ဂျာမနီကို အနိုင်ယူပြီး အစဉ်အလာမှတ်တမ်းဆိုးတွေကို ရပ်တန့်နိုင်ခဲ့တဲ့ အင်္ဂလန်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

သမိုင်းကြောင်းအရ ပြိုင်ဆိုင်မှုပြင်းထန်သလို၊ ထိပ်သီးစာရင်းဝင်ဖြစ်ကြတဲ့ အင်္ဂလန်နဲ့ ဂျာမနီတို့ပွဲက အပြန်အလှန်ထိုးဖောက်ကစားမှုတွေကြောင့် စိတ်လှုပ်ရှားစရာကောင်းခဲ့တယ်။

အင်္ဂလန်အသင်းနည်းပြဆောက်ဂိတ်ဟာ ဒီပွဲမတိုင်ခင်ပြောထားသလိုပဲ နောက်တန်း(၃)ယောက်ထားပြီး လုခ်ရှော၊ ထရစ်ပီယာတို့ကို Wing Backs အဖြစ်နဲ့

(၃-၄-၃)ကစားကွက်ခင်းကျင်းခဲ့တာကြောင့် (၃-၄-၃)ကစားကွက်ချင်း အပြိုင်ကြဲခဲ့တယ်လို့ပြောရမယ်။

ဂျာမနီအသင်းရဲ့ တိုက်စစ်အသက်သွေးကြောက Wing Backs တွေဖြစ်တဲ့ ဂေ့ါစ်ဆန်၊ ကင်မစ်ချ်တို့အပေါ် လုံးလုံးလျားလျားကို မှီခိုနေရပြီး

သူတို့နှစ်ယောက်ဆီက Passing တွေမထွက်ရင် တိုက်စစ်တစ်ခုလုံး အသက်မဲ့သွားပါတယ်။

အခုပွဲမှာ ဂေါ့စ်ဆန်နဲ့ ကင်မစ်ချ်တို့က တိုက်စစ်အလွန်အကျွံလိုက်ရင် အင်္ဂလန်အသင်းရဲ့ တောင်ပံတိုက်စစ်တွေကို အခွင့်အရေးပေးသလိုဖြစ်မှာ စိုးတဲ့အတွက်

အရင်လောက်အထိ Over lap မလုပ်ခဲ့တာက ဂျာမနီအသင်းရဲ့ တိုက်စစ်မှာ အားနည်းချက်ဖြစ်ခဲ့ရတယ်။

ကွင်းလယ်က ဒေါက်တိုင်တွေဖြစ်တဲ့ မူလာနဲ့ကရူးစ်တို့ကတော့ အသက်အရွယ်အရရော၊ ခြေစွမ်းအရပါ အကျပိုင်းရောက်သွားပြီလို့ သတ်မှတ်ရမှာဖြစ်ပြီး

ပြိုင်ပွဲတစ်လျှောက်လုံးမှာ အရင်ကလို ထက်မြက်တဲ့စွမ်းဆောင်ရည်မျိုး မတွေ့ခဲ့ရဘူး။

အဓိက ကွင်းလယ်လူ ဂွမ်ဒိုဂန် ပွဲကစားခါနီးမှ နေမကောင်းဖြစ်ခဲ့ရလို့ ဒီပွဲမှာ မပါဝင်နိုင်ခဲ့တာကြောင့်လည်း ဂျာမနီအသင်း ကွင်းလယ်က တိုက်စစ်ကို ပံ့ပိုးမှုအပိုင်း အားနည်းခဲ့ရပါတယ်။

ဆောက်ဂိတ်အနေနဲ့ ကစားသမားကောင်းတွေရှိလျက်နဲ့ ဂျာမနီလိုပွဲမျိုးမှာ ဆာကာကို အရဲစွန့်သုံးတာက ဝေဖန်ချင်စရာပါပဲ။

ချက်အသင်းလို သာမန်အလယ်အလတ်အဆင့်အသင်းနဲ့ပွဲမှာ ဆာကာ ကောင်းချင်ကောင်းနိုင်ပေမယ့် ဂျာမနီလိုမျိုး အသင်းကြီးနဲ့ပွဲမှာ

ဆာကာဟာ ဘာမှလုပ်လို့မရဘဲ ညာခြမ်းတိုက်စစ်က တော်တော်လေး အားလျော့ခဲ့ရတယ်။

ဒါကြောင့် အင်္ဂလန် တိုက်စစ်စရင် စတာလင်၊ လုခ်ရှောတို့ရဲ့ ဘယ်ခြမ်းကပဲ အများဆုံးထိုးဖောက်ခဲ့ရပြီး ဂိုးတွေရခဲ့တာကလည်း ဘယ်ခြမ်းကနေ ဖန်တီးပေးမှုတွေကြောင့်ပဲဖြစ်ပါတယ်။

ယူရိုပြိုင်ပွဲအပြီးမှာ ဂျာမနီအသင်းနဲ့ လမ်းခွဲတော့မယ့် နည်းပြဂျိုအာချင်လိုးဟာ လက်ရွေးစင်နည်းပြဘဝကို စိတ်ပျက်စရာရလဒ်နဲ့ အဆုံးသတ်ခဲ့ရတာပါ။

ဒါပေမဲ့ ယူရိုပြိုင်ပွဲတစ်လျှောက် ဂျိုအာချင်လိုးရဲ့ တိုက်စစ်အခင်းအကျင်းက အားနည်းချက်တွေရှိခဲ့ပြီး ဆာနေးကို ပွဲထွက်အဖြစ်မသုံးခဲ့တာ၊

နာဘရီလို Wide Play အားသန်တဲ့ တောင်ပံတိုက်စစ်ကစားသမားကို အထောင်တိုက်စစ်အဖြစ် အသုံးပြုခဲ့တာ၊

အသက်အရွယ်ရလာတဲ့ မူလာကို အားကိုးလွန်းတာတွေကြောင့် အခုလိုအဆင့်နဲ့သာ ကျေနပ်ခဲ့ရတာပါပဲ။

ဒီပွဲမှာ ဂျိုအာချင်လိုးက ချယ်လ်ဆီးတိုက်စစ်အတွဲအဖက်ဖြစ်တဲ့ ဗာနာနဲ့ ဟားဗက်ဇ်ကို ပွဲထွက်သုံးခဲ့ပြီး နှစ်ယောက်စလုံးက တိုးအားကောင်းပေမယ့် အဆုံးသတ်ပိုင်းအားနည်းတာက ပြဿနာဖြစ်နေတာပါ။

ဒါ့အပြင် ဗာနာဟာ အပိုင်အခွင့်အရေးတစ်ကြိမ်ရခဲ့ပေမယ့် အသုံးမချနိုင်ခဲ့ပါဘူး။

သမိုင်းအစဉ်အလာမှတ်တမ်းဆိုးတွေ အများကြီးပိုင်ဆိုင်ထားတဲ့ အင်္ဂလန်အသင်း ဒီပွဲမှာတော့ ကံကြမ္မာကောင်းတွေ ရရှိခဲ့ပြီး (၇၅)မိနစ်မှာ

လုခ်ရှောရဲ့ဖြတ်တင်ပေးမှုကနေ စတာလင်က အပိုင်ပိတ်သွင်းယူခဲ့လို့ ဦးဆောင်ဂိုးရခဲ့ပါတယ်။

စတာလင်ရဲ့ ယူရိုသွင်းဂိုးက အခုဆိုရင် (၃)ဂိုးအထိရှိလာပြီဖြစ်သလို သူဂိုးသွင်းရင် အင်္ဂလန်အသင်းပွဲတိုင်း အနိုင်ရတဲ့မှတ်တမ်းကောင်းကို ဆက်ထိန်းထားနိုင်ဆဲပါပဲ။

ဒုတိယပိုင်းမှာ ဆာကာအစား ဂရီးလစ်ရှ်ဝင်လာပြီး ဒုတိယဂိုးက သူ ပေးလိုက်တဲ့ဘောလုံးကို ယူရိုပြိုင်ပွဲတစ်လျှောက် ဂိုးမိုးခေါင်နေတဲ့ ဟယ်ရီကိန်းက

ခေါင်းတိုက်သွင်းယူပြီးတော့ (၃)ပွဲဆက်ဂိုးပေါက်ပျောက်နေမှုကို အဆုံးသတ်ခဲ့တယ်။

ဟယ်ရီကိန်းဟာ နိုင်ငံတကာပြိုင်ပွဲကြီးတွေမှာ (၇)ဂိုးအထိသွင်းယူနိုင်ခဲ့တာကြောင့် အင်္ဂလန်ဂန္ထဝင်တိုက်စစ်မှူးရွန်နီရဲ့ ဂိုးအရေအတွက်နဲ့ တူညီသွားပြီး

သူ့ထက် သွင်းဂိုးပိုများတာက ရှီးယား(၉ဂိုး)နဲ့ လိုင်နီကာ (၁၀ဂိုး)တို့သာရှိပါတော့တယ်။

ဒီပွဲမှာ အင်္ဂလန်ကွင်းလယ်က ဒီကလန်ရိုက်စ်၊ ကယ်လ်ဗင်ဖိလစ်တို့ရဲ့ လုပ်အားနှုန်းကောင်းမွန်ခဲ့ပြီး နှစ်ယောက်စလုံးက တိုက်စစ်လိုက်ပါမှုအားနည်းပေမယ့်

ဂျာမနီအသင်းတိုက်စစ်ကို တားဆီးတဲ့အပိုင်းမှာ ကောင်းမွန်ခဲ့ပါတယ်။

အခုနိုင်ပွဲကြောင့် အင်္ဂလန်အသင်းဟာ ၁၉၆၆ ကမ္ဘာ့ဖလားနောက်ပိုင်း နိုင်ငံတကာပြိုင်ပွဲကြီးတွေရဲ့ ရှုံးထွက်အဆင့်မှာ ဂျာမနီကို တစ်ခါမှမနိုင်သေးတဲ့ မှတ်တမ်း၊

ယူရိုပြိုင်ပွဲတစ်လျှောက် (၅၃)နှစ်အတွင်း ရှုံးထွက်အဆင့်တွေမှာ ရလဒ်မကောင်းခဲ့တဲ့ မှတ်တမ်းဆိုးတွေကို အဆုံးသတ်နိုင်ခဲ့ပြီး ကွာတားဖိုင်နယ်တက်ရောက်ခွင့်ရရှိခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ဂ်ာမနီကို အႏိုင္ယူၿပီး အစဥ္အလာမွတ္တမ္းဆိုးေတြကို ရပ္တန႔္ႏိုင္ခဲ့တဲ့ အဂၤလန္

သမိုင္းေၾကာင္းအရ ၿပိဳင္ဆိုင္မႈျပင္းထန္သလို၊ ထိပ္သီးစာရင္းဝင္ျဖစ္ၾကတဲ့ အဂၤလန္နဲ႔ ဂ်ာမနီတို႔ပြဲက အျပန္အလွန္ထိုးေဖာက္ကစားမႈေတြေၾကာင့္ စိတ္လႈပ္ရွားစရာေကာင္းခဲ့တယ္။

အဂၤလန္အသင္းနည္းျပေဆာက္ဂိတ္ဟာ ဒီပြဲမတိုင္ခင္ေျပာထားသလိုပဲ ေနာက္တန္း(၃)ေယာက္ထားၿပီး လုခ္ေရွာ၊ ထရစ္ပီယာတို႔ကို Wing Backs အျဖစ္နဲ႔ (၃-၄-၃)ကစားကြက္ခင္းက်င္းခဲ့တာေၾကာင့္ (၃-၄-၃)ကစားကြက္ခ်င္း အၿပိဳင္ႀကဲခဲ့တယ္လို႔ေျပာရမယ္။ ဂ်ာမနီအသင္းရဲ႕ တိုက္စစ္အသက္ေသြးေၾကာက Wing Backs ေတြျဖစ္တဲ့ ေဂ့ါစ္ဆန္၊ ကင္မစ္ခ်္တို႔အေပၚ လုံးလုံးလ်ားလ်ားကို မွီခိုေနရၿပီး သူတို႔ႏွစ္ေယာက္ဆီက Passing ေတြမထြက္ရင္ တိုက္စစ္တစ္ခုလုံး အသက္မဲ့သြားပါတယ္။

အခုပြဲမွာ ေဂါ့စ္ဆန္နဲ႔ ကင္မစ္ခ်္တို႔က တိုက္စစ္အလြန္အကြၽံလိုက္ရင္ အဂၤလန္အသင္းရဲ႕ ေတာင္ပံတိုက္စစ္ေတြကို အခြင့္အေရးေပးသလိုျဖစ္မွာ စိုးတဲ့အတြက္ အရင္ေလာက္အထိ Over lap မလုပ္ခဲ့တာက ဂ်ာမနီအသင္းရဲ႕ တိုက္စစ္မွာ အားနည္းခ်က္ျဖစ္ခဲ့ရတယ္။ ကြင္းလယ္က ေဒါက္တိုင္ေတြျဖစ္တဲ့ မူလာနဲ႔က႐ူးစ္တို႔ကေတာ့ အသက္အ႐ြယ္အရေရာ၊ ေျခစြမ္းအရပါ အက်ပိုင္းေရာက္သြားၿပီလို႔ သတ္မွတ္ရမွာျဖစ္ၿပီး ၿပိဳင္ပြဲတစ္ေလွ်ာက္လုံးမွာ အရင္ကလို ထက္ျမက္တဲ့စြမ္းေဆာင္ရည္မ်ိဳး မေတြ႕ခဲ့ရဘူး။

အဓိက ကြင္းလယ္လူ ဂြမ္ဒိုဂန္ ပြဲကစားခါနီးမွ ေနမေကာင္းျဖစ္ခဲ့ရလို႔ ဒီပြဲမွာ မပါဝင္ႏိုင္ခဲ့တာေၾကာင့္လည္း ဂ်ာမနီအသင္း ကြင္းလယ္က တိုက္စစ္ကို ပံ့ပိုးမႈအပိုင္း အားနည္းခဲ့ရပါတယ္။ ေဆာက္ဂိတ္အေနနဲ႔ ကစားသမားေကာင္းေတြရွိလ်က္နဲ႔ ဂ်ာမနီလိုပြဲမ်ိဳးမွာ ဆာကာကို အရဲစြန႔္သုံးတာက ေဝဖန္ခ်င္စရာပါပဲ။ ခ်က္အသင္းလို သာမန္အလယ္အလတ္အဆင့္အသင္းနဲ႔ပြဲမွာ ဆာကာ ေကာင္းခ်င္ေကာင္းႏိုင္ေပမယ့္ ဂ်ာမနီလိုမ်ိဳး အသင္းႀကီးနဲ႔ပြဲမွာ ဆာကာဟာ ဘာမွလုပ္လို႔မရဘဲ ညာျခမ္းတိုက္စစ္က ေတာ္ေတာ္ေလး အားေလ်ာ့ခဲ့ရတယ္။

ဒါေၾကာင့္ အဂၤလန္ တိုက္စစ္စရင္ စတာလင္၊ လုခ္ေရွာတို႔ရဲ႕ ဘယ္ျခမ္းကပဲ အမ်ားဆုံးထိုးေဖာက္ခဲ့ရၿပီး ဂိုးေတြရခဲ့တာကလည္း ဘယ္ျခမ္းကေန ဖန္တီးေပးမႈေတြေၾကာင့္ပဲျဖစ္ပါတယ္။ ယူ႐ိုၿပိဳင္ပြဲအၿပီးမွာ ဂ်ာမနီအသင္းနဲ႔ လမ္းခြဲေတာ့မယ့္ နည္းျပဂ်ိဳအာခ်င္လိုးဟာ လက္ေ႐ြးစင္နည္းျပဘဝကို စိတ္ပ်က္စရာရလဒ္နဲ႔ အဆုံးသတ္ခဲ့ရတာပါ။

ဒါေပမဲ့ ယူ႐ိုၿပိဳင္ပြဲတစ္ေလွ်ာက္ ဂ်ိဳအာခ်င္လိုးရဲ႕ တိုက္စစ္အခင္းအက်င္းက အားနည္းခ်က္ေတြရွိခဲ့ၿပီး ဆာေနးကို ပြဲထြက္အျဖစ္မသုံးခဲ့တာ၊ နာဘရီလို Wide Play အားသန္တဲ့ ေတာင္ပံတိုက္စစ္ကစားသမားကို အေထာင္တိုက္စစ္အျဖစ္ အသုံးျပဳခဲ့တာ၊ အသက္အ႐ြယ္ရလာတဲ့ မူလာကို အားကိုးလြန္းတာေတြေၾကာင့္ အခုလိုအဆင့္နဲ႔သာ ေက်နပ္ခဲ့ရတာပါပဲ။

ဒီပြဲမွာ ဂ်ိဳအာခ်င္လိုးက ခ်ယ္လ္ဆီးတိုက္စစ္အတြဲအဖက္ျဖစ္တဲ့ ဗာနာနဲ႔ ဟားဗက္ဇ္ကို ပြဲထြက္သုံးခဲ့ၿပီး ႏွစ္ေယာက္စလုံးက တိုးအားေကာင္းေပမယ့္ အဆုံးသတ္ပိုင္းအားနည္းတာက ျပႆနာ​​ျဖစ္ေနတာပါ။

ဒါ့အျပင္ ဗာနာဟာ အပိုင္အခြင့္အေရးတစ္ႀကိမ္ရခဲ့ေပမယ့္ အသုံးမခ်ႏိုင္ခဲ့ပါဘူး။

သမိုင္းအစဥ္အလာမွတ္တမ္းဆိုးေတြ အမ်ားႀကီးပိုင္ဆိုင္ထားတဲ့ အဂၤလန္အသင္း ဒီပြဲမွာေတာ့ ကံၾကမၼာေကာင္းေတြ ရရွိခဲ့ၿပီး (၇၅)မိနစ္မွာ လုခ္ေရွာရဲ႕ျဖတ္တင္ေပးမႈကေန စတာလင္က အပိုင္ပိတ္သြင္းယူခဲ့လို႔ ဦးေဆာင္ဂိုးရခဲ့ပါတယ္။

စတာလင္ရဲ႕ ယူ႐ိုသြင္းဂိုးက အခုဆိုရင္ (၃)ဂိုးအထိရွိလာၿပီျဖစ္သလို သူဂိုးသြင္းရင္ အဂၤလန္အသင္းပြဲတိုင္း အႏိုင္ရတဲ့မွတ္တမ္းေကာင္းကို ဆက္ထိန္းထားႏိုင္ဆဲပါပဲ။

ဒုတိယပိုင္းမွာ ဆာကာအစား ဂရီးလစ္ရွ္ဝင္လာၿပီး ဒုတိယဂိုးက သူ ေပးလိုက္တဲ့ေဘာလုံးကို ယူ႐ိုၿပိဳင္ပြဲတစ္ေလွ်ာက္ ဂိုးမိုးေခါင္ေနတဲ့ ဟယ္ရီကိန္းက ေခါင္းတိုက္သြင္းယူၿပီးေတာ့ (၃)ပြဲဆက္ဂိုးေပါက္ေပ်ာက္ေနမႈကို အဆုံးသတ္ခဲ့တယ္။

ဟယ္ရီကိန္းဟာ ႏိုင္ငံတကာၿပိဳင္ပြဲႀကီးေတြမွာ (၇)ဂိုးအထိသြင္းယူႏိုင္ခဲ့တာေၾကာင့္ အဂၤလန္ဂႏၴဝင္တိုက္စစ္မႉး႐ြန္နီရဲ႕ ဂိုးအေရအတြက္နဲ႔ တူညီသြားၿပီး သူ႔ထက္ သြင္းဂိုးပိုမ်ားတာက ရွီးယား(၉ဂိုး)နဲ႔ လိုင္နီကာ (၁၀ဂိုး)တို႔သာရွိပါေတာ့တယ္။

ဒီပြဲမွာ အဂၤလန္ကြင္းလယ္က ဒီကလန္႐ိုက္စ္၊ ကယ္လ္ဗင္ဖိလစ္တို႔ရဲ႕ လုပ္အားႏႈန္းေကာင္းမြန္ခဲ့ၿပီး ႏွစ္ေယာက္စလုံးက တိုက္စစ္လိုက္ပါမႈအားနည္းေပမယ့္ ဂ်ာမနီအသင္းတိုက္စစ္ကို တားဆီးတဲ့အပိုင္းမွာ ေကာင္းမြန္ခဲ့ပါတယ္။

အခုႏိုင္ပြဲေၾကာင့္ အဂၤလန္အသင္းဟာ ၁၉၆၆ ကမာၻ႔ဖလားေနာက္ပိုင္း ႏိုင္ငံတကာၿပိဳင္ပြဲႀကီးေတြရဲ႕ ရႈံးထြက္အဆင့္မွာ ဂ်ာမနီကို တစ္ခါမွမႏိုင္ေသးတဲ့ မွတ္တမ္း၊ ယူ႐ိုၿပိဳင္ပြဲတစ္ေလွ်ာက္ (၅၃)ႏွစ္အတြင္း ရႈံးထြက္အဆင့္ေတြမွာ ရလဒ္မေကာင္းခဲ့တဲ့ မွတ္တမ္းဆိုးေတြကို အဆုံးသတ္ႏိုင္ခဲ့ၿပီး ကြာတားဖိုင္နယ္တက္ေရာက္ခြင့္ရရွိခဲ့ပါတယ္။