ဂ်ဴဗင္တပ္က စိတ္ေျပာင္းသြားလို႔ စပါးကိုမေရာက္ႏိုင္ေတာ့တဲ့ ဒိုင္ဘာလာ

photo-gettyimages

photo-gettyimages

ပရီးမီးယားလိဂ္ကို ဒိုင္ဘာလာေရာက္လာမလားလို႔ ေမွ်ာ္လင့္ခဲ့ၾကေပမယ့္ အခုေတာ့ ဂ်ဴဗင္တပ္ဘက္က စိတ္ေျပာင္းသြားတဲ့အတြက္ အဲဒီအာဂ်င္တီးနားတုိက္စစ္မႈးဟာ စပါးအသင္းကို ေရာက္လာမွာ မဟုတ္ေတာ့ပါဘူး။ ၿပီးခဲ့တဲ့ ဗုဒၶဟူးေန႔က ဒုိင္ဘာလာအတြက္ စပါးက ေပါင္ ၆၅ သန္းနဲ႔ ကမ္းလွမ္းလာမႈကို ဂ်ဴဗင္တပ္ဘက္က လက္ခံခဲ့ပါတယ္။ ဒါေပမဲ့လည္း အခုေတာ့ မေရာင္းခ်ဖို႔ သူတို႔ဆုံးျဖတ္လိုက္ပါတယ္။

photo-gettyimages

ေအးဂ်င့္ေၾကးျမင့္မားၿပီး ရႈ႔ပ္ေထြးလွတဲ့ ပုံရိပ္အသုံးျပဳခေတြရွိေနတယ္ဆိုရင္ေတာင္မွ စပါးအေနနဲ႔ ဒိုင္ဘာလာကို အရေခၚယူခ်င္ခဲ့တာပါ။ အခုေတာ့ ကစားသမားဟာ ဂ်ဴဗင္တပ္မွာပဲ ဆက္ရွိေတာ့မယ္လို႔ ဘီဘီစီသတင္းဌာနမွာ ေဖာ္ျပထားပါတယ္။ ဒိုင္ဘာလာဟာ အခုသီတင္းပတ္အေစာပိုင္းတုန္းကလည္း မန္ယူကိုေျပာင္းႏိုင္မယ့္အခြင့္အေရးကို ျငငး္ဆန္ပယ္ခ်ခဲ့ပါတယ္။

photo-gettyimages

ဒုိင္ဘာလာဟာ ၂၀၁၅ ခုႏွစ္မွာ ပါလာမိုကေန ေျပာင္းေရႊ႕ေၾကးေပါင္ ၂၃ သန္းနဲ႔ ဂ်ဴဗင္တပ္ကိုေရာက္လာခဲ့တာပါ။ ၿပီးခဲ့တဲ့ရာသီကလည္း အဲဒီအီတလီခ်န္ပီယံအတြက္ ၁၀ ဂိုးသြင္းယူေပးထားပါတယ္။ အသက္အရြယ္အရေရာ အရည္အေသြးအရပါ အလားအလာေကာင္းေနဆဲျဖစ္ေပမယ့္ နည္းျပသစ္ဆာရီရဲ႕အစီအစဥ္ထဲမွာ သူပါ၀င္ျခင္းမရွိလို႔ ဒိုင္ဘာလာဟာ ဒီေႏြရာသီမွာ ဂ်ဴဗင္တပ္ရဲ႕အေရာင္းစာရင္းတင္ျခင္းခံခဲ့ရပါတယ္။

[Unicode]

ပရီးမီးယားလိဂ်ကို ဒိုင်ဘာလာရောက်လာမလားလို့ မျှော်လင့်ခဲ့ကြပေမယ့် အခုတော့ ဂျူဗင်တပ်ဘက်က စိတ်ပြောင်းသွားတဲ့အတွက် အဲဒီအာဂျင်တီးနားတိုက်စစ်မှုးဟာ စပါးအသင်းကို ရောက်လာမှာ မဟုတ်တော့ပါဘူး။ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ဒိုင်ဘာလာအတွက် စပါးက ပေါင် ၆၅ သန်းနဲ့ ကမ်းလှမ်းလာမှုကို ဂျူဗင်တပ်ဘက်က လက်ခံခဲ့ပါတယ်။ ဒါပေမဲ့လည်း အခုတော့ မရောင်းချဖို့ သူတို့ဆုံးဖြတ်လိုက်ပါတယ်။

အေးဂျင့်ကြေးမြင့်မားပြီး ရှု့ပ်ထွေးလှတဲ့ ပုံရိပ်အသုံးပြုခတွေရှိနေတယ်ဆိုရင်တောင်မှ စပါးအနေနဲ့ ဒိုင်ဘာလာကို အရခေါ်ယူချင်ခဲ့တာပါ။ အခုတော့ ကစားသမားဟာ ဂျူဗင်တပ်မှာပဲ ဆက်ရှိတော့မယ်လို့ ဘီဘီစီသတင်းဌာနမှာ ဖော်ပြထားပါတယ်။ ဒိုင်ဘာလာဟာ အခုသီတင်းပတ်အစောပိုင်းတုန်းကလည်း မန်ယူကိုပြောင်းနိုင်မယ့်အခွင့်အရေးကို ငြင်းဆန်ပယ်ချခဲ့ပါတယ်။

ဒိုင်ဘာလာဟာ ၂၀၁၅ ခုနှစ်မှာ ပါလာမိုကနေ ပြောင်းရွှေ့ကြေးပေါင် ၂၃ သန်းနဲ့ ဂျူဗင်တပ်ကိုရောက်လာခဲ့တာပါ။ ပြီးခဲ့တဲ့ရာသီကလည်း အဲဒီအီတလီချန်ပီယံအတွက် ၁၀ ဂိုးသွင်းယူပေးထားပါတယ်။ အသက်အရွယ်အရရော အရည်အသွေးအရပါ အလားအလာကောင်းနေဆဲဖြစ်ပေမယ့် နည်းပြသစ်ဆာရီရဲ့အစီအစဉ်ထဲမှာ သူပါဝင်ခြင်းမရှိလို့ ဒိုင်ဘာလာဟာ ဒီနွေရာသီမှာ ဂျူဗင်တပ်ရဲ့အရောင်းစာရင်းတင်ခြင်းခံခဲ့ရပါတယ်။