
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
အာဆင်နယ်အသင်းဟာ စပါး ခေါ်ယူဖို့ လုပ်ခဲ့တဲ့ ဘိုလော့ညာရဲ့ ဂျပန် ညာနောက်ခံလူ တာကီဟီရိုကို ယူရိုသန်း ၂၀နဲ့ ခေါ်ယူဖို့ သဘောတူညီမှုရခဲ့ပါပြီ။ ညနေပိုင်း အီတလီမှာပဲ ဆေးစစ်သွားမှာဖြစ်ပြီး မကြာခင် တရားဝင် ကြေညာတော့မှာဖြစ်ပါတယ်။
အာဆင်နယ်အသင်းဟာ ယခုနှစ် နွေဈေးကွက် အတွင်းမှာ အသင်းရဲ့ ညာနောက်ခံလူတွေ ဖြစ်ကြတဲ့ ဘယ်လာရင် ၊ မစ်လန်တန်နိုင်းလ် တို့လို ကစားသမားတွေကို လက်လွှတ်ရဖို့ ရှိနေတာကြောင့် ဈေးကွက် မပိတ်သိမ်းမီ နောက်ခံလူသစ် တစ်ဦးကို ခေါ်ယူဖို့ အသည်းအသန် ကြိုးစားနေတာပါ။
တာကီဟီရို တိုမီယာဆုဟာ ပြီးခဲ့တဲ့ရာသီမှာ ဘိုလော့ညာအသင်းအတွက် ပွဲပေါင်း (၂၃) ပွဲခန့် ကစားခွင့်ရခဲ့ပြီး သွင်းဂိုး (၁) ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။
အသက် ၂၂နှစ် အရွယ်သာ ရှိသေးတဲ့ ဂျပန် လက်ရွေးစင် နောက်ခံလူ တိုမီယာဆုဟာ ညာနောက်ခံ ၊ ဗဟိုခံစစ် နှစ်နေရာစလုံးမှာ အကောင်းဆုံး ကစားနိုင်စွမ်း ရှိတဲ့ ကစားသမား တစ်ဦး ဖြစ်ပါတယ်။
နည်းပြ အာတီတာ က ကတော့ လူသစ်နဲ့ နောက်တန်း 3 ယောက် (သို့) 4 ယောက် ပြောင်းလဲကာ ကစားမယ့် အနေအထားမျိုးမှာ အံ့ဝင်အောင် ကစားပေးနိုင်လိမ့်မယ်လို့ ယုံကြည်ထားပါတယ်။
မူလ က တိုမီယာစု ကို ခေါ်ယူဖို့ မြောက်လန်ဒန် ပြိုင်ဘက် စပါး အသင်းကလည်း ကနဦး ချဉ်းကပ်မှုတွေ လုပ်ဆောင်ခဲ့ပေမယ့် ၊ စပါး အားကစား ဒါရိုက်တာ ပါရာတီချီ ဟာ ဘာစီလိုနာ အသင်းက ဘရာဇီးသားလေး အီမာဆင် ရိုရယ် ကို ခေါ်ယူဖို့ အဆင်ပြေခဲ့တာကြောင့် နောက်ဆုတ်သွားခဲ့တာ ဖြစ်ပါတယ်။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
zawgyi
ဂ်ပန္ကစားသမားကို ေခၚယူႏိုင္ၿပီ ျဖစ္တဲ့ အာဆင္နယ္
အာဆင္နယ္အသင္းဟာ စပါး ေခၚယူဖို႔ လုပ္ခဲ့တဲ့ ဘိုေလာ့ညာရဲ႕ ဂ်ပန္ ညာေနာက္ခံလူ တာကီဟီ႐ိုကို ယူ႐ိုသန္း ၂၀နဲ႔ ေခၚယူဖို႔ သေဘာတူညီမႈရခဲ့ပါၿပီ။ ညေနပိုင္း အီတလီမွာပဲ ေဆးစစ္သြားမွာျဖစ္ၿပီး မၾကာခင္ တရားဝင္ ေၾကညာေတာ့မွာျဖစ္ပါတယ္။
အာဆင္နယ္အသင္းဟာ ယခုႏွစ္ ေႏြေဈးကြက္ အတြင္းမွာ အသင္းရဲ႕ ညာေနာက္ခံလူေတြ ျဖစ္ၾကတဲ့ ဘယ္လာရင္ ၊ မစ္လန္တန္ႏိုင္းလ္ တို႔လို ကစားသမားေတြကို လက္လႊတ္ရဖို႔ ရွိေနတာေၾကာင့္ ေဈးကြက္ မပိတ္သိမ္းမီ ေနာက္ခံလူသစ္ တစ္ဦးကို ေခၚယူဖို႔ အသည္းအသန္ ႀကိဳးစားေနတာပါ။
တာကီဟီ႐ို တိုမီယာဆုဟာ ၿပီးခဲ့တဲ့ရာသီမွာ ဘိုေလာ့ညာအသင္းအတြက္ ပြဲေပါင္း (၂၃) ပြဲခန႔္ ကစားခြင့္ရခဲ့ၿပီး သြင္းဂိုး (၁) ဂိုး သြင္းယူႏိုင္ခဲ့ပါတယ္။အသက္ ၂၂ႏွစ္ အ႐ြယ္သာ ရွိေသးတဲ့ ဂ်ပန္ လက္ေ႐ြးစင္ ေနာက္ခံလူ တိုမီယာဆုဟာ ညာေနာက္ခံ ၊ ဗဟိုခံစစ္ ႏွစ္ေနရာစလုံးမွာ အေကာင္းဆုံး ကစားႏိုင္စြမ္း ရွိတဲ့ ကစားသမား တစ္ဦး ျဖစ္ပါတယ္။
နည္းျပ အာတီတာ ကေတာ့ လူသစ္နဲ႔ ေနာက္တန္း 3 ေယာက္ (သို႔) 4 ေယာက္ ေျပာင္းလဲကာ ကစားမယ့္ အေနအထားမ်ိဳးမွာ အံ့ဝင္ေအာင္ ကစားေပးႏိုင္လိမ့္မယ္လို႔ ယုံၾကည္ထားပါတယ္။
မူလ က တိုမီယာစု ကို ေခၚယူဖို႔ ေျမာက္လန္ဒန္ ၿပိဳင္ဘက္ စပါး အသင္းကလည္း ကနဦး ခ်ဥ္းကပ္မႈေတြ လုပ္ေဆာင္ခဲ့ေပမယ့္ ၊ စပါး အားကစား ဒါ႐ိုက္တာ ပါရာတီခ်ီ ဟာ ဘာစီလိုနာ အသင္းက ဘရာဇီးသားေလး အီမာဆင္ ႐ိုရယ္ ကို ေခၚယူဖို႔ အဆင္ေျပခဲ့တာေၾကာင့္ ေနာက္ဆုတ္သြားခဲ့တာ ျဖစ္ပါတယ္။