ဂျာကာ ရဲ့ မဟာအမှားကြောင့် သရေ ( ၁ ) မှတ်သာ ရယူနိုင်ခဲ့တဲ့ အာဆင်နယ်အသင်း

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

အာဆင်နယ်အသင်းဟာ ဂရင်းနစ် ဂျာကာရဲ့ ဆိုးရွားလှတဲ့ မဟာအမှားကနေ ဘန်လေအသင်းကို ချေပဂိုးခွင့်ပြုခဲ့ရပြီး Turf Moor မှာ သရေရလာဒ်သာ ရရှိခဲ့ပါတယ်။ ဂန်းနားတို့ဟာ ပွဲကစားချိန် အစောပိုင်းမှာ အူဘာမီယန်း ရယူခဲ့တဲ့ သွင်းဂိုးနဲ့အတူ ( ၁ – ၀ ) ဦးဆောင်ထားနိုင်ခဲ့ပေမယ့် ပထမပိုင်း မပြီးဆုံးခင်မှာပဲ ဂျာကာရဲ့ အမှားကနေ ချေပဂိုးပြန်လည်ခွင့်ပြုခဲ့ရပါတယ်။

ဆွစ်ဇာလန် လက်ရွေးစင်ကစားသမားဟာ ပင်နယ်တီ ဧရိယာထဲမှာ ဖိအားအောက် ကျရောက်နေခဲ့တဲ့ ဂိုးသမား လီနိုရဲ့ ပေးပို့မှုကို လက်ခံရရှိခဲ့ပြီး နေရာယူမှုပုံစံမှားယွင်းနေခဲ့တဲ့အတွက် ပြိုင်ဘက် ကစားသမား ခရစ်ဝုဒ်ထံ ပေးပို့မိခဲ့ပါတယ်။ အဲ့ဒီနောက် နယူးဇီလန်တိုက်စစ်မှူးက ဘယ်သူမှမရှိတဲ့ ဂိုးပေါက်ထဲကို ပိတ်သွင်းပြီး အဖိုးတန်ချေပဂိုး ရယူပေးခဲ့ပါတယ်။

ဂျာကာဟာ ဘန်လေနဲ့ ပွဲစဥ်တွေမှာ ပုံမှန်ခြေစွမ်းပျောက်ဆုံးလေ့ရှိပြီး အာဆင်နယ်ကစားသမားဘဝအတွင်း Sean Dyche ရဲ့ အသင်းနဲ့ တွေ့ဆုံရာမှာ ( ၂ ) ကြိမ်ထိ ထုတ်ပယ်ခြင်းခံခဲ့ရပါတယ်။

ဒါ့အပြင် ဂျာကာဟာ ( ၂၀၁၆ – ၁၇ ) ဘောလုံးရာသီကနေ လက်ရှိအချိန်ထိ သွင်းဂိုးဖြစ်ပေါ်စေတဲ့ အမှားတွေ အများဆုံး ကျူးလွန်ထားတဲ့ ကစားသမားဖြစ်ပြီး ပြိုင်ဘက်အသင်းကို ( ၈ ) ဂိုးထိ ဖန်တီးပေးခဲ့ပါတယ်။ အာဆင်နယ်အသင်းဟာ လက်ရှိမှာ ပရီးမီးယားလိဂ် ( ၂၇ ) ပွဲကစားထားပြီး ရမှတ် ( ၃၈ ) မှတ်နဲ့ အမှတ်ပေးဇယား အဆင့် ( ၁၀ ) နေရာမှာ ရပ်တည်နေပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ဂ်ာကာ ရဲ႕ မဟာအမွားေၾကာင့္ သေရ ( ၁ ) မွတ္သာ ရယူႏိုင္ခဲ့တဲ့ အာဆင္နယ္အသင္း

အာဆင္နယ္အသင္းဟာ ဂရင္းနစ္ ဂ်ာကာရဲ႕ ဆိုး႐ြားလွတဲ့ မဟာအမွားကေန ဘန္ေလအသင္းကို ေခ်ပဂိုးခြင့္ျပဳခဲ့ရၿပီး Turf Moor မွာ သေရရလာဒ္သာ ရရွိခဲ့ပါတယ္။

ဂန္းနားတို႔ဟာ ပြဲကစားခ်ိန္ အေစာပိုင္းမွာ အူဘာမီယန္း ရယူခဲ့တဲ့ သြင္းဂိုးနဲ႔အတူ ( ၁ – ၀ ) ဦးေဆာင္ထားႏိုင္ခဲ့ေပမယ့္ ပထမပိုင္း မၿပီးဆုံးခင္မွာပဲ ဂ်ာကာရဲ႕ အမွားကေန ေခ်ပဂိုးျပန္လည္ခြင့္ျပဳခဲ့ရပါတယ္။

ဆြစ္ဇာလန္ လက္ေ႐ြးစင္ကစားသမားဟာ ပင္နယ္တီ ဧရိယာထဲမွာ ဖိအားေအာက္ က်ေရာက္ေနခဲ့တဲ့ ဂိုးသမား လီႏိုရဲ႕ ေပးပို႔မႈကို လက္ခံရရွိခဲ့ၿပီး ေနရာယူမႈပုံစံမွားယြင္းေနခဲ့တဲ့အတြက္ ၿပိဳင္ဘက္ ကစားသမား ခရစ္ဝုဒ္ထံ ေပးပို႔မိခဲ့ပါတယ္။ အဲ့ဒီေနာက္ နယူးဇီလန္တိုက္စစ္မႉးက ဘယ္သူမွမရွိတဲ့ ဂိုးေပါက္ထဲကို ပိတ္သြင္းၿပီး အဖိုးတန္ေခ်ပဂိုး ရယူေပးခဲ့ပါတယ္။

ဂ်ာကာဟာ ဘန္ေလနဲ႔ ပြဲစဥ္ေတြမွာ ပုံမွန္ေျခစြမ္းေပ်ာက္ဆုံးေလ့ရွိၿပီး အာဆင္နယ္ကစားသမားဘဝအတြင္း Sean Dyche ရဲ႕ အသင္းနဲ႔ ေတြ႕ဆုံရာမွာ ( ၂ ) ႀကိမ္ထိ ထုတ္ပယ္ျခင္းခံခဲ့ရပါတယ္။ ဒါ့အျပင္ ဂ်ာကာဟာ ( ၂၀၁၆ – ၁၇ ) ေဘာလုံးရာသီကေန လက္ရွိအခ်ိန္ထိ သြင္းဂိုးျဖစ္ေပၚေစတဲ့ အမွားေတြ အမ်ားဆုံး က်ဴးလြန္ထားတဲ့ ကစားသမားျဖစ္ၿပီး ၿပိဳင္ဘက္အသင္းကို ( ၈ ) ဂိုးထိ ဖန္တီးေပးခဲ့ပါတယ္။ အာဆင္နယ္အသင္းဟာ လက္ရွိမွာ ပရီးမီးယားလိဂ္ ( ၂၇ ) ပြဲကစားထားၿပီး ရမွတ္ ( ၃၈ ) မွတ္နဲ႔ အမွတ္ေပးဇယား အဆင့္ ( ၁၀ ) ေနရာမွာ ရပ္တည္ေနပါတယ္။