
photo-gettyimages
photo-gettyimages
ဂ်ဴဗင္တပ္နဲ႔သူ႔ရဲ႕စီးရီးေအပြဲဦးထြက္က ေျခစြမ္းနဲ႔ပတ္သက္လုိ႔ ေ၀ဖန္မႈေတြနဲ႔ ႀကဳံေတြ႕ခဲ့ရတဲ့ ေနာက္ခံလူဒီလစ္ကို နယ္သာလန္လက္ေရြးစင္နည္းျပေရာ္နယ္ကိုးမန္းက ေထာက္ခံအားေပးစကားေျပာၾကားလိုက္ပါတယ္။ ဒီလစ္ဟာ ၿပီးခဲ့တဲ့ဇူလိုင္လမွာ ေအဂ်က္ကေန ယူရို ၇၅ သန္းနဲ႔ေရာက္လာခဲ့သူျဖစ္ၿပီး ခ်ီရယ္လီနီရဲ႕ဒဏ္ရာေၾကာင့္ နာပိုလီနဲ႔ပဲြမွာ ပထမဆုံးအႀကိမ္အျဖစ္ ပါ၀င္ကစားခြင့္ရခဲ့ကာ ဗဟုိခံစစ္မွာ ဘုိႏူခ်ီနဲ႔တြဲကစားခဲ့ရတာပါ။ နာပိုလီကို ၄-၃ ဂိုးနဲ႔အႏုိင္ရခဲ့တဲ့ပြဲမွာ ယူရို ၇၅ သန္းတန္ေနာက္ခံလူတစ္ေယာက္လို ကစားႏိုင္ျခင္းမရွိလုိ႔ ေ၀ဖန္ခံခဲ့ရေပမယ့္ ဒီလစ္ဟာ ေနရာမွားခ်ခံရတာလုိ႔ ကိုးမန္းက ယုံၾကည္ေနပါတယ္။
photo-gettyimages
”နာပုိလီနဲ႔ပြဲမွာ သူေကာင္းေကာင္းမကစားႏိုင္ခဲ့ပါဘူး။ လုိဇာႏိုသြင္းတဲ့ဂိုးမွာ သူအဓိကတာ၀န္ရွိခဲ့ပါတယ္။ က်န္ ၂ ဂိုးကေတာ့ မတူပါဘူး။ အဲဒီမွာ ဖရီးကစ္က တစ္ဂိုးပါၿပီး အဲဒါမ်ိဳးက ကာကြယ္ႏိုင္ဖို႔ အၿမဲတမ္းခက္ခဲပါတယ္။ ကၽြန္ေတာ္တို႔လိုခ်င္တဲ့ပုံစံ သူမကစားႏိုင္တာကေတာ့ မွန္ပါတယ္။ ဒီေန႔လည္း ဒီလစ္နဲ႔ကၽြန္ေတာ္ စကားေျပာဖို႔ ရွိပါတယ္”လုိ႔ ကိုးမန္းက သတင္းစာရွင္းလင္းပြဲမွာ ေျပာခဲ့တာပါ။
photo-gettyimages
ဒီလစ္ဟာ ေအဂ်က္ကေရာက္လာၿပီးေနာက္ပိုင္း အထိုင္က်ဖို႔ရုနး္ကန္ေနရတာလုိ႔ ကိုးမန္းက ယူဆေနၿပီး ေနရာအမွားေၾကာင့္လည္း အဲဒီလိုျဖစ္သြားတာလို႔ ဆက္ေျပာပါတယ္။ ”တစ္ခါတစ္ရံမွာ လူေတြဟာ အရမ္းလြယ္ကူစြာနဲ႔ပဲ အေျပာင္းအလဲလုပ္ၾကပါတယ္။ ဘာစီလုိနာနဲ႔ ကၽြန္ေတာ့္ရဲ႕ပထမဆုံးပြဲအေၾကာင္းေရးထားတဲ့ သတင္းစာေတာင္ ကၽြန္ေတာ့္မွာ အခုထိရွိေနပါတယ္။ အဲဒီတုန္းက ကၽြန္ေတာ္တုိ႔ ၂-၀ နဲ႔ရႈံးခဲ့ၿပီး ကၽြန္ေတာ္ေရာက္လာတဲ့အေပၚ အားလုံးက ေမးခြန္းထုတ္ခဲ့ၾကတာပါ။ အခုေန ကၽြန္ေတာ့္အေၾကာင္းေမးရင္ လုံး၀ကြဲျပားသြားၿပီဆိုတာ ေလာင္းရဲတယ္။ ဒီလိုပဲ ဒီလစ္ကလည္း ၂၀ ပဲရွိေသးတာပါ။ ဒါေပမဲ့ ကၽြန္ေတ္ာဆုိရင္ သူ႔ကို ခံစစ္ရဲ႕ဘယ္ျခမ္းမွာ ထားမွာမဟုတ္ပါဘူး။ အဲဒီေနရာမွာ ဘိုႏူခ်ီကိုပဲထားမွာပါ။ သူက ပုိၿပီးအေတြ႕အႀကဳံရင့္တယ္ေလ”လုိ႔ ကုိးမန္းက ဆက္လက္ေျပာၾကားခဲ့တာပါ။
[Unicode]
ဂျူဗင်တပ်နဲ့သူ့ရဲ့စီးရီးအေပွဲဦးထွက်က ခြေစွမ်းနဲ့ပတ်သက်လို့ ဝေဖန်မှုတွေနဲ့ ကြုံတွေ့ခဲ့ရတဲ့ နောက်ခံလူဒီလစ်ကို နယ်သာလန်လက်ရွေးစင်နည်းပြရော်နယ်ကိုးမန်းက ထောက်ခံအားပေးစကားပြောကြားလိုက်ပါတယ်။ ဒီလစ်ဟာ ပြီးခဲ့တဲ့ဇူလိုင်လမှာ အေဂျက်ကနေ ယူရို ၇၅ သန်းနဲ့ရောက်လာခဲ့သူဖြစ်ပြီး ချီရယ်လီနီရဲ့ဒဏ်ရာကြောင့် နာပိုလီနဲ့ပွဲမှာ ပထမဆုံးအကြိမ်အဖြစ် ပါဝင်ကစားခွင့်ရခဲ့ကာ ဗဟိုခံစစ်မှာ ဘိုနူချီနဲ့တွဲကစားခဲ့ရတာပါ။ နာပိုလီကို ၄-၃ ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲမှာ ယူရို ၇၅ သန်းတန်နောက်ခံလူတစ်ယောက်လို ကစားနိုင်ခြင်းမရှိလို့ ဝေဖန်ခံခဲ့ရပေမယ့် ဒီလစ်ဟာ နေရာမှားချခံရတာလို့ ကိုးမန်းက ယုံကြည်နေပါတယ်။
”နာပိုလီနဲ့ပွဲမှာ သူကောင်းကောင်းမကစားနိုင်ခဲ့ပါဘူး။ လိုဇာနိုသွင်းတဲ့ဂိုးမှာ သူအဓိကတာဝန်ရှိခဲ့ပါတယ်။ ကျန် ၂ ဂိုးကတော့ မတူပါဘူး။ အဲဒီမှာ ဖရီးကစ်က တစ်ဂိုးပါပြီး အဲဒါမျိုးက ကာကွယ်နိုင်ဖို့ အမြဲတမ်းခက်ခဲပါတယ်။ ကျွန်တော်တို့လိုချင်တဲ့ပုံစံ သူမကစားနိုင်တာကတော့ မှန်ပါတယ်။ ဒီနေ့လည်း ဒီလစ်နဲ့ကျွန်တော် စကားပြောဖို့ ရှိပါတယ်”လို့ ကိုးမန်းက သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့တာပါ။
ဒီလစ်ဟာ အေဂျက်ကရောက်လာပြီးနောက်ပိုင်း အထိုင်ကျဖို့ရုန်းကန်နေရတာလို့ ကိုးမန်းက ယူဆနေပြီး နေရာအမှားကြောင့်လည်း အဲဒီလိုဖြစ်သွားတာလို့ ဆက်ပြောပါတယ်။ ”တစ်ခါတစ်ရံမှာ လူတွေဟာ အရမ်းလွယ်ကူစွာနဲ့ပဲ အပြောင်းအလဲလုပ်ကြပါတယ်။ ဘာစီလိုနာနဲ့ ကျွန်တော့်ရဲ့ပထမဆုံးပွဲအကြောင်းရေးထားတဲ့ သတင်းစာတောင် ကျွန်တော့်မှာ အခုထိရှိနေပါတယ်။ အဲဒီတုန်းက ကျွန်တော်တို့ ၂-၀ နဲ့ရှုံးခဲ့ပြီး ကျွန်တော်ရောက်လာတဲ့အပေါ် အားလုံးက မေးခွန်းထုတ်ခဲ့ကြတာပါ။ အခုနေ ကျွန်တော့်အကြောင်းမေးရင် လုံးဝကွဲပြားသွားပြီဆိုတာ လောင်းရဲတယ်။ ဒီလိုပဲ ဒီလစ်ကလည်း ၂၀ ပဲရှိသေးတာပါ။ ဒါပေမဲ့ ကျွန်တေ်ာဆိုရင် သူ့ကို ခံစစ်ရဲ့ဘယ်ခြမ်းမှာ ထားမှာမဟုတ်ပါဘူး။ အဲဒီနေရာမှာ ဘိုနူချီကိုပဲထားမှာပါ။ သူက ပိုပြီးအတွေ့အကြုံရင့်တယ်လေ”လို့ ကိုးမန်းက ဆက်လက်ပြောကြားခဲ့တာပါ။