ဂျပန်လေးရဲ့ ခြေစွမ်းကို မကြိုက်တော့တာကြောင့် အပြီးရောင်းတော့မယ့် လီဗာပူး

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

လီဗာပူး အသင်းဟာ ဂျပန်ကွင်းလယ်တိုက်စစ်ကစားသမားမီနာမီနိုကို လာမယ့်နွေရာသီမှာ ဆောက်သမ်တန်အသင်းဆီ အပြီးသတ်ရောင်းချဖို့ အသင့်ဖြစ်နေပြီလို့ သိရပါတယ်။ မီနာမီနိုဟာ ပြီးခဲ့တဲ့ ဇန်နဝါရီအပြောင်းအရွှေ့က သြစတြီးယားကလပ် ဆောဘတ်အသင်းကနေ လီဗာပူးကို ပြောင်းရွှေ့လာခဲ့တာပါ။ မီနာမီနိုဟာ လီဗာပူးကို တောက်ပစေမယ့်သူတစ်ယောက်အဖြစ် သတ်မှတ်ခံခဲ့ရပေမယ့် ဆာလတ်၊ မာနေး၊ ဖာမီနိုတို့ရှိနေခဲ့တဲ့ တိုက်စစ်မှာတိုးမပေါက်ဖြစ်ခဲ့ရပါတယ်။

ဒါကြောင့် မီနာမီနိုရဲ့ ခြေစွမ်းကို အထင်ကြီးကာ မြင့်မားတဲ့ပြောင်းရွှေ့ကြေးပေးချေပြီး ဝယ်ယူခဲ့မိတဲ့ လီဗာပူးဟာ အခြေအနေမဟန်မှန်း ရိပ်မိချိန်မှာ ဂျပန်ကောင်လေးကို ဆောက်သမ်တန်ထံ ရာသီကုန်အထိ အငှားနဲ့စေလွတ်ခဲ့တာပါ။ လက်ရှိမှာ မီနာမီနိုက ဆောက်သမ်တန်အတွက် သွင်းဂိုးနှစ်ဂိုးအထိ ရရှိထားပြီးဖြစ်ကာ ခြေစွမ်းပြသနေပါတယ်။

နယူးကာဆယ်၊ ဝုလ်၊ ချယ်လ်ဆီးတို့နဲ့ပွဲတွေမှာ မီနာမီနိုပါဝင်ကစားခွင့်ရရှိခဲ့ပြီး လီဗာပူးမှာထက် ပိုမိုကစားခွင့်ရရှိနေခဲ့တာလည်းဖြစ်ပါတယ်။ ဆောက်သမ်တန်နည်းပြဟာဆန်ဟူတယ်ကလည်း ဂျပန်ကစားသမားရဲ့ခြေစွမ်းကို သဘောကျနေပြီး အပြီးသတ်ခေါ်ယူဖို့ရာ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ လီဗာပူး ဝိတ်လျှော့ဖို့ ဆုံးဖြတ်ထားရင်တော့ ဂျပန်သားကြီး ဧည့်သည်အဖြစ်ကနေ တည်မြဲကစားသမားဘ၀ ရောက်ရတော့မှာပါ။

တစ်ဖက်မှာတော့ လီဗာပူးအနေနဲ့ ပြီးခဲ့တဲ့ရာသီတုန်းကလို ခြေစွမ်းမျိုးပြသဖို့ မလွယ်ကူဖြစ်နေပြီး ပရီးမီးယားလိဂ်ဖလားကို ကာကွယ်နိုင်ခွင့်လည်း ဆုံးရှုံးခဲ့ရပြီဖြစ်ပါတယ်။ အဆင့်လေးအတွင်းဝင်နိုင်ဖို့အတွက်ကိုသာ အားထုတ်ရဖို့ရှိနေပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ဂ်ပန္​ေလးရဲ႕ ​ေျခစြမ္းကို မႀကိဳက္​ေတာ့တာ​ေၾကာင့္ အၿပီး​ေရာင္း​ေတာ့မယ့္ လီဗာပူး

လီဗာပူး အသင္းဟာ ဂ်ပန္ကြင္းလယ္တိုက္စစ္ကစားသမားမီနာမီႏိုကို လာမယ့္ေႏြရာသီမွာ ေဆာက္သမ္တန္အသင္းဆီ အၿပီးသတ္ေရာင္းခ်ဖို႔ အသင့္ျဖစ္ေနၿပီလို႔ သိရပါတယ္။

မီနာမီႏိုဟာ ၿပီးခဲ့တဲ့ ဇန္နဝါရီအေျပာင္းအေ႐ႊ႕က ၾသစႀတီးယားကလပ္ ေဆာဘတ္အသင္းကေန လီဗာပူးကို ေျပာင္းေ႐ႊ႕လာခဲ့တာပါ။ မီနာမီႏိုဟာ လီဗာပူးကို ေတာက္ပ​ေစမယ့္သူတစ္ေယာက္အျဖစ္ သတ္မွတ္ခံခဲ့ရေပမယ့္ ဆာလတ္၊ မာေနး၊ ဖာမီႏိုတို႔ရွိေနခဲ့တဲ့ တိုက္စစ္မွာတိုးမေပါက္ျဖစ္ခဲ့ရပါတယ္။ ဒါ​ေၾကာင့္ မီနာမီႏိုရဲ႕ ေျခစြမ္းကို အထင္ႀကီးကာ ျမင့္မားတဲ့ေျပာင္းေ႐ႊ႕ေၾကးေပးေခ်ၿပီး ဝယ္ယူခဲ့မိတဲ့ လီဗာပူးဟာ အ​ေျခအ​ေနမဟန္မွန္း ရိပ္မိခ်ိန္မွာ ဂ်ပန္​ေကာင္​ေလးကို ေဆာက္သမ္တန္ထံ ရာသီကုန္အထိ အငွားနဲ႔ေစလြတ္ခဲ့တာပါ။

လက္ရွိမွာ မီနာမီႏိုက ေဆာက္သမ္တန္အတြက္ သြင္းဂိုးႏွစ္ဂိုးအထိ ရရွိထားၿပီးျဖစ္ကာ ေျခစြမ္းျပသေနပါတယ္။ နယူးကာဆယ္၊ ဝုလ္၊ ခ်ယ္လ္ဆီးတို႔နဲ႔ပြဲေတြမွာ မီနာမီႏိုပါဝင္ကစားခြင့္ရရွိခဲ့ၿပီး လီဗာပူးမွာထက္ ပိုမိုကစားခြင့္ရရွိေနခဲ့တာလည္းျဖစ္ပါတယ္။ ေဆာက္သမ္တန္နည္းျပဟာဆန္ဟူတယ္ကလည္း ဂ်ပန္ကစားသမားရဲ႕ေျခစြမ္းကို သေဘာက်ေနၿပီး အၿပီးသတ္ေခၚယူဖို႔ရာ စိတ္ဝင္စားေနတယ္လို႔ သိရပါတယ္။ လီဗာပူး ၀ိတ္​ေလွ်ာ့ဖို႔ ဆုံးျဖတ္ထားရင္​ေတာ့ ဂ်ပန္သားႀကီး ဧည့္သည္အျဖစ္က​ေန တည္ၿမဲကစားသမားဘ၀ ​ေရာက္ရ​ေတာ့မွာပါ။

တစ္ဖက္မွာ​ေတာ့ လီဗာပူးအေနနဲ႔ ၿပီးခဲ့တဲ့ရာသီတုန္းကလို ေျခစြမ္းမ်ိဳးျပသဖို႔ မလြယ္ကူျဖစ္​ေနၿပီး ပရီးမီးယားလိဂ္ဖလားကို ကာကြယ္ႏိုင္ခြင့္လည္း ဆုံးရႈံးခဲ့ရၿပီျဖစ္ပါတယ္။ အဆင့္ေလးအတြင္းဝင္ႏိုင္ဖို႔အတြက္ကိုသာ အားထုတ္ရဖို႔ရွိေနပါတယ္။