ဂုတ်သွေးစုပ် ဂလေဇာမိသားစုကို ထွက်သွားစေချင်တဲ့ ဂန္တဝင် သရဲနီဟောင်းများ
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
ယူနိုက်တက်ကို ကောင်းကျိုးမပေး ကိုယ်ကျိုးရှာတဲ့ ဂလေဇာမိသားစုကို သရဲနီပရိသတ်တွေကတော့ တော်တော်ကို မျက်မုန်းကျိုးဒေါသထွက်နေကြပါတယ်။
မနေ့က လီဗာပူးနဲ့ပွဲစဉ်မှာလည်း ယူနိုက်တက် ပရိသတ်တွေဟာ အင်နဲ့အားနဲ့ ပြင်းပြင်းထန်ထန်ကို ဆန့်ကျင်ဆန္ဒပြခဲ့ကြပါတယ်။ ဂလေဇာမိသားစုထွက်သွားဖို့၊ အက်ဝုဒ်ဝဒ်ထွက်သွားဖို့ သံပြိုင်အော်ဟစ်ဆန္ဒပြခဲ့ကြပါတယ်။
ဆန္ဒပြဟန့်တားတာတွေရှိခဲ့ပေမယ့် ယူနိုက်တက် – လီဗာပူးပွဲစဉ်ကတော့ အောင်အောင်မြင်မြင် ပြီးမြောက် သွားခဲ့ပါပြီ။
မနေ့က ပွဲပြီးရလဒ်အနေနဲ့ကတော့ ဦးဆိုးလ်က သဘောကောင်းပြီး ကလော့ပ်ကို 3 မှတ် ပေးခဲ့ပါတယ်။
ဂလေဇာမိသားစုကို သရဲနီပရိသတ်တွေသာမက ယူနိုက်တက် သူရဲကောင်းဟောင်းတွေကလည်း အမြင်မကြည်ကြပါဘူး။ ဂယ်ရီနဗီးလ်က
“ပရိသတ်တွေလာကြည့်လို့မရတဲ့ပွဲအတွက် ရဲအင်အားရာဂဏန်းနဲ့ ကွင်းဘေးမှာ ထောင်အကာအရံတွေကာထားရပြီဆိုကတည်းက တစ်ခုခုမှားနေပြီဆိုတာ အသေအချာပါဘဲ။
သေချာစဉ်းစားတတ်ဖို့လိုပါတယ်”ဆိုပြီးပြောပါတယ်။
ရွိုင်ကိန်းကတော့ “တကယ်စိတ်ပူရမှာက ပရိသတ်တွေကွင်းထဲပြန်လာတဲ့အချိန်မှပါ။
ဖြစ်ပျက်နေတဲ့ ကိစ္စတွေကို မကျေနပ်တဲ့လူခုနှစ်သောင်းလောက် ကွင်းထဲကို ရောက်လာတဲ့အခါမှာ အခြေအနေတွေက အခုထက်ဆိုးလာဦးမှာပါ။
ဒီလောက် အနေအထားလောက်နဲ့ ယူနိုက်တက်ပရိသတ်တွေက ရပ်သွားမှာမဟုတ်ပါဘူး။
ပြီးခဲ့တဲ့အပတ်ကလည်း သူတို့ကိုကျွန်တော်တို့အခုလိုမြင်ခဲ့ရတာပဲလေ။
ကျွန်တော့်အထင်တော့ ဒီထက်အများကြီးပိုတဲ့ ဆန္ဒဖော်ထုတ်တာတွေလာပါလိမ့်မယ်။”ဆိုပြီးပြောထားပါတယ်။
ဝိန်းရွန်းနီ က “ဂလေဇာမိသားစုရဲ့ အခြေအနေတွေဟာ ဆိုးဝါးလွန်းပါတယ်။ ကြားရတဲ့သတင်းတွေအရဆိုရင် ယူနိက်တက် အနာဂတ်အတွက်မကောင်းပါဘူး။
အောင်မြင်မှုတွေ သိက္ခာတရားတွေအတွက် စိတ်မချရတော့ပါဘူး”
“ယူနိက်တက် ကို ဂလေဇာမိသားစုမပိုင်သင့်တော့ပါဘူး။ သူတို့ဟာ အသင်းကို ဖျက်လိုဖျက်ဆီးလုပ်နေကြသူတွေပါ။
ယူနိက်တက်ကို ဘယ်သူတွေပိုင်သင့်လဲဆိုတဲ့ အတွေးနဲ့ ပတ်သက်ပြီး ပြောရမယ် ဆိုရင်  ယူနိက်တက်ကို အဂၤလိပ္လူမ်ိဳး သူဌေးတွေပဲ ပိုင်ဆိုင်သင့်တယ်လို့ ထင်ပါတယ်။
အင်္ဂလိပ်လူမျိုးတွေက စီးပွားရေးထက် ဂုဏ်သိက္ခာကို မြတ်နိုးသူတွေဖြစ်လို့ပါ”လို့ ပြောဆိုထားပါတယ်။
ကိုယ့်ကို အလိုမရှိသူတွေ အများကြီးဆိုတာ သိရတဲ့အချိန်မှာ ဂလေဇာမိသားစုအနေနဲ့ မပိုင်ဆိုင်သင့်တဲ့ နေရာကနေ ဆင်းပေးတတ်ဖို့လိုပါတယ်။
နေရာဆိုတာ ကြည်ဖြူတဲ့သူများမှ ရယူတဲ့အခါ စိတ်အေးချမ်းသာဖြစ်စေပါလိမ့်မယ်။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
zawgyi