ဂျပန်သားမီနာမီနိုရဲ့ပရီးမီးယားလိဂ်ပွဲဦးထွက်ခြေစွမ်းကို ချီးကျူးလိုက်တဲ့ ကလော့ပ်

photo-gettyimages

photo-gettyimages

သူ့အတွက် ခက်ခဲတဲ့ပရီးမီးယားလိဂ်ပွဲဦးထွက်မှာ ဝင်ရောက်ကစားခဲ့ပြီးနောက် အသင်းကစားသမားသစ်ဖြစ်တဲ့ ဂျပန်သားမီနာမီနိုကို လီဗာပူးနည်းပြဂျာဂင်ကလော့ပ်က ချီးကျူးလိုက်ပါတယ်။ အဲဒီဂျပန်လက်ရွေးစင်ကစားသမားဟာ ဝုဗ်ကို ၂-၁ ဂိုးနဲ့အနိုင်ရခဲ့တဲ့ မနေ့ညပရီးမီးယားလိဂ်ပွဲစဉ်မှာ ပွဲချိန် ၃၃ မိနစ်အရောက် ဒဏ်ရာရသွားတဲ့ တိုက်စစ်မှုးမာနီအစား လူစားဝင်ကစားခွင့်ရခဲ့တာပါ။ အခုလအစမှာ ဆဲလ်ဘတ်ကနေ ပေါင် ၂.၇၅ သန်းနဲ့ရောက်လာပြီးတဲ့နောက် မီနာမီနိုရဲ့ပထမဆုံးပရီးမီးယားလိဂ်အတွေ့အကြုံလည်း ဖြစ်ခဲ့ပါတယ်။

photo-gettyimages

မီနာမီနိုဟာ လီဗာပူးရဲ့ဘယ်ခြမ်းတိုက်စစ်မှာ overlap တက်ကစားတဲ့ရောဘတ်ဆန်နဲ့ နားလည်မှုရှိတဲ့ လက္ခဏာအချို့ကိုလည်း တွေ့ခဲ့ရပါတယ်။ ဒါပေမဲ့ ဒုတိယပိုင်းမှာ ကွင်းလယ်ရဲ့ညာခြမ်းနေရာကို ပြောင်းသွားပြီးတဲ့နောက် သူ့အတွက် ပိုခက်ခဲသွားခဲ့ပါတယ်။ ဒါပေမဲ့ သူ့ရဲ့နေရာစုံကစားနိုင်မှုကြောင့် လက်ကျန်ရာသီတစ်ခုလုံးမှာ အသုံးဝင်မှာပါ။ အထူးသဖြင့် မာနီသာဒဏ်ရာကြောင့် နားနေရမယ်ဆိုရင်ပေါ့လေ။ ကလော့ပ်ကလည်း ၂၅ နှစ်အရွယ် မီနာမီနိုရဲ့နေရာစုံကစားနိုင်မှုအရည်အသွေးကိုပဲ အဓိကချီးကျူးသွားခဲ့တာပါ။

photo-gettyimages

”ဒီပွဲမှာ ကျွန်တော်တို့ ပုံမှန်ထက် အနည်းငယ်ကွဲပြားပြီး ကစားခဲ့ပါတယ်။ ၄-၄-၂ ပုံစံနဲ့ ခံစစ်ကစားခဲ့ပေမယ့် တိုက်စစ်ဆင်ရင်တော့ ပုံမှန်ကစားကွက်အတိုင်းပါပဲ။ မီနာမီနိုဟာ ကျွန်တော်တို့နဲ့ ၂ ပတ် ၃ ကြာလေ့ကျင့်ခဲ့ပြီး အခုဆိုရင် နေရာမျိုးစုံမှာ ကစားနေတာပါ။ အက်ဖ်အေဖလားပွဲတုန်းက ဗဟိုနေရာမှာ သူကစားခဲ့ပြီး  ဘယ်ခြမ်းရော ညာခြမ်းပါကစားနိုင်လို့ ကျွန်တော်တို့ သူ့ကို လိုအပ်ပါတယ်။ ဒါပေမဲ့ သူဟာ ဒီနေရာမှာ တောင်ပံသမားတစ်ယောက် မဟုတ်ပါဘူး။ လိုင်းတွေကြားထဲမှာ ကစားတဲ့ ပလေယာတစ်ယောက်ပါ။ သူ့အတွက် တကယ်ခက်ခဲတဲ့ပွဲတစ်ပွဲလည်း ဖြစ်ခဲ့ပါတယ်။ ပထမပိုင်းပြီးချိန် သူဒဏ်ရာရသွားပြီး နည်းနည်းလေးကုသမှုခံရပြီးနောက် သူဆက်ကစားနိုင်ခဲ့ပါတယ်။ သူ့ရဲ့ပထမဆုံးပရီးမီးယားလိဂ်ပွဲအတွက်ဆိုရင်တော့ သူ တကယ်ကိုကောင်းကောင်းလုပ်နိုင်ခဲ့တာပါ။ အသင်းနဲ့လည်း လုံးဝကို ဘက်ပေါင်းစုံကနေ ပေါင်းစပ်ကစားနိုင်ခဲ့ပါတယ်”လို့ ဝုဗ်နဲ့ပွဲအပြီးမှာ ကလော့ပ်က ပြောသွားခဲ့တာပါ။

[Zawgyi]

ဂ်ပန္သားမီနာမီႏိုရဲ႕ပရီးမီးယားလိဂ္ပြဲဦးထြက္ေျခစြမ္းကို ခ်ီးက်ဴးလိုက္တဲ့ ကေလာ့ပ္

သူ႔အတြက္ ခက္ခဲတဲ့ပရီးမီးယားလိဂ္ပြဲဦးထြက္မွာ ၀င္ေရာက္ကစားခဲ့ၿပီးေနာက္ အသင္းကစားသမားသစ္ျဖစ္တဲ့ ဂ်ပန္သားမီနာမီႏိုကို လီဗာပူးနည္းျပဂ်ာဂင္ကေလာ့ပ္က ခ်ီးက်ဴးလိုက္ပါတယ္။ အဲဒီဂ်ပန္လက္ေရြးစင္ကစားသမားဟာ ၀ုဗ္ကို ၂-၁ ဂိုးနဲ႔အႏိုင္ရခဲ့တဲ့ မေန႔ညပရီးမီးယားလိဂ္ပြဲစဥ္မွာ ပြဲခ်ိန္ ၃၃ မိနစ္အေရာက္ ဒဏ္ရာရသြားတဲ့ တိုက္စစ္မႈးမာနီအစား လူစား၀င္ကစားခြင့္ရခဲ့တာပါ။ အခုလအစမွာ ဆဲလ္ဘတ္ကေန ေပါင္ ၂.၇၅ သန္းနဲ႔ေရာက္လာၿပီးတဲ့ေနာက္ မီနာမီႏိုရဲ႕ပထမဆုံးပရီးမီးယားလိဂ္အေတြ႕အႀကဳံလည္း ျဖစ္ခဲ့ပါတယ္။

မီနာမီႏိုဟာ လီဗာပူးရဲ႕ဘယ္ျခမ္းတိုက္စစ္မွာ overlap တက္ကစားတဲ့ေရာဘတ္ဆန္နဲ႔ နားလည္မႈရွိတဲ့ လကၡဏာအခ်ိဳ႕ကိုလည္း ေတြ႕ခဲ့ရပါတယ္။ ဒါေပမဲ့ ဒုတိယပိုင္းမွာ ကြင္းလယ္ရဲ႕ညာျခမ္းေနရာကို ေျပာင္းသြားၿပီးတဲ့ေနာက္ သူ႔အတြက္ ပိုခက္ခဲသြားခဲ့ပါတယ္။ ဒါေပမဲ့ သူ႔ရဲ႕ေနရာစုံကစားႏုိင္မႈေၾကာင့္ လက္က်န္ရာသီတစ္ခုလုံးမွာ အသုံး၀င္မွာပါ။ အထူးသျဖင့္ မာနီသာဒဏ္ရာေၾကာင့္ နားေနရမယ္ဆိုရင္ေပါ့ေလ။ ကေလာ့ပ္ကလည္း ၂၅ ႏွစ္အရြယ္ မီနာမီႏိုရဲ႕ေနရာစုံကစားႏိုင္မႈအရည္အေသြးကိုပဲ အဓိကခ်ီးက်ဴးသြားခဲ့တာပါ။

”ဒီပြဲမွာ ကၽြန္ေတာ္တို႔ ပုံမွန္ထက္ အနည္းငယ္ကြဲျပားၿပီး ကစားခဲ့ပါတယ္။ ၄-၄-၂ ပုံစံနဲ႔ ခံစစ္ကစားခဲ့ေပမယ့္ တုိက္စစ္ဆင္ရင္္ေတာ့ ပုံမွန္ကစားကြက္အတိုင္းပါပဲ။ မီနာမီႏိုဟာ ကၽြန္ေတာ္တို႔နဲ႔ ၂ ပတ္ ၃ ၾကာေလ့က်င့္ခဲ့ၿပီး အခုဆုိရင္ ေနရာမ်ိဳးစုံမွာ ကစားေနတာပါ။ အက္ဖ္ေအဖလားပြဲတုန္းက ဗဟိုေနရာမွာ သူကစားခဲ့ၿပီး  ဘယ္ျခမ္းေရာ ညာျခမး္ပါကစားႏိုင္လို႔ ကၽြန္ေတာ္တို႔ သူ႔ကို လိုအပ္ပါတယ္။ ဒါေပမဲ့ သူဟာ ဒီေနရာမွာ ေတာင္ပံသမားတစ္ေယာက္ မဟုတ္ပါဘူး။ လိုင္းေတြၾကားထဲမွာ ကစားတဲ့ ပေလယာတစ္ေယာက္ပါ။ သူ႔အတြက္ တကယ္ခက္ခဲတဲ့ပြဲတစ္ပြဲလည္း ျဖစ္ခဲ့ပါတယ္။ ပထမပိုင္းၿပီးခ်ိန္ သူဒဏ္ရာရသြားၿပီး နည္းနည္းေလးကုသမႈခံရၿပီးေနာက္ သူဆက္ကစားႏုိင္ခဲ့ပါတယ္။ သူ႔ရဲ႕ပထမဆုံးပရီးမီးယားလိဂ္ပြဲအတြက္ဆိုရင္ေတာ့ သူ တကယ္ကိုေကာင္းေကာင္းလုပ္ႏိုင္ခဲ့တာပါ။ အသင္းနဲ႔လည္း လုံး၀ကို ဘက္ေပါင္းစုံကေန ေပါင္းစပ္ကစားႏုိင္ခဲ့ပါတယ္”လို႔ ၀ုဗ္နဲ႔ပြဲအၿပီးမွာ ကေလာ့ပ္က ေျပာသြားခ့ဲတာပါ။