ဂျပန်မြေကို သွားရောက်ပြီး ပျမ်းမျှ ၉မိနစ် ဝန်းကျင်မှာ ၁ ဂိုးနှုန်း အသွင်းခံခဲ့တဲ့ မြန်မာအသင်း

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

(၂၀၂၂) ကမ္ဘာ့ဖလားခြေစစ်ပွဲ အာရှဇုန် အုပ်စု(F) ပွဲစဉ်တွေထဲက တစ်ပွဲအဖြစ် ဂျပန်လက်ရွေးစင် အသင်းနဲ့ မြန်မာ့လက်ရွေးစင် အသင်းတို့ ဟာ ဒီနေ့ညနေပိုင်း မှာ ကစားခဲ့ကြပါတယ်။

နဂိုဒီအချိန်ဆိုရင် မြန်မာပရိသတ်တွေရဲ့ ရင်ထဲ မျှော်လင့်ချက်တွေ၊ အကောင်းမြင်စိတ်တွေနဲ့ အားပေးကြပါတယ်။

အခုကတော့ နဂိုနဲ့ မတူတဲ့ အဖြစ်တွေဖြစ်ခဲ့ရပါတယ်။

ဂျပန်ကို သွားကန်မယ်၊ မကန်ဘူးဆိုတဲ့ သတင်းဂယက်တွေကြား နောက်ဆုံး လေယာဉ်စီးထွက်နိုင်ခဲ့ကြပါတယ်။

ဂျပန်မြေမှာ ကစားတဲ့အခါ ဂျပန်ရောက် မြန်မာ အချို့ရဲ့ လှိုက်လှဲစွာကြိုဆိုသံတွေကို မကြားကြရပါဘူး။

မြန်မာ အသင်းကတော့ ဆန်းဆက်နိုင်၊ ဒေးဗစ်ထန်း၊ ဇော်ရဲထွန်း၊ ရဲမင်းသူ၊ စိုးမိုးကျော်၊ မောင်မောင်လွင်၊ မောင်မောင်ဝင်း၊ လွင်မိုးအောင်၊ ထက်ဖြိုးဝေ၊ ရန်နိုင်ဦး၊ ဝင်းနိုင်ထွန်း တို့နဲ့ ပွဲထွက်လာခဲ့ပါတယ်။

ပွဲစကတည်းကစပြီး ပွဲဆုံးတဲ့ အထိ ဂျပန်အသင်းက မြန်မာကို ဖိအားများစွာပေးပြီး တစ်ဒိုင်းဒိုင်းဂိုးတွေ သွင်းယူခဲ့ကြပါတယ်။

ပွဲချိန်(၈)မိနစ်မှာ ဂျပန် အသင်းက ဦးဆောင်ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။

ပထမပိုင်းအပြီးမှာ ဂျပန် အသင်းက မြန်မာ အသင်းကို (၄)ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်ခဲ့တာပါ။

ပထမပိုင်းမှာ ဂျပန် အသင်းဟာ ဘောလုံးပိုင်ဆိုင်မှု (၈၂)ရာခိုင်နှုန်း၊ ဂိုးပေါက်ကန်သွင်းမှု (၁၂)ကြိမ်၊ ဂိုးပေါက်တည့်မှု (၅)ကြိမ်အထိရှိခဲ့ပါတယ်။

မြန်မာ အသင်းကတော့ ဘောလုံးပိုင်ဆိုင်မှု (၁၈)ရာခိုင်နှုန်း ဂိုးပေါက်ကန်သွင်းမှု(၂)ကြိမ် ဂိုးပေါက်တည့်မှု(၁)ကြိမ်သာ ရှိခဲ့ပါတယ်။

ဂျပန်အသင်းသား ၅ ယောက်ဟာ မြန်မာဘက်ကို ပွဲပြီးဆုံးချိန်မှာတော့ ၁၀ ဂိုးအထိသွင်းယူနိုင်ခဲ့ပါတယ်။

ဂျပန်ဂိုးသမားကတော့ clean sheetရတဲ့ အတွက် ပျော်နေမှာပါ။

အခုဂျပန်မြေက ဥမကွဲတဲ့ ရှူံးပွဲဟာ မြန်မာ အသင်း သမိုင်းတစ်လျှောက် အကြီးမားဆုံး ရှုံးပွဲအဖြစ် မှတ်တမ်းဝင်သွားခဲ့ပါပြီ။

အာရှဖလားခြေစစ်ပွဲအောင်မြင်ရေးမျှော်လင့်ချက်အတွက် သွားကစားခဲ့ရတာလို့ ပြောသွားတဲ့ မြန်မာနည်းပြကြီး ရဲ့ အတွေးတွေဘယ်လိုရှိနေမှာပါလဲ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ဂ်ပန္​ေျမကို သြား​ေရာက္ၿပီး ပ်မ္းမွ် ၉မိနစ္ ၀န္းက်င္မွာ ၁ ဂိုးႏႈန္း အသြင္းခံခဲ့တဲ့ ျမန္မာအသင္း

(၂၀၂၂) ကမာၻ႔ဖလားေျခစစ္ပြဲ အာရွဇုန္ အုပ္စု(F) ပြဲစဥ္ေတြထဲက တစ္ပြဲအျဖစ္ ဂ်ပန္လက္ေ႐ြးစင္ အသင္းနဲ႔ ျမန္မာ့လက္ေ႐ြးစင္ အသင္းတို႔ ဟာ ဒီေန႔ညေနပိုင္း မွာ ကစားခဲ့ၾကပါတယ္။ နဂိုဒီအခ်ိန္ဆိုရင္ ျမန္မာပရိသတ္​ေတြရဲ႕ ရင္ထဲ ​ေမွ်ာ္လင့္ခ်က္​ေတြ၊ အ​ေကာင္းျမင္စိတ္​ေတြနဲ႔ အား​ေပးၾကပါတယ္။ အခုက​ေတာ့ နဂိုနဲ႔ မတူတဲ့ အျဖစ္​ေတြျဖစ္ခဲ့ရပါတယ္။

ဂ်ပန္ကို သြားကန္မယ္၊ မကန္ဘူးဆိုတဲ့ ​သတင္းဂယက္ေတြၾကား ​ေနာက္ဆုံး ​ေလယာဥ္စီးထြက္ႏိုင္ခဲ့ၾကပါတယ္။ ဂ်ပန္​ေျမမွာ ကစားတဲ့ အခါ ဂ်ပန္​ေရာက္ ျမန္မာ အခ်ိဳ႕ရဲ႕ လႈိက္လွဲစြာႀကိဳဆိုသံ​ေတြကို မၾကားၾကရပါဘူး။

ျမန္မာ အသင္းကေတာ့ ဆန္းဆက္ႏိုင္၊ ေဒးဗစ္ထန္း၊ ေဇာ္ရဲထြန္း၊ ရဲမင္းသူ၊ စိုးမိုးေက်ာ္၊ ေမာင္ေမာင္လြင္၊ ေမာင္ေမာင္ဝင္း၊လြင္မိုးေအာင္၊ထက္ၿဖိဳးေဝ၊ရန္ႏိုင္ဦး၊ ဝင္းႏိုင္ထြန္း တို႔နဲ႔ ပြဲထြက္လာခဲ့ပါတယ္။

ပြဲစကတည္းကစၿပီး ပြဲဆုံးတဲ့ အထိ ဂ်ပန္အသင္းက ျမန္မာကို ဖိအားမ်ားစြာ​ေပးၿပီး တစ္ဒိုင္းဒိုင္းဂိုး​​ေတြ သြင္းယူခဲ့ၾကပါတယ္။ ပြဲခ်ိန္(၈)မိနစ္မွာဂ်ပန္ အသင္းက ဦးေဆာင္ဂိုးသြင္းယူႏိုင္ခဲ့ပါတယ္။

ပထမပိုင္းအၿပီးမွာ ဂ်ပန္ အသင္းက ျမန္မာ အသင္းကို (၄)ဂိုး-ဂိုးမရွိနဲ႔ ဦးေဆာင္ခဲ့တာပါ။ပထမပိုင္းမွာ ဂ်ပန္ အသင္းဟာ ေဘာလုံးပိုင္ဆိုင္မႈ (၈၂)ရာခိုင္ႏႈန္း၊ ဂိုးေပါက္ကန္သြင္းမႈ (၁၂)ႀကိမ္၊ ဂိုးေပါက္တည့္မႈ (၅)ႀကိမ္အထိရွိခဲ့ပါတယ္။ျမန္မာ အသင္းကေတာ့ ေဘာလုံးပိုင္ဆိုင္မႈ (၁၈)ရာခိုင္ႏႈန္း ဂိုးေပါက္ကန္သြင္းမႈ(၂)ႀကိမ္ ဂိုးေပါက္တည့္မႈ(၁)ႀကိမ္သာ ရွိခဲ့ပါတယ္။

ဂ်ပန္အသင္းသား ၅ ​ေယာက္ဟာ ျမန္မာဘက္ကို ပြဲၿပီးဆုံးခ်ိန္မွာ​ေတာ့ ၁၀ ဂိုးအထိသြင္းယူႏိုင္ခဲ့ပါတယ္။ ဂ်ပန္ဂိုးသမားက​ေတာ့ clean sheetရတဲ့ အတြက္ ​ေပ်ာ္​ေနမွာပါ။

အခုဂ်ပန္​ေျမက ဥမကြဲတဲ့ ရႉံးပြဲဟာ ျမန္မာ အသင္း သမိုင္းတစ္ေလွ်ာက္ အႀကီးမားဆုံး ရႈံးပြဲအျဖစ္ မွတ္တမ္းဝင္သြားခဲ့ပါၿပီ။ အာရွဖလားေျခစစ္ပြဲေအာင္ျမင္ေရးေမွ်ာ္လင့္ခ်က္အတြက္ သြားကစားခဲ့ရတာလို႔ ေျပာသြားတဲ့ ျမန္မာနည္းျပႀကီး ရဲ႕ အ​ေတြး​ေတြဘယ္လိုရွိ​ေနမွာပါလဲ။