ဂုိးသမားအဲလစ္ဆန္ ဘယ္ေန႔ေလ့က်င့္ခန္းျပန္ဆင္းႏိုင္မလဲဆုိတာ ဖြင့္ဟလာတဲ့ ကေလာ့ပ္

Photo Credit

Photo Credit

လီဗာပူးအသင္းနည္းျပ ကေလာ့ပ္က ေျခသလုံးႂကြက္သားဒဏ္ရာေၾကာင့္ ရက္သတၱပတ္ ၇ပတ္ၾကာအနားယူေနရတဲ့ ဂိုးသမား အဲလစ္ဆန္အေနနဲ႔ တနဂၤေႏြေန႔မွာ ေလ့က်င့္ခန္းျပန္ဆင္းႏိုင္ဖုိ႔ မ်ားေနေၾကာင္း အတည္ျပဳလုိက္ပါတယ္။

Photo Credit

ဘရာဇီးလက္ေရြးစင္ အဲလစ္ဆန္ဟာ ပရီးမီးယားလိဂ္အဖြင့္ပြဲစဥ္အျဖစ္ ေနာ၀စ္ခ်္ကို ၄-၁ ဂိုးနဲ႔အႏုိင္ရခဲ့တဲ့ပဲြမွာ ဂုိးလြန္ေဘာကန္လုိက္စဥ္ မေတာ္တဆဒဏ္ရာရရွိခဲ့တာျဖစ္ၿပီး ေႏြရာသီအတြင္း အလြတ္ေျပာင္းေရႊ႕ေၾကးနဲ႔ ေခၚယူထားတ့ဲ အက္ဒရီယန္က အစားထိုးကစားခြင့္ရခဲ့ကာ ယခုရာသီပရီးမီးယားလိဂ္ရဲ႕ပူးတြဲခံစစ္အေကာင္းဆုံးအသင္းအျဖစ္ ရပ္တည္ေစႏိုင္ဖု႔ိ ကူညီေပးႏိုင္ခဲ့ပါတယ္။

Photo Credit

အေစာပုိင္းကေတာ့ အဲလစ္ဆန္ရဲ႕ဒဏ္ရာအေျခအေနနဲ႔ပတ္သက္လုိ႔ တိက်ေသခ်ာတဲ့သတင္းထုတ္ျပန္မႈမရွိခဲ့ဘဲ သူ႕အေနနဲ႔ ရက္သတၱပတ္အနည္းငယ္ကေန လအနည္းငယ္အထိ အနားယူရႏုိင္တယ္လုိ႔ ထင္ေၾကးေပးၾကပါတယ္။ ယခုေတာ့ ကေလာ့ပ္က အဲလစ္ဆန္အေနနဲ႔ တနဂၤေႏြေန႔မွာ ေလ့က်င့္ခန္းအျပည့္အ၀ျပန္ဆင္းႏုိင္ေတာ့မယ္လုိ႔ အတည္ျပဳခဲ့ရာ မၾကာခင္ျပန္ကစားႏုိင္ေတာ့မွာျဖစ္ပါတယ္။

Photo Credit

”အဲလစ္ဆန္ပုံစံကိုၾကည့္ရတာေတာ့ ျပန္ကစားႏုိင္ဖု႔ိ နီးစပ္ေနပုံပဲ။ ဒါေပမဲ့ သူျပန္ကစားႏုိင္ဖို႔ ေနာက္ဆုံး ဆုံးျဖတ္ခ်က္ခ်ဖို႔ ေဆးအဖြဲ႕နဲ႔ ေဆြးေႏြးသြားမွာပါ။ အျဖစ္ႏိုင္ဆုံးကေတာ့ တနဂၤေႏြေန႔မွာ အသင္းေဖာ္ေတြနဲ႔အတူ သူေလ့က်င့္ခန္းျပန္ဆင္းႏိုင္ဖို႔ မ်ားပါတယ္။ သူျပန္ကစားႏုိင္ဖို႔ တကယ္ပဲနီးစပ္ေနတာေတာ့အမွန္ပါပဲ။ ကၽြန္ေတာ္က ဆရာ၀န္မဟုတ္ပါဘူး။ ကုိယ္ရရွိလာတဲ့အခ်က္အလက္ေတြကို ျပန္ခ်ျပတဲ့သေဘာပါပဲ”လုိ႔ ကေလာ့ပ္က ေျပာပါတယ္။

Photo Credit

ကေလာ့ပ္ဟာ အဲလစ္ဆန္ နားေနရခ်ိန္မွာ သူ႕ေနရာ အေကာင္းဆုံးအစား၀င္ကစားေနတ့ဲ အက္ဒရီယန္ကိုလည္း ခ်ီးက်ဴးခဲ့ၿပီး အရာအားလုံးလြယ္ကူလာေအာင္ လုပ္ေဆာင္ႏိုင္သူအျဖစ္ သတ္မွတ္ခဲ့ပါတယ္။

Photo Credit

Unicode

ဂိုးသမားအဲလစ်ဆန် ဘယ်နေ့လေ့ကျင့်ခန်းပြန်ဆင်းနိုင်မလဲဆိုတာ ဖွင့်ဟလာတဲ့ ကလော့ပ်

လီဗာပူးအသင်းနည်းပြ ကလော့ပ်က ခြေသလုံးကြွက်သားဒဏ်ရာကြောင့် ရက်သတ္တပတ် ၇ပတ်ကြာအနားယူနေရတဲ့ ဂိုးသမား အဲလစ်ဆန်အနေနဲ့ တနင်္ဂနွေနေ့မှာ လေ့ကျင့်ခန်းပြန်ဆင်းနိုင်ဖို့ များနေကြောင်း အတည်ပြုလိုက်ပါတယ်။
ဘရာဇီးလက်ရွေးစင် အဲလစ်ဆန်ဟာ ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်အဖြစ် နောဝစ်ချ်ကို ၄-၁ ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲမှာ ဂိုးလွန်ဘောကန်လိုက်စဉ် မတော်တဆဒဏ်ရာရရှိခဲ့တာဖြစ်ပြီး နွေရာသီအတွင်း အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူထားတဲ့ အက်ဒရီယန်က အစားထိုးကစားခွင့်ရခဲ့ကာ ယခုရာသီပရီးမီးယားလိဂ်ရဲ့ပူးတွဲခံစစ်အကောင်းဆုံးအသင်းအဖြစ် ရပ်တည်စေနိုင်ဖု့ိ ကူညီပေးနိုင်ခဲ့ပါတယ်။
အစောပိုင်းကတော့ အဲလစ်ဆန်ရဲ့ဒဏ်ရာအခြေအနေနဲ့ပတ်သက်လို့ တိကျသေချာတဲ့သတင်းထုတ်ပြန်မှုမရှိခဲ့ဘဲ သူ့အနေနဲ့ ရက်သတ္တပတ်အနည်းငယ်ကနေ လအနည်းငယ်အထိ အနားယူရနိုင်တယ်လို့ ထင်ကြေးပေးကြပါတယ်။ ယခုတော့ ကလော့ပ်က အဲလစ်ဆန်အနေနဲ့ တနင်္ဂနွေနေ့မှာ လေ့ကျင့်ခန်းအပြည့်အဝပြန်ဆင်းနိုင်တော့မယ်လို့ အတည်ပြုခဲ့ရာ မကြာခင်ပြန်ကစားနိုင်တော့မှာဖြစ်ပါတယ်။
”အဲလစ်ဆန်ပုံစံကိုကြည့်ရတာတော့ ပြန်ကစားနိုင်ဖု့ိ နီးစပ်နေပုံပဲ။ ဒါပေမဲ့ သူပြန်ကစားနိုင်ဖို့ နောက်ဆုံး ဆုံးဖြတ်ချက်ချဖို့ ဆေးအဖွဲ့နဲ့ ဆွေးနွေးသွားမှာပါ။ အဖြစ်နိုင်ဆုံးကတော့ တနင်္ဂနွေနေ့မှာ အသင်းဖော်တွေနဲ့အတူ သူလေ့ကျင့်ခန်းပြန်ဆင်းနိုင်ဖို့ များပါတယ်။ သူပြန်ကစားနိုင်ဖို့ တကယ်ပဲနီးစပ်နေတာတော့အမှန်ပါပဲ။ ကျွန်တော်က ဆရာဝန်မဟုတ်ပါဘူး။ ကိုယ်ရရှိလာတဲ့အချက်အလက်တွေကို ပြန်ချပြတဲ့သဘောပါပဲ”လို့ ကလော့ပ်က ပြောပါတယ်။
ကလော့ပ်ဟာ အဲလစ်ဆန် နားနေရချိန်မှာ သူ့နေရာ အကောင်းဆုံးအစားဝင်ကစားနေတဲ့ အက်ဒရီယန်ကိုလည်း ချီးကျူးခဲ့ပြီး အရာအားလုံးလွယ်ကူလာအောင် လုပ်ဆောင်နိုင်သူအဖြစ် သတ်မှတ်ခဲ့ပါတယ်။