
Photo Credit
Photo Credit
သတင္းေတြရဲ႕ေဖာ္ျပခ်က္အရ ဂ်ဴဗင္တပ္စ္ဂႏၳ၀င္ကြင္းလယ္လူ မာခ်ီစီယုိဟာ စေကာ့တလန္ကလပ္ ရိန္းဂ်ားစ္အသင္းရဲ႕ကမ္းလွမ္းမႈကို လက္သင့္ခံဖို႔ စဥ္းစားေနတယ္လုိ႔ သိရပါတယ္။
Photo Credit
အသက္ ၃၃ႏွစ္အရြယ္ရွိ မာခ်ီစီယိုဟာ ေမြးရပ္ေျမကလပ္ ဂ်ဴဗင္တပ္စ္နဲ႔အတူ စီးရီးေအခ်န္ပီယံဆု ၇ႀကိမ္ရရွိခဲ့ၿပီး ႐ုရွားကလပ္ ဇင္းနစ္အသင္းနဲ႔အတူ ၁၅ပြဲသာကစားႏိုင္ခဲ့ၿပီးေနာက္ ၿပီးခဲ့တဲ့ဇူလုိင္လက လမ္းခြဲခဲ့တာျဖစ္ပါတယ္။
Photo Credit
ၿပီးခဲ့တဲ့ေမလက ဒူးဒဏ္ရာခြဲစိတ္ကုသမႈကေန ျပန္လည္ကစားႏိုင္ခဲ့တဲ့ မာခ်ီစီယိုဟာ တ႐ုတ္စူပါလိဂ္ကလပ္ က်န္းစုဆန္နင္းနဲ႔ စီးရီးေအတန္းတက္ ဘရက္စီယာအသင္းတုိ႔ရဲ႕ကမ္းလွမ္းမႈေတြကို ပယ္ခ်ခဲ့ေပမယ့္ ရိန္းဂ်ားစ္၊ မိုနာကိုနဲ႔ ဖလာမင္ဂိုအသင္းတုိ႔က သူ႕ကို ေခၚယူဖို႔ ႀကိဳးစားေနဆဲျဖစ္ပါတယ္။
Photo Credit
ရိန္းဂ်ားစ္ပရိသတ္ေတြကလည္း အဲဒီလိုႀကိဳးစားေနမႈကို စိတ္လႈပ္ရွား၀မ္းသာေနၾကၿပီး မၾကာေသးမီက Wikipedia မွာ မာခ်ီစီယုိရဲ႕ Profile ကုိ ၀င္ေရာက္ျပဳျပင္ခဲ့ကာ လက္ရွိကလပ္ေနရာမွာ ရိန္းဂ်ားစ္လုိ႔ ထည့္သြင္းေရးသားခဲ့တာပါ။
ရိန္းဂ်ားစ္အသင္းကလည္း ၿပီးခဲ့တဲ့ႏွစ္အနည္းငယ္အတြင္း အီတလီကစားသမားေတြ က်င္လည္ရာေနရာတစ္ခုျဖစ္ခဲ့ၿပီး ဂတ္တူဆို၊ ေပၚရီနီ၊ နီဂရီ၊ ဗာႏိုလီနဲ႔ အမို႐ူဆိုတုိ႔ ကစားခဲ့ဖူးပါတယ္။
Photo Credit
မာခ်ီစီယုိဟာ လက္ရွိရိန္းဂ်ားစ္အသင္းနည္းျပ ဂ်ရတ္နဲ႔လည္း ရင္းႏွီးတဲ့ဆက္ဆံေရးရွိသူျဖစ္ၿပီး ယူ႐ို ၂၀၁၂ ပြဲစဥ္အျဖစ္ အဂၤလန္နဲ႔ အီတလီတို႔ မကစားခင္ ဂ်ရတ္နဲ႔ အက်ႌလဲခ်င္တဲ့အေၾကာင္း ဖြင့္ဟခဲ့ဖူးသလုိ ဂ်ရတ္ အနားယူသြားေတာ့လည္း ခ်ီးက်ဴးဂုဏ္ျပဳခဲ့ပါတယ္။
Photo Credit
Unicode
ဂျူဗင်တပ်စ်ကွင်းလယ်လူဟောင်း မာချီစီယိုကို ခေါ်ယူဖို့ ရိန်းဂျားစ်ကြိုးစားနေ
သတင်းတွေရဲ့ဖော်ပြချက်အရ ဂျူဗင်တပ်စ်ဂန္ထဝင်ကွင်းလယ်လူ မာချီစီယိုဟာ စကော့တလန်ကလပ် ရိန်းဂျားစ်အသင်းရဲ့ကမ်းလှမ်းမှုကို လက်သင့်ခံဖို့ စဉ်းစားနေတယ်လို့ သိရပါတယ်။
အသက် ၃၃နှစ်အရွယ်ရှိ မာချီစီယိုဟာ မွေးရပ်မြေကလပ် ဂျူဗင်တပ်စ်နဲ့အတူ စီးရီးအေချန်ပီယံဆု ၇ကြိမ်ရရှိခဲ့ပြီး ရုရှားကလပ် ဇင်းနစ်အသင်းနဲ့အတူ ၁၅ပွဲသာကစားနိုင်ခဲ့ပြီးနောက် ပြီးခဲ့တဲ့ဇူလိုင်လက လမ်းခွဲခဲ့တာဖြစ်ပါတယ်။
ပြီးခဲ့တဲ့မေလက ဒူးဒဏ်ရာခွဲစိတ်ကုသမှုကနေ ပြန်လည်ကစားနိုင်ခဲ့တဲ့ မာချီစီယိုဟာ တရုတ်စူပါလိဂ်ကလပ် ကျန်းစုဆန်နင်းနဲ့ စီးရီးအေတန်းတက် ဘရက်စီယာအသင်းတို့ရဲ့ကမ်းလှမ်းမှုတွေကို ပယ်ချခဲ့ပေမယ့် ရိန်းဂျားစ်၊ မိုနာကိုနဲ့ ဖလာမင်ဂိုအသင်းတို့က သူ့ကို ခေါ်ယူဖို့ ကြိုးစားနေဆဲဖြစ်ပါတယ်။
ရိန်းဂျားစ်ပရိသတ်တွေကလည်း အဲဒီလိုကြိုးစားနေမှုကို စိတ်လှုပ်ရှားဝမ်းသာနေကြပြီး မကြာသေးမီက Wikipedia မှာ မာချီစီယိုရဲ့ Profile ကို ဝင်ရောက်ပြုပြင်ခဲ့ကာ လက်ရှိကလပ်နေရာမှာ ရိန်းဂျားစ်လို့ ထည့်သွင်းရေးသားခဲ့တာပါ။
ရိန်းဂျားစ်အသင်းကလည်း ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်း အီတလီကစားသမားတွေ ကျင်လည်ရာနေရာတစ်ခုဖြစ်ခဲ့ပြီး ဂတ်တူဆို၊ ပေါ်ရီနီ၊ နီဂရီ၊ ဗာနိုလီနဲ့ အမိုရူဆိုတို့ ကစားခဲ့ဖူးပါတယ်။
မာချီစီယိုဟာ လက်ရှိရိန်းဂျားစ်အသင်းနည်းပြ ဂျရတ်နဲ့လည်း ရင်းနှီးတဲ့ဆက်ဆံရေးရှိသူဖြစ်ပြီး ယူရို ၂၀၁၂ ပွဲစဉ်အဖြစ် အင်္ဂလန်နဲ့ အီတလီတို့ မကစားခင် ဂျရတ်နဲ့ အင်္ကျီလဲချင်တဲ့အကြောင်း ဖွင့်ဟခဲ့ဖူးသလို ဂျရတ် အနားယူသွားတော့လည်း ချီးကျူးဂုဏ်ပြုခဲ့ပါတယ်။