ဂျာမနီကို ပင်နယ်တီနဲ့ ခြိမ်းခြောက်ချင်တဲ့ ဆောက်ဂိတ်နဲ့ ပစ်ဖို့ဒ်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

အင်္ဂါနေ့မှာတော့ အင်္ဂလန်အသင်းအနေနဲ့ ဝင်ဘာလေကွင်းမှာ ဂျာမနီကို လက်ခံကစားရမှာဖြစ်တာကြောင့် အနိုင်ရဖို့ မျှော်လင့်နေပါတယ်။

အဲဗာတန်ဂိုးသမား ဂျော်ဒန် ပစ်ဖို့ဒ်ဟာ ယူရို၂၀၂၀တွင် ဂျာမနီနဲ့ ၁၆ သင်းအဆင့် ရှုံးထွက်ကစားရာမှာ ပင်နယ်တီကန်မယ့် အနေအထားရောက်လာပါက အံ့အားသင့်ဖွယ် ဝင်ကန်သွားဖို့ စိတ်ကူးထားကြောင်း သိရပါတယ်။

ရှုံးထွက်အဆင့် ဖြစ်တာကြောင့် မိနစ်၉၀ ပြည့်ခါ အချိန်ပို မိနစ် ၃၀ စီ ကန်ရာတွင်လည်း နှစ်သင်းလုံး သရေကျခဲ့ပါက ပင်နယ်တီကန်သွားဖို့ရှိနေပါတယ်။

ပင်နယ်တီအဆုံးအဖြတ်တွင် ဂိုးသမား ပစ်ဖို့ဒ် ဝင်ကန်ဖို့စိတ်ကူးထားပြီး သူက ပင်နယ်တီကန်တာကောင်းတယ်လို့အသင်းဖော် ကယ်ဗင် ဖီးလစ်ကမှတ်ချက်ပြုထားပါတယ်။

နည်းပြ ဆောက်ဂိတ်ကလည်း ယူရို ၂၀၂၀ ပြိုင်ပွဲ မတိုင်မီကတည်းက အင်္ဂလန်အသင်းမှာ ယူရိုပြိုင်ပွဲအတွက်ပင်နယ်တီလေ့ကျင့်လာခဲ့ကြောင်း ပြောကြားကာ ဂျာမနီကိုသတိပေးထားပါတယ်။

ဆောက်ဂိတ်က “နောက်ဆုံးပင်နယ်တီ အဆုံးအဖြတ်နှစ်ကြိမ်နိုင်ထားပါတယ်။

ကျွန်တော်တို့ဟာ ပင်နယ်တီကိုပြိုင်ပွဲမတိုင်မီကတည်းက လေ့ကျင့်ခန်းတစ်ခုအနေနဲ့လုပ်ဆောင်လာခဲ့တာပါ။

အခုအပတ်မှာဆိုရင် အနည်းငယ်ပိုပြီးတော့ အာရုံစိုက်လုပ်ပါတယ်”လို့ပြောထားပါတယ်။

ဆောက်ဂိတ်ဟာ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲတုန်းက ကိုလံဘီယာနှင့် ၁၆သင်းအဆင့်မှာ ပင်နယ်တီအဆုံးဖြတ်ခံယူတုန်းက အနိုင်ရခဲ့ဖူးပါတယ်။

ဒါ့အပြင် ဆောက်ဂိတ်လက်ထက်မှ ာအင်္ဂလန်ဟာ ၂၀၁၉ ခုနှစ် Nation League တတိယနေရာ ပလေးအော့ဖ်တွင် ဆွစ်ဇာလန်ကို ပင်နယ်တီနဲ့နိုင်ခဲ့ဖူးပါတယ်။

အင်္ဂလန်နည်းပြ ဆောက်ဂိတ်အနေနဲ့ ဂျာမနီအသင်းရဲ့ခံစစ်ကို ဖိအားပေးနိုင်ဖို့အတွက် တိုက်စစ်အားပြုတဲ့ က စားဟန်ကို အသုံးပြုဖို့ ရှိနေတယ်လို့လည်း သတင်းတွေက ရေးသားဖော်ပြထားကြပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ဂ်ာမနီကို ပင္နယ္တီနဲ႔ ၿခိမ္းေျခာက္ခ်င္တဲ့ ေဆာက္ဂိတ္နဲ႔ ပစ္ဖို႔ဒ္

အဂၤါေန႔မွာေတာ့ အဂၤလန္အသင္းအေနနဲ႔ ဝင္ဘာေလကြင္းမွာ ဂ်ာမနီကို လက္ခံကစားရမွာျဖစ္တာေၾကာင့္ အႏိုင္ရဖို႔ ေမွ်ာ္လင့္ေနပါတယ္။ အဲဗာတန္ဂိုးသမား ေဂ်ာ္ဒန္ ပစ္ဖို႔ဒ္ဟာ ယူ႐ို၂၀၂၀တြင္ ဂ်ာမနီနဲ႔ ၁၆ သင္းအဆင့္ ရႈံးထြက္ကစားရာမွာ ပင္နယ္တီကန္မယ့္ အေနအထားေရာက္လာပါက အံ့အားသင့္ဖြယ္ ဝင္ကန္သြားဖို႔ စိတ္ကူးထားေၾကာင္း သိရပါတယ္။

ရႈံးထြက္အဆင့္ ျဖစ္တာေၾကာင့္ မိနစ္၉၀ ျပည့္ခါ အခ်ိန္ပို မိနစ္ ၃၀ စီ ကန္ရာတြင္လည္း ႏွစ္သင္းလုံး သေရက်ခဲ့ပါက ပင္နယ္တီကန္သြားဖို႔ရွိေနပါတယ္။ ပင္နယ္တီအဆုံးအျဖတ္တြင္ ဂိုးသမား ပစ္ဖို႔ဒ္ ဝင္ကန္ဖို႔စိတ္ကူးထားၿပီး သူက ပင္နယ္တီကန္တာေကာင္းတယ္လို႔အသင္းေဖာ္ ကယ္ဗင္ ဖီးလစ္ကမွတ္ခ်က္ျပဳထားပါတယ္။ နည္းျပ ေဆာက္ဂိတ္ကလည္း ယူ႐ို ၂၀၂၀ ၿပိဳင္ပြဲ မတိုင္မီကတည္းက အဂၤလန္အသင္းမွာ ယူ႐ိုၿပိဳင္ပြဲအတြက္ပင္နယ္တီေလ့က်င့္လာခဲ့ေၾကာင္း ေျပာၾကားကာ ဂ်ာမနီကိုသတိေပးထားပါတယ္။

ေဆာက္ဂိတ္က “ေနာက္ဆုံးပင္နယ္တီ အဆုံးအျဖတ္ႏွစ္ႀကိမ္ႏိုင္ထားပါတယ္။ ကြၽန္ေတာ္တို႔ဟာ ပင္နယ္တီကိုၿပိဳင္ပြဲမတိုင္မီကတည္းက ေလ့က်င့္ခန္းတစ္ခုအေနနဲ႔လုပ္ေဆာင္လာခဲ့တာပါ။ အခုအပတ္မွာဆိုရင္ အနည္းငယ္ပိုၿပီးေတာ့ အာ႐ုံစိုက္လုပ္ပါတယ္”လို႔ေျပာထားပါတယ္။

ေဆာက္ဂိတ္ဟာ ၂၀၁၈ ကမာၻ႔ဖလားၿပိဳင္ပြဲတုန္းက ကိုလံဘီယာႏွင့္ ၁၆သင္းအဆင့္မွာ ပင္နယ္တီအဆုံးျဖတ္ခံယူတုန္းက အႏိုင္ရခဲ့ဖူးပါတယ္။ ဒါ့အျပင္ ေဆာက္ဂိတ္လက္ထက္မွ ာအဂၤလန္ဟာ ၂၀၁၉ ခုႏွစ္ Nation League တတိယေနရာ ပေလးေအာ့ဖ္တြင္ ဆြစ္ဇာလန္ကို ပင္နယ္တီနဲ႔ႏိုင္ခဲ့ဖူးပါတယ္။

အဂၤလန္နည္းျပ ေဆာက္ဂိတ္အေနနဲ႔ ဂ်ာမနီအသင္းရဲ႕ခံစစ္ကို ဖိအားေပးႏိုင္ဖို႔အတြက္ တိုက္စစ္အားျပဳတဲ့ က စားဟန္ကို အသုံးျပဳဖို႔ ရွိေနတယ္လို႔လည္း သတင္းေတြက ေရးသားေဖာ္ျပထားၾကပါတယ္။