂရီးလစ္ရွ္က အဂၤလန္အသင္းအတြက္ေျခစြမ္းျပကစားႏိုင္တဲ့ကစားသမားေတြထဲမွာ တစ္ဦးအပါအဝင္ျဖစ္ၿပီး သူ႔ေျခစြမ္းကို ကြၽန္ေတာ္မႀကိဳက္လို႔မဟုတ္ဘဲ ဂ်ာမနီအသင္းရဲ႕ကစားပုံေၾကာင့္ ဂရီးလစ္ရွ္ကို ပြဲထြက္စာရင္းကခ်န္လွပ္သင့္တယ္လို႔ ေျပာတာပါ။ ၿပိဳင္ဘက္အေျပာင္းအလဲနဲ႔ ရင္ဆိုင္ရတဲ့အခါ မတူညီတဲ့နည္းဗ်ဴေတြအသုံးျပဳရမွာျဖစ္ၿပီး ဂ်ာမနီပြဲမွာ ပြဲထြက္အသုံးျပဳသင့္တာက ရပ္ရွ္ဖို႔ပါပဲ။
တျခားတိုက္စစ္အျခမ္းမွာေတာ့ စတာလင္၊ ဆာကာ ဒါမွမဟုတ္ ဆန္ခ်ိဳတို႔ထဲကတစ္ဦးကို အသုံးျပဳသင့္ၿပီး ကြင္းလယ္အဖ်က္ (၃)ဦးအထိထားကစားသင့္တယ္လို႔ထင္ပါတယ္။ ဟန္ဒါဆင္သာ ရာႏႈန္းျပည့္ႀကံ့ခိုင္မႈရွိေနရင္ေတာ့ သူနဲ႔ ဒီကလန္႐ိုက္စ္၊ ကယ္လ္ဗင္ဖိလစ္တို႔ကို တြဲဖက္ကစားသင့္ၿပီး ဟန္ဒါဆင္အေနနဲ႔ ၁၀၀% ႀကံ့ခိုင္မႈရွိဖို႔ေတာ့လိုပါတယ္။ ဒီလိုပြဲမ်ိဳးမွာ ဂ်ာမနီအသင္းက ေဘာလုံးကိုင္ကစားၿပီး ၿပိဳင္ဘက္ကို ေမာင္းကစားဖို႔ရွိတာေၾကာင့္ ကစားသမားတိုင္းဟာ ရာႏႈန္းျပည့္ႀကံ့ခိုင္မႈမရွိရင္ ခံစားသြားရမွာပါ။
ဟန္ဒါဆင္မွာ ျပႆနာရွိေနတယ္ဆိုရင္ေတာ့ ဘယ္လင္ဂန္ကို အသုံးျပဳသင့္ၿပီး ကြင္းလယ္အဖ်က္(၃)ေယာက္ကစားတာက အဂၤလန္အသင္းကို Solid ျဖစ္ေစသလို ကစားသမားအေျပာင္းအလဲလုပ္ရင္လည္း အရန္စာရင္းမွာ ဂရီးလစ္ရွ္ ဒါမွမဟုတ္ ဖိုဒန္တို႔လို အရည္အေသြးျမင့္ကစားသမားေတြရွိေနပါတယ္။ ဂ်ာမနီလိုအသင္းမ်ိဳးနဲ႔ ရင္ဆိုင္ရတဲ့အခါ သတိႀကီးႀကီးထားဖို႔ လိုပါတယ္”လို႔ The Times သတင္းစာမွာ အႀကံျပဳေရးသားခဲ့ပါတယ္။