ဂျာမနီကို ယူရိုသမိုင်းတစ်လျှောက် အုပ်စုအဖွင့်ပွဲမှာ ပထမဆုံးအကြိမ်ရှုံးပွဲတွေ့အောင် စွမ်းဆောင်ခဲ့တဲ့ပြင်သစ်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

အခုလောလောဆယ်ကစားပြီးခဲ့တဲ့ ယူရို-၂၀၂၀ပွဲတွေထဲမှာ ဒီပွဲက အကောင်းဆုံးလို့တောင်ပြောရမှာပါ။

နှစ်သင်းစလုံးက ကမ္ဘာ့အဆင့်ကစားသမားတွေရဲ့ ခြေစွမ်း၊ နည်းဗျူဟာနဲ့ Skill တွေကြောင့် တကယ့်ကို ကြည့်ကောင်းတဲ့ပွဲတစ်ပွဲလည်း ဖြစ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ရာသီ ချန်ပီယံလိဂ်ပွဲတုန်းက ဘိုင်ယန်နဲ့ PSG ပွဲကို ပြန်ကြည့်နေရသလိုပါပဲ။

၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲနောက်ပိုင်း နိုင်ငံတကာပြိုင်ပွဲကြီးတစ်ခုမှာ ပြင်သစ်အသင်းအတွက် ပထမဆုံးအကြိမ်ပါဝင်ကစားခွင့်ရခဲ့တဲ့

ဝါရင့်တိုက်စစ်မှူးဘန်ဇီမာ ဒီပွဲမှာ ဂိုးသွင်းနိုင်ခဲ့ပေမယ့် ဂိုးဖန်တီးပေးခဲ့တဲ့ ဘာပေ လူကျွံနေလို့ ဘန်ဇီမာရဲ့ လက်ရွေးစင်ကစားသမားဘဝ တစ်ကျော့ပြန်သွင်းဂိုးတွေကို မြင်ရဖို့ အချိန်ထပ်စောင့်ရဦးမယ်။

ပြင်သစ်အသင်းရဲ့ အစုအဖွဲ့က ပြိုင်ဘက်အသင်းတိုင်းထက် ခေါင်းတစ်လုံးပိုသာနေပြီး တစ်ဦးချင်း Skill ကောင်းရုံသာမက Team Work ပိုင်းမှာပါ အားနည်းချက်မရှိလို့ သူတို့ကို တားဆီးနိုင်ဖို့ ခက်နေဦးမှာပဲ။

ပေါ့ဘာကလည်း ပြင်သစ်ကွင်းလယ်ကို အကောင်းဆုံးဦးဆောင်နိုင်ခဲ့ပြီး သူ Through Ball တစ်ကြိမ်ပေးရင် တစ်ကြိမ်ဆိုသလို ထိရောက်ခဲ့တယ်။

ပေါ့ဘာဟာ တိုက်စစ်ကို လွတ်လွတ်လပ်လပ် လိုက်ပါကစားရရင် ခြေစွမ်းပြနိုင်လေ့ရှိပြီး ကွင်းလယ်မှာ ဖျက်အား၊ လိုက်အားကောင်းတဲ့ ကွန်တေ ရှိနေတာကြောင့် ပေါ့ဘာက တိုက်စစ်ကို ကောင်းကောင်းပံပိုးနိုင်ခဲ့တယ်။

ဂျာမနီအသင်းနည်းပြဂျိုအာချင်လိုးဟာ ပြင်သစ်ကွင်းလယ်ကို အသာရဖို့ ၃-၄-၃ ကစားကွက်နဲ့ပွဲထွက်ခဲ့ပြီး တိုက်စစ်မှာ မူလာ၊ ဟားဗတ်စ်၊ နာဘရီတို့ကို တွဲဖက်အသုံးပြုခဲ့ပါတယ်။

ဒါပေမဲ့ Wing Forward ဖြစ်တဲ့ နာဘရီကို တိုက်စစ်မှူးတင်ကစားတာကတော့ မှားယွင်းတယ်လို့ပြောရမှာဖြစ်ပြီး

နာဘရီဟာ တောင်ပံတွေကနေ Space ရှာပြီးလျင်လျင်မြန်မြန် ကစားတတ်တဲ့သူမျိုးဖြစ်လို့ အခုပွဲမှာတော့ Centre Forward နေရာမှာကစားရတာကြောင့် သူ့ရဲ့အကောင်းဆုံးပုံစံကို ပြသခွင်ွမရခဲ့ဘူး။

နောက်ပြီး ခြေစွမ်းက သာမန်ထက်မပိုတဲ့ ဟားဗတ်စ်ကို ပွဲထုတ်ခဲ့တဲ့ ဂျိုအာချင်လိုးရဲ့ ဆုံးဖြတ်ချက်က မေးခွန်းထုတ်စရာပါပဲ။ ဘိုင်ယန်မြူးနစ်တိုက်စစ်အတွဲဖြစ်တဲ့ နာဘရီ၊ မူလာ၊ ဆာနေးတို့ကို သုံးသင့်တယ်လို့လည်းမြင်မိတယ်။

ပြင်သစ်အသင်းမှာတော့ ရာဘီယူဟာ သိသိသာသာကို ခြေစွမ်းပျောက်နေပြီး ဂရစ်ဇ်မန်းရော၊ ဘန်ဇီမာပါ သာမန်ထက်မပိုခဲ့ဘူး။

ဂိုးသွင်းခြေမမှန်ပေမယ့် အသင်းဖော်တွေအတွက် Space ဖန်တီးပေးနိုင်တဲ့ ဂျရူးကို ဒုတိယပိုင်းမှာ လူစားဝင်ကစားခိုင်းမယ်လို့ ထင်မိပေမယ့် နည်းပြဒက်စ်ချမ့်စ်ဟာ ဂျရူးကို အရန်ခုံမှာသာထားခဲ့ပါတယ်။

ဘာပေနဲ့ပေါ့ဘာက ဒီပွဲရဲ့ အကောင်းဆုံးကစားသမားတွေလို့ပြောရမှာဖြစ်ပြီး ဘာပေရဲ့ပြေးအားကြောင့် ဂျာမနီခံစစ်အလုပ်ရှုပ်ခဲ့ရတယ်။ ဘာပေကိုယ်တိုင်လည်း ဂိုးသွင်းခဲ့ပေမယ့် လူကျွံဖြစ်နေလို့ ကံဆိုးခဲ့တယ်။

ပြင်သစ်အသင်းအတွက် ဂိုးကိုတော့ ပထမပိုင်းမိနစ် ၂၀ မှာ ပေါ့ဘာရဲ့အကွက်မြင်မြင် ပို့ပေးလိုက်တဲ့ဘောလုံးကို နောက်ခံလူ ဟာနန်ဒက်စ်က ဆွဲပြေးပြီး ဂိုးရှေ့ပြန်ချိုးပေးတာမှာ ဟမ်းမဲလ်နဲ့ထိပြီးဂိုးဝင်သွားခဲ့တာဖြစ်ပါတယ်။

ဂျာမနီအသင်းရဲ့ ခံစစ်၊ ကွင်းလယ်ကစားပုံက အားရစရာကောင်းပေမယ့် တိုက်စစ်ပုံဖော်တဲ့နေရာမှာ အားနည်းချက်ရှိနေပြီး

နာဘရီရဲ့ Volley ကန်ချက်အပေါ်ထောင်သွားတာကလွဲလို့ပြင်သစ်အသင်းဘက်ကို ကြီးကြီးမားမား ခြိမ်းခြောက်နိုင်တာ မရှိခဲ့ဘူး။

ပြင်သစ်အသင်းက ဂိုးရပြီးနောက်ပိုင်း ဘာပေရဲ့ Speed အားကိုးနဲ့ Counter ကို အဓိက အာရုံစိုက်ကစားခဲ့ပြီး ဘာပေ၊ ဘန်ဇီမာတို့ရဲ့ဂိုးတွေက လူကျွံဘောဖြစ်ခဲ့လို့ ဂျာမနီ ကံကောင်းခဲ့တာပါ။

ဂျိုအာချင်လိုးဟာ ချေပဂိုးရဖို့အတွက် ဗာနာ၊ ဆာနေး၊ ဗော့တ်လန်းတို့ကိုထည့်ပြီး တိုက်စစ်ကစားခဲ့ပေမယ့် ပြင်သစ်အသင်းခံစစ်က ဗာရန်း၊ ကင်ဘာပေတို့ကို မကျော်နိုင်ခဲ့တာကြောင့်

အသင်းသမိုင်းတစ်လျှောက် ယူရိုပြိုင်ပွဲအုပ်စုအဖွင့်ပွဲမှာ ပထမဆုံးအကြိမ်အရှုံးရလဒ်နဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ဂ်ာမနီကို ယူ႐ိုသမိုင္းတစ္ေလွ်ာက္ အုပ္စုအဖြင့္ပြဲမွာ ပထမဆုံးအႀကိမ္ရႈံးပြဲေတြ႕ေအာင္ စြမ္းေဆာင္ခဲ့တဲ့ျပင္သစ္

အခုေလာေလာဆယ္ကစားၿပီးခဲ့တဲ့ ယူ႐ို-၂၀၂၀ပြဲေတြထဲမွာ ဒီပြဲက အေကာင္းဆုံးလို႔ေတာင္ေျပာရမွာပါ။ ႏွစ္သင္းစလုံးက ကမာၻ႔အဆင့္ကစားသမားေတြရဲ႕ ေျခစြမ္း၊ နည္းဗ်ဴဟာနဲ႔ Skill ေတြေၾကာင့္ တကယ့္ကို ၾကည့္ေကာင္းတဲ့ပြဲတစ္ပြဲလည္း ျဖစ္ခဲ့ပါတယ္။ ၿပီးခဲ့တဲ့ရာသီ ခ်န္ပီယံလိဂ္ပြဲတုန္းက ဘိုင္ယန္နဲ႔ PSG ပြဲကို ျပန္ၾကည့္ေနရသလိုပါပဲ။ ၂၀၁၄ ကမာၻ႔ဖလားၿပိဳင္ပြဲေနာက္ပိုင္း ႏိုင္ငံတကာၿပိဳင္ပြဲႀကီးတစ္ခုမွာ ျပင္သစ္အသင္းအတြက္ ပထမဆုံးအႀကိမ္ပါဝင္ကစားခြင့္ရခဲ့တဲ့ ဝါရင့္တိုက္စစ္မႉးဘန္ဇီမာ ဒီပြဲမွာ ဂိုးသြင္းႏိုင္ခဲ့ေပမယ့္ ဂိုးဖန္တီးေပးခဲ့တဲ့ ဘာေပ လူကြၽံေနလို႔ ဘန္ဇီမာရဲ႕ လက္ေ႐ြးစင္ကစားသမားဘဝ တစ္ေက်ာ့ျပန္သြင္းဂိုးေတြကို ျမင္ရဖို႔ အခ်ိန္ထပ္ေစာင့္ရဦးမယ္။

ျပင္သစ္အသင္းရဲ႕ အစုအဖြဲ႕က ၿပိဳင္ဘက္အသင္းတိုင္းထက္ ေခါင္းတစ္လုံးပိုသာေနၿပီး တစ္ဦးခ်င္း Skill ေကာင္း႐ုံသာမက Team Work ပိုင္းမွာပါ အားနည္းခ်က္မရွိလို႔ သူတို႔ကို တားဆီးႏိုင္ဖို႔ ခက္ေနဦးမွာပဲ။ ေပါ့ဘာကလည္း ျပင္သစ္ကြင္းလယ္ကို အေကာင္းဆုံးဦးေဆာင္ႏိုင္ခဲ့ၿပီး သူ Through Ball တစ္ႀကိမ္ေပးရင္ တစ္ႀကိမ္ဆိုသလို ထိေရာက္ခဲ့တယ္။ ေပါ့ဘာဟာ တိုက္စစ္ကို လြတ္လြတ္လပ္လပ္ လိုက္ပါကစားရရင္ ေျခစြမ္းျပႏိုင္ေလ့ရွိၿပီး ကြင္းလယ္မွာ ဖ်က္အား၊ လိုက္အားေကာင္းတဲ့ ကြန္ေတ ရွိေနတာေၾကာင့္ ေပါ့ဘာက တိုက္စစ္ကို ေကာင္းေကာင္းပံပိုးႏိုင္ခဲ့တယ္။ ဂ်ာမနီအသင္းနည္းျပဂ်ိဳအာခ်င္လိုးဟာ ျပင္သစ္ကြင္းလယ္ကို အသာရဖို႔ ၃-၄-၃ ကစားကြက္နဲ႔ပြဲထြက္ခဲ့ၿပီး တိုက္စစ္မွာ မူလာ၊ ဟားဗတ္စ္၊ နာဘရီတို႔ကို တြဲဖက္အသုံးျပဳခဲ့ပါတယ္။

ဒါေပမဲ့ Wing Forward ျဖစ္တဲ့ နာဘရီကို တိုက္စစ္မႉးတင္ကစားတာကေတာ့ မွားယြင္းတယ္လို႔ေျပာရမွာျဖစ္ၿပီး နာဘရီဟာ ေတာင္ပံေတြကေန Space ရွာၿပီးလ်င္လ်င္ျမန္ျမန္ ကစားတတ္တဲ့သူမ်ိဳးျဖစ္လို႔ အခုပြဲမွာေတာ့ Centre Forward ေနရာမွာကစားရတာေၾကာင့္ သူ႔ရဲ႕အေကာင္းဆုံးပုံစံကို ျပသခြင္ြမရခဲ့ဘူး။ ေနာက္ၿပီး ေျခစြမ္းက သာမန္ထက္မပိုတဲ့ ဟားဗတ္စ္ကို ပြဲထုတ္ခဲ့တဲ့ ဂ်ိဳအာခ်င္လိုးရဲ႕ ဆုံးျဖတ္ခ်က္က ေမးခြန္းထုတ္စရာပါပဲ။ ဘိုင္ယန္ျမဴးနစ္တိုက္စစ္အတြဲျဖစ္တဲ့ နာဘရီ၊ မူလာ၊ ဆာေနးတို႔ကို သုံးသင့္တယ္လို႔လည္းျမင္မိတယ္။ ျပင္သစ္အသင္းမွာေတာ့ ရာဘီယူဟာ သိသိသာသာကို ေျခစြမ္းေပ်ာက္ေနၿပီး ဂရစ္ဇ္မန္းေရာ၊ ဘန္ဇီမာပါ သာမန္ထက္မပိုခဲ့ဘူး။ ဂိုးသြင္းေျခမမွန္ေပမယ့္ အသင္းေဖာ္ေတြအတြက္ Space ဖန္တီးေပးႏိုင္တဲ့ ဂ်႐ူးကို ဒုတိယပိုင္းမွာ လူစားဝင္ကစားခိုင္းမယ္လို႔ ထင္မိေပမယ့္ နည္းျပဒက္စ္ခ်မ့္စ္ဟာ ဂ်႐ူးကို အရန္ခုံမွာသာထားခဲ့ပါတယ္။

ဘာေပနဲ႔ေပါ့ဘာက ဒီပြဲရဲ႕ အေကာင္းဆုံးကစားသမားေတြလို႔ေျပာရမွာျဖစ္ၿပီး ဘာေပရဲ႕ေျပးအားေၾကာင့္ ဂ်ာမနီခံစစ္အလုပ္ရႈပ္ခဲ့ရတယ္။ ဘာေပကိုယ္တိုင္လည္း ဂိုးသြင္းခဲ့ေပမယ့္ လူကြၽံျဖစ္ေနလို႔ ကံဆိုးခဲ့တယ္။ ျပင္သစ္အသင္းအတြက္ ဂိုးကိုေတာ့ ပထမပိုင္းမိနစ္ ၂၀ မွာ ေပါ့ဘာရဲ႕အကြက္ျမင္ျမင္ ပို႔ေပးလိုက္တဲ့ေဘာလုံးကို ေနာက္ခံလူ ဟာနန္ဒက္စ္က ဆြဲေျပးၿပီး ဂိုးေရွ႕ျပန္ခ်ိဳးေပးတာမွာ ဟမ္းမဲလ္နဲ႔ထိၿပီးဂိုးဝင္သြားခဲ့တာျဖစ္ပါတယ္။ ဂ်ာမနီအသင္းရဲ႕ ခံစစ္၊ ကြင္းလယ္ကစားပုံက အားရစရာေကာင္းေပမယ့္ တိုက္စစ္ပုံေဖာ္တဲ့ေနရာမွာ အားနည္းခ်က္ရွိေနၿပီး နာဘရီရဲ႕ Volley ကန္ခ်က္အေပၚေထာင္သြားတာကလြဲလို႔ျပင္သစ္အသင္းဘက္ကို ႀကီးႀကီးမားမား ၿခိမ္းေျခာက္ႏိုင္တာ မရွိခဲ့ဘူး။

ျပင္သစ္အသင္းက ဂိုးရၿပီးေနာက္ပိုင္း ဘာေပရဲ႕ Speed အားကိုးနဲ႔ Counter ကို အဓိက အာ႐ုံစိုက္ကစားခဲ့ၿပီး ဘာေပ၊ ဘန္ဇီမာတို႔ရဲ႕ဂိုးေတြက လူကြၽံေဘာျဖစ္ခဲ့လို႔ ဂ်ာမနီ ကံေကာင္းခဲ့တာပါ။ ဂ်ိဳအာခ်င္လိုးဟာ ေခ်ပဂိုးရဖို႔အတြက္ ဗာနာ၊ ဆာေနး၊ ေဗာ့တ္လန္းတို႔ကိုထည့္ၿပီး တိုက္စစ္ကစားခဲ့ေပမယ့္ ျပင္သစ္အသင္းခံစစ္က ဗာရန္း၊ ကင္ဘာေပတို႔ကို မေက်ာ္ႏိုင္ခဲ့တာေၾကာင့္ အသင္းသမိုင္းတစ္ေလွ်ာက္ ယူ႐ိုၿပိဳင္ပြဲအုပ္စုအဖြင့္ပြဲမွာ ပထမဆုံးအႀကိမ္အရႈံးရလဒ္နဲ႔ ရင္ဆိုင္ခဲ့ရပါတယ္။