ဂ်ဴ ဗင္တပ္ကြင္းလယ္လူ ခီဒီယာကို ၀ုဗ္အသင္းကမး္လွမ္း

ပရီးမီးယားလိဂ္ကလပ္တစ္ခုျဖစ္တဲ႔ ၀ုဗ္ဟာ ဂ်ဴ ဗင္တပ္အသင္းကြင္းလယ္လူ ခီဒီယာကိုေခၚယူဖို႔ ကမး္လွမ္းလိုက္တာေၾကာင့္ အံအားသင့္စရာျဖစ္ေနတယ္လို႔ သတင္းတစ္ရပ္မွာေဖာ္ျပသြားခဲ့ပါတယ္။

အသက္ ၃၂ ႏွစ္ရွိၿပီျဖစ္တဲ႔ ခီဒီယာ ဟာကစားသမားဘ၀မွာေအာင္ျမင္တဲ႔ ကာလတစ္ခုကိုတည္ေဆာက္ႏိုင္ခဲ့သူျဖစ္ၿပီး ဂ်ာမနီလက္ေရြးစင္အသင္းနဲ႔အတူ ၂၀၁၄ ကမၻာ႔ဖလားကိုရရွိခဲ့သလို ရီးရဲလ္မက္ဒရစ္ကြင္းလယ္လူေဟာင္းတစ္ဦးလည္းျဖစ္ခဲ့ပါတယ္။ ဒါေၾကာင့္သူ႔ကို ၀ုဗ္က ကမ္းလွမ္းခဲ့တာကို အံအားသင့္မႈေတြရွိေနတာပါ။

ဂ်ဴ ဗင္တပ္နဲ႔ ၂၀၂၁ အထိစာခ်ဳပ္သက္တမ္းရွိထားတဲ႔ ခီဒီယာ ဟာ၂၀၁၅ ကရီးရဲလ္ကေနဂ်ဴ ဗင္တပ္ကိုအလြတ္ေျပာင္းေရႊ႕ေၾကးနဲ႔ေရာက္ရွိလာခဲ့သူျဖစ္ပါတယ္။ ၀ုဗ္ရဲ႕ကမး္လွမ္းမႈကိုလက္ခံရရွိတဲ႔အတြက္ ဂ်ဴ ဗင္တပ္အားကစားဒါရိုက္တာ ပါရာတီခ်ီဟာ ၿပီးခဲ့တဲ႔ ဗုဒၵဟူးေန႔က ၀ုဗ္အသင္းတာ၀န္ရွိသူေတြနဲ႔ေတြ႔ဆုံေဆြးေႏြးခဲ့တယ္လို႔လည္း သိရပါတယ္။

ခီဒီယာ ဟာနည္းျပ ဆာရီရဲ႕စီမံကိန္းထဲမွာမပါေတာ႔လို႔ အသင္းေျပာင္းမယ္လို႔ သတင္းထြက္ေနၿပီး သူ႔ကို ဘီဆစ္တက္အျပင္ ေမဂ်ာလိဂ္ကလပ္အခ်ဳိ႕ကလည္းေခၚယူလိုေနတာပါ။ ဒါေပမယ္႔လည္း ယူရိုပါလိဂ္၀င္ၿပိဳင္ရမယ္႔ ၀ုဗ္ဟာ ခီဒီယာရဲ႕ေျခစြမ္းနဲ႔ အေတြ႔အႀကံဳကို အသုံးခ်ဖို႔ ေခၚယူလိုေနတာျဖစ္ပါတယ္။

၀ုဗ္ဟာ နည္းျပႏူႏိုဆန္တိုရဲ႕ဦးေဆာင္မႈနဲ႔အတူ ၿပီးခဲ့တဲ႔ ရာသီကမွပရီးမီးယားလိဂ္ကိုတန္းတက္လာခဲ့ေပမယ္႔ အဆင့္ ၇ ရရွိခဲ့လို႔ သူတို႔ရဲ႕ေျခစြမ္းကိုခ်ီးက်ဴ းေနၾကပါတယ္။ ၀ုဗ္ဟာၿပီးခဲ့တဲ႔ရာသီက ပရီးမီးယားလိဂ္ထိပ္ဆုံး ၆ သင္းေနာက္မွာ ကလပ္လ်က္ရပ္တည္ႏိုင္ခဲ့တာျဖစ္ပါတယ္။

Unicode

ဂျူ ဗင်တပ်ကွင်းလယ်လူ ခီဒီယာကို ဝုဗ်အသင်းကမ်းလှမ်း
ပရီးမီးယားလိဂ်ကလပ်တစ်ခုဖြစ်တဲ့ ဝုဗ်ဟာ ဂျူ ဗင်တပ်အသင်းကွင်းလယ်လူ ခီဒီယာကိုခေါ်ယူဖို့ ကမ်းလှမ်းလိုက်တာကြောင့် အံအားသင့်စရာဖြစ်နေတယ်လို့ သတင်းတစ်ရပ်မှာဖော်ပြသွားခဲ့ပါတယ်။

အသက် ၃၂ နှစ်ရှိပြီဖြစ်တဲ့ ခီဒီယာ ဟာကစားသမားဘဝမှာအောင်မြင်တဲ့ ကာလတစ်ခုကိုတည်ဆောက်နိုင်ခဲ့သူဖြစ်ပြီး ဂျာမနီလက်ရွေးစင်အသင်းနဲ့အတူ ၂၀၁၄ ကမ္ဘာ့ဖလားကိုရရှိခဲ့သလို ရီးရဲလ်မက်ဒရစ်ကွင်းလယ်လူဟောင်းတစ်ဦးလည်းဖြစ်ခဲ့ပါတယ်။ ဒါကြောင့်သူ့ကို ဝုဗ်က ကမ်းလှမ်းခဲ့တာကို အံအားသင့်မှုတွေရှိနေတာပါ။

ဂျူ ဗင်တပ်နဲ့ ၂၀၂၁ အထိစာချုပ်သက်တမ်းရှိထားတဲ့ ခီဒီယာ ဟာ၂၀၁၅ ကရီးရဲလ်ကနေဂျူ ဗင်တပ်ကိုအလွတ်ပြောင်းရွှေ့ကြေးနဲ့ရောက်ရှိလာခဲ့သူဖြစ်ပါတယ်။ ဝုဗ်ရဲ့ကမ်းလှမ်းမှုကိုလက်ခံရရှိတဲ့အတွက် ဂျူ ဗင်တပ်အားကစားဒါရိုက်တာ ပါရာတီချီဟာ ပြီးခဲ့တဲ့ ဗုဒ္ဒဟူးနေ့က ဝုဗ်အသင်းတာဝန်ရှိသူတွေနဲ့တွေ့ဆုံဆွေးနွေးခဲ့တယ်လို့လည်း သိရပါတယ်။

ခီဒီယာ ဟာနည်းပြ ဆာရီရဲ့စီမံကိန်းထဲမှာမပါတော့လို့ အသင်းပြောင်းမယ်လို့ သတင်းထွက်နေပြီး သူ့ကို ဘီဆစ်တက်အပြင် မေဂျာလိဂ်ကလပ်အချို့ကလည်းခေါ်ယူလိုနေတာပါ။ ဒါပေမယ့်လည်း ယူရိုပါလိဂ်ဝင်ပြိုင်ရမယ့် ဝုဗ်ဟာ ခီဒီယာရဲ့ခြေစွမ်းနဲ့ အတွေ့အကြုံကို အသုံးချဖို့ ခေါ်ယူလိုနေတာဖြစ်ပါတယ်။

ဝုဗ်ဟာ နည်းပြနူနိုဆန်တိုရဲ့ဦးဆောင်မှုနဲ့အတူ ပြီးခဲ့တဲ့ ရာသီကမှပရီးမီးယားလိဂ်ကိုတန်းတက်လာခဲ့ပေမယ့် အဆင့် ၇ ရရှိခဲ့လို့ သူတို့ရဲ့ခြေစွမ်းကိုချီးကျူ းနေကြပါတယ်။ ဝုဗ်ဟာပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ်ထိပ်ဆုံး ၆ သင်းနောက်မှာ ကလပ်လျက်ရပ်တည်နိုင်ခဲ့တာဖြစ်ပါတယ်။