ဂျရတ်လို ကြီးကျယ်တဲ့ခေါင်းဆောင်မျိုး အာဆင်နယ်အသင်း လိုအပ်နေတာလို့ ပီတစ် တိုက်တွန်း

Photo Credit

Photo Credit

အာဆင်နယ်ဂန္ထဝင်ကစားသမား အီမန်နူရယ်ပီတစ်က အာဆင်နယ်အသင်းကနေ နည်းပြအမ်မရီထွက်ခွာဖို့ အချိန်တန်နေပြီဖြစ်ကြောင်းနဲ့ အမ်းမရိတ်စ်သင်္ဘောကို တည်ငြိမ်စွာခုတ်မောင်းနိုင်ရေးအတွက် ကပ္ပတိန်အဖြစ် ရိန်းဂျားစ်နည်းပြ စတီဗင်ဂျရတ်ကို မိမိထောက်ခံကြောင်း ဆိုပါတယ်။

Photo Credit

အာဆင်နယ်အသင်းဟာ ပြိုင်ပွဲစုံနောက်ဆုံး ၆ပွဲဆက်နိုင်ပွဲပျောက်နေပြီး ကာရာဘောင်ဖလားပြိုင်ပွဲကနေ ထွက်ခဲ့ရပြီးဖြစ်သလို ပရီးမီးယားလိဂ်မှာလည်း အဆင့် ၆နေရာရောက်နေလို့ နည်းပြအမ်မရီလည်း ဖိအားတွေနဲ့ ရင်ဆိုင်နေရပါတယ်။

Photo Credit

အာဆင်နယ်ဟာ စနေညက လက်စတာကို ၂-၀ ဂိုးနဲ့အရေးနိမ့်ခဲ့ပြီးနောက် ချန်ပီယံလိဂ်ဝင်ခွင့်ရနောက်ဆုံးနေရာဖြစ်တဲ့ အဆင့် ၄နေရာက စီးတီးနဲ့ ၈ မှတ်အထိကွာဟနေပြီး ပရိသတ်တချို့နဲ့ ဘောလုံးရေးရာကျွမ်းကျင်သူအများစုက ၂၀၁၈ နွေရာသီက အသင်းကို ရောက်ရှိလာချိန်ကတည်းက သိသာထင်ရှားတဲ့တိုးတက်မှုမရသေးတဲ့ အမ်မရီလည်း အသင်းနဲ့လမ်းခွဲချိန်တန်ပြီလို့ ခံစားနေကြပါတယ်။

Photo Credit

အဲဒီအထဲမှာ ပြင်သစ်သားပီတစ်လည်း ပါဝင်ပြီး ရိန်းဂျားစ်အသင်းကို စကော့တလန်မှာ ချန်ပီယံလုဘက်အသင်းအဖြစ် ပြန်လည်ရပ်တည်စေနိုင်ခဲ့တဲ့ လီဗာပူးအသင်းခေါင်းဆောင်ဟောင်း ဂျရတ်ကို အမ်မရီရဲ့နေရာမှာ အစားထိုးသင့်တယ်လို့ တိုက်တွန်းခဲ့ပါတယ်။

Photo Credit

”အခုချိန်မှာ အာဆင်နယ်အသင်းက ကြီးကျယ်တဲ့ခေါင်းဆောင်လိုအပ်နေပါတယ်။ စိတ်ခံစားမှုတွေ ပြန်ရအောင် ယူလာပေးမယ့်သူမျိုး၊ ကစားသမားတွေရဲ့လေးစားခံရသူမျိုး၊ အသင်းကို စွမ်းအင်တွေ၊ စိတ်ဓာတ်ခိုင်မာမှုတွေ ပြန်လည်ဖြည့်ဆည်းပေးမယ့်သူမျိုး လိုအပ်နေပါတယ်။ ဥပမာအားဖြင့် ဂျရတ်လိုမျိုးပေါ့”လို့ ပီတစ်က ပြောပါတယ်။

Photo Credit

ပီတစ်က အာဆင်နယ်အသင်းသားအများစုဟာ အမ်မရီနဲ့ပတ်သက်လို့ လက်လျှော့လိုက်ပြီဖြစ်ကြောင်း၊ အသင်းအနေနဲ့ မှန်ကန်တဲ့လမ်းကြောင်းပေါ် ရောက်ဖို့ နည်းပြအပြောင်းအလဲပြုလုပ်သင့်ပြီဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

Photo Credit

”အာဆင်နယ်ကနေ အမ်မရီထွက်ခွာဖို့ အချိန်ရောက်ပြီလို့ထင်ပါတယ်။ ရလဒ်တွေက ကောင်းမှမကောင်းတာ။ ဝင်းဂါးက ဒီအသင်းကို နှစ်ပေါင်း ၂၀ကြာ တည်ဆောက်ခဲ့ပြီး အခုတော့ လက်ရှိအသင်းက ဘာဖန်တီးမှုမှမရှိ၊ ဘာလှုံ့ဆော်မှုမှမရှိပါဘူး”လို့ ပီတစ်က ဆက်ပြောပါတယ်။

Photo Credit ; Getty Images

Zawgyi

ဂ်ရတ္လို ႀကီးက်ယ္တဲ့ေခါင္းေဆာင္မ်ိဳး အာဆင္နယ္အသင္း လုိအပ္ေနတာလုိ႔ ပီတစ္ တုိက္တြန္း

အာဆင္နယ္ဂႏၳ၀င္ကစားသမား အီမန္ႏူရယ္ပီတစ္က အာဆင္နယ္အသင္းကေန နည္းျပအမ္မရီထြက္ခြာဖုိ႔ အခ်ိန္တန္ေနၿပီျဖစ္ေၾကာင္းနဲ႔ အမ္းမရိတ္စ္သေဘၤာကို တည္ၿငိမ္စြာခုတ္ေမာင္းႏိုင္ေရးအတြက္ ကပၸတိန္အျဖစ္ ရိန္းဂ်ားစ္နည္းျပ စတီဗင္ဂ်ရတ္ကို မိမိေထာက္ခံေၾကာင္း ဆုိပါတယ္။
အာဆင္နယ္အသင္းဟာ ၿပိဳင္ပြဲစုံေနာက္ဆုံး ၆ပြဲဆက္ႏိုင္ပြဲေပ်ာက္ေနၿပီး ကာရာေဘာင္ဖလားၿပိဳင္ပဲြကေန ထြက္ခဲ့ရၿပီးျဖစ္သလို ပရီးမီးယားလိဂ္မွာလည္း အဆင့္ ၆ေနရာေရာက္ေနလုိ႔ နည္းျပအမ္မရီလည္း ဖိအားေတြနဲ႔ ရင္ဆုိင္ေနရပါတယ္။
အာဆင္နယ္ဟာ စေနညက လက္စတာကို ၂-၀ ဂိုးနဲ႔အေရးနိမ့္ခဲ့ၿပီးေနာက္ ခ်န္ပီယံလိဂ္၀င္ခြင့္ရေနာက္ဆုံးေနရာျဖစ္တဲ့ အဆင့္ ၄ေနရာက စီးတီးနဲ႔ ၈ မွတ္အထိကြာဟေနၿပီး ပရိသတ္တခိ်ဳ႕နဲ႔ ေဘာလုံးေရးရာကၽြမ္းက်င္သူအမ်ားစုက ၂၀၁၈ ေႏြရာသီက အသင္းကို ေရာက္ရိွလာခ်ိန္ကတည္းက သိသာထင္ရွားတဲ့တုိးတက္မႈမရေသးတဲ့ အမ္မရီလည္း အသင္းနဲ႔လမ္းခြဲခ်ိန္တန္ၿပီလုိ႔ ခံစားေနၾကပါတယ္။
အဲဒီအထဲမွာ ျပင္သစ္သားပီတစ္လည္း ပါ၀င္ၿပီး ရိန္းဂ်ားစ္အသင္းကို စေကာ့တလန္မွာ ခ်န္ပီယံလုဘက္အသင္းအျဖစ္ ျပန္လည္ရပ္တည္ေစႏိုင္ခဲ့တဲ့ လီဗာပူးအသင္းေခါင္းေဆာင္ေဟာင္း ဂ်ရတ္ကို အမ္မရီရဲ႕ေနရာမွာ အစားထိုးသင့္တယ္လုိ႔ တုိက္တြန္းခဲ့ပါတယ္။
”အခုခ်ိန္မွာ အာဆင္နယ္အသင္းက ႀကီးက်ယ္တဲ့ေခါင္းေဆာင္လိုအပ္ေနပါတယ္။ စိတ္ခံစားမႈေတြ ျပန္ရေအာင္ ယူလာေပးမယ့္သူမ်ိဳး၊ ကစားသမားေတြရဲ႕ေလးစားခံရသူမ်ိဳး၊ အသင္းကို စြမ္းအင္ေတြ၊ စိတ္ဓာတ္ခုိင္မာမႈေတြ ျပန္လည္ျဖည့္ဆည္းေပးမယ့္သူမ်ိဳး လိုအပ္ေနပါတယ္။ ဥပမာအားျဖင့္ ဂ်ရတ္လုိမ်ိဳးေပါ့”လုိ႔ ပီတစ္က ေျပာပါတယ္။
ပီတစ္က အာဆင္နယ္အသင္းသားအမ်ားစုဟာ အမ္မရီနဲ႔ပတ္သက္လုိ႔ လက္ေလွ်ာ့လုိက္ၿပီျဖစ္ေၾကာင္း၊ အသင္းအေနနဲ႔ မွန္ကန္တဲ့လမ္းေၾကာင္းေပၚ ေရာက္ဖုိ႔ နည္းျပအေျပာင္းအလဲျပဳလုပ္သင့္ၿပီျဖစ္ေၾကာင္း ေျပာၾကားခဲ့ပါတယ္။
”အာဆင္နယ္ကေန အမ္မရီထြက္ခြာဖို႔ အခ်ိန္ေရာက္ၿပီလုိ႔ထင္ပါတယ္။ ရလဒ္ေတြက ေကာင္းမွမေကာင္းတာ။ ၀င္းဂါးက ဒီအသင္းကို ႏွစ္ေပါင္း ၂၀ၾကာ တည္ေဆာက္ခဲ့ၿပီး အခုေတာ့ လက္ရွိအသင္းက ဘာဖန္တီးမႈမွမရွိ၊ ဘာလႈံ႕ေဆာ္မႈမွမရွိပါဘူး”လုိ႔ ပီတစ္က ဆက္ေျပာပါတယ္။