




M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ




မန်ချက်စတာယူနိုက်တက်အသင်းရဲ့ အင်္ဂလန်လူငယ်တိုက်စစ်ကစားသမားဂရင်းဝုဒ်ဟာ လိဒ်စ်အသင်းကို (၅-၁)ဂိုးနဲ့အနိုင်ရခဲ့တဲ့ပရီးမီးယားလိဂ်ရာသီအဖွင့်ပွဲမှာ ဒုတိယမြောက်ဂိုးသွင်းယူနိုင်ခဲ့တာကြောင့်
အခုဆိုရင် အသင်းသမိုင်းတစ်လျှောက် ဂုဏ်ယူစရာကောင်းတဲ့သွင်းဂိုးပိုင်ရှင်ကစားသမားစာရင်းထဲမှာ တစ်ဦးအပါအဝင်အဖြစ်ရပ်တည်နိုင်ခဲ့ပါပြီ။




အသက်(၁၉)နှစ်အရွယ်သာရှိသေးတဲ့ ဂရင်းဝုဒ်ဟာ ၂၀၁၉ ခုနှစ်မှာ ယူနိုက်တက်အသင်းကြီးအတွက်ပွဲထွက်ကစားခွင့်ရခဲ့ပြီး အခုလောလောဆယ်အထိ စီနီယာအသင်းကစားသမားဘဝမှာ ပြိုင်ပွဲစုံ(၁၀၆)ပွဲကစား၊ ဂိုးပေါင်း(၃၀)သွင်းယူခဲ့ပြီးဖြစ်ပါတယ်။
ယူနိုက်တက်အသင်းရဲ့ သမိုင်းတစ်လျှောက် ဆယ်ကျော်သက်ကစားသမားတွေထဲမှာ အဲဒီလောက်ဂိုးအရေအတွက်သွင်းယူနိုင်ခဲ့တာက ဂရင်းဝုဒ်အပါအဝင် စုစုပေါင်း(၃)ဦးသာရှိသေးပါတယ်။




ယူနိုက်တက်အသင်းဆယ်ကျော်သက်ကစားသမားတွေထဲမှာ ပြိုင်ပွဲစုံဂိုးအများဆုံးသွင်းယူခဲ့သူက ဂန္ထဝင်ကစားသမားတစ်ဦးဖြစ်တဲ့ နော်မန်ဝှိုက်ဆိုဒ်ဖြစ်ပြီး အသက်(၂၀)မပြည့်ခင် စုစုပေါင်း(၃၉)ဂိုးအထိသွင်းယူခဲ့ပါတယ်။
ယူနိုက်တက်အသင်းရဲ့ဂန္ထဝင်စာရင်းထဲမှာအပါအဝင်ဖြစ်သူ ဂျော့ချ်ဘတ်စ်ဟာလည်း ဆယ်ကျော်သက်အရွယ်မှာ အသင်းအတွက် (၃၇)ဂိုးသွင်းယူခဲ့တာကြောင့် နော်မန်ဝှိုက်ဆိုဒ်နဲ့ (၂)ဂိုးသာကွာဟခဲ့တာပါ။




အခုအချိန်မှာတော့ ဂရင်းဝုဒ်ဟာ ဒီကစားသမားနှစ်ဦးနဲ့ယှဉ်ရင် သွင်းဂိုးအရေအတွက်နည်းပါးနေတယ်ဆိုပေမယ့် လာမယ့်အောက်တိုဘာလ(၁)ရက်မှ အသက်(၂၀)ပြည့်မှာဖြစ်လို့ လာမယ့်(၆)ပတ်ကျော်ကာလအတွင်း နော်မန်ဝှိုက်ဆိုဒ်နဲ့ဂျော့ချ်ဘတ်စ်တို့ကို အမီလိုက်နိုင်ဖို့ အချိန်ရပါသေးတယ်။




ဂရင်းဝုဒ်အနေနနဲ့ ယူနိုက်တက်အသင်းသမိုင်းတစ်လျှောက် သွင်းဂိုးအများဆုံးဆယ်ကျော်သက်ကစားသမားဖြစ်ဖို့ဆိုရင် (၁၀)ဂိုးအထိသွင်းယူဖို့လိုအပ်နေပြီး လာမယ့်လတွေအတွင်း ယူနိုက်တက်အသင်းဟာ ပြိုင်ပွဲစုံ(၈)ပွဲလောက်ကစားဖို့ရှိနေပါတယ်။
ယူနိုက်တက်အသင်းဟာ အောက်တိုဘာလ(၁)ရက်မတိုင်ခင် ပရီးမီးယားလိဂ်(၅)ပွဲ၊ ချန်ပီယံလိဂ်အုပ်စုအဖွင့်ပွဲစဉ်(၂)ပွဲ၊ လိဂ်ဖလား(၁)ပွဲကစားရမှာဖြစ်လို့ ဂရင်းဝုဒ်သာ အဲဒီပွဲတွေမှာ ပါဝင်ကစားခွင့်ရပြီး ဂိုးတွေဆက်တိုက်သွင်းယူနိုင်မယ်ဆိုရင်တော့ သမိုင်းဝင်စံချိန်တစ်ခုကို ပိုင်ဆိုင်နိုင်မှာလည်းဖြစ်ပါတယ်။




M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ




Zawgyi
ဂုဏ္ယူစရာေကာင္းတဲ့ သြင္းဂိုးပိုင္ရွင္စာရင္းထဲမွာတစ္ဦးအပါအဝင္ျဖစ္လာတဲ့ ဂရင္းဝုဒ္
မန္ခ်က္စတာယူႏိုက္တက္အသင္းရဲ႕ အဂၤလန္လူငယ္တိုက္စစ္ကစားသမားဂရင္းဝုဒ္ဟာ လိဒ္စ္အသင္းကို (၅-၁)ဂိုးနဲ႔အႏိုင္ရခဲ့တဲ့ပရီးမီးယားလိဂ္ရာသီအဖြင့္ပြဲမွာ ဒုတိယေျမာက္ဂိုးသြင္းယူႏိုင္ခဲ့တာေၾကာင့္ အခုဆိုရင္ အသင္းသမိုင္းတစ္ေလွ်ာက္ ဂုဏ္ယူစရာေကာင္းတဲ့သြင္းဂိုးပိုင္ရွင္ကစားသမားစာရင္းထဲမွာ တစ္ဦးအပါအဝင္အျဖစ္ရပ္တည္ႏိုင္ခဲ့ပါၿပီ။ အသက္(၁၉)ႏွစ္အ႐ြယ္သာရွိေသးတဲ့ ဂရင္းဝုဒ္ဟာ ၂၀၁၉ ခုႏွစ္မွာ ယူႏိုက္တက္အသင္းႀကီးအတြက္ပြဲထြက္ကစားခြင့္ရခဲ့ၿပီး အခုေလာေလာဆယ္အထိ စီနီယာအသင္းကစားသမားဘဝမွာ ၿပိဳင္ပြဲစုံ(၁၀၆)ပြဲကစား၊ ဂိုးေပါင္း(၃၀)သြင္းယူခဲ့ၿပီးျဖစ္ပါတယ္။ ယူႏိုက္တက္အသင္းရဲ႕ သမိုင္းတစ္ေလွ်ာက္ ဆယ္ေက်ာ္သက္ကစားသမားေတြထဲမွာ အဲဒီေလာက္ဂိုးအေရအတြက္သြင္းယူႏိုင္ခဲ့တာက ဂရင္းဝုဒ္အပါအဝင္ စုစုေပါင္း(၃)ဦးသာရွိေသးပါတယ္။ ယူႏိုက္တက္အသင္းဆယ္ေက်ာ္သက္ကစားသမားေတြထဲမွာ ၿပိဳင္ပြဲစုံဂိုးအမ်ားဆုံးသြင္းယူခဲ့သူက ဂႏၴဝင္ကစားသမားတစ္ဦးျဖစ္တဲ့ ေနာ္မန္ဝႈိက္ဆိုဒ္ျဖစ္ၿပီး အသက္(၂၀)မျပည့္ခင္ စုစုေပါင္း(၃၉)ဂိုးအထိသြင္းယူခဲ့ပါတယ္။




ယူႏိုက္တက္အသင္းရဲ႕ဂႏၴဝင္စာရင္းထဲမွာအပါအဝင္ျဖစ္သူ ေဂ်ာ့ခ်္ဘတ္စ္ဟာလည္း ဆယ္ေက်ာ္သက္အ႐ြယ္မွာ အသင္းအတြက္ (၃၇)ဂိုးသြင္းယူခဲ့တာေၾကာင့္ ေနာ္မန္ဝႈိက္ဆိုဒ္နဲ႔ (၂)ဂိုးသာကြာဟခဲ့တာပါ။ အခုအခ်ိန္မွာေတာ့ ဂရင္းဝုဒ္ဟာ ဒီကစားသမားႏွစ္ဦးနဲ႔ယွဥ္ရင္ သြင္းဂိုးအေရအတြက္နည္းပါးေနတယ္ဆိုေပမယ့္ လာမယ့္ေအာက္တိုဘာလ(၁)ရက္မွ အသက္(၂၀)ျပည့္မွာျဖစ္လို႔ လာမယ့္(၆)ပတ္ေက်ာ္ကာလအတြင္း ေနာ္မန္ဝႈိက္ဆိုဒ္နဲ႔ေဂ်ာ့ခ်္ဘတ္စ္တို႔ကို အမီလိုက္ႏိုင္ဖို႔ အခ်ိန္ရပါေသးတယ္။ ဂရင္းဝုဒ္အေနနနဲ႔ ယူႏိုက္တက္အသင္းသမိုင္းတစ္ေလွ်ာက္ သြင္းဂိုးအမ်ားဆုံးဆယ္ေက်ာ္သက္ကစားသမားျဖစ္ဖို႔ဆိုရင္ (၁၀)ဂိုးအထိသြင္းယူဖို႔လိုအပ္ေနၿပီး လာမယ့္လေတြအတြင္း ယူႏိုက္တက္အသင္းဟာ ၿပိဳင္ပြဲစုံ(၈)ပြဲေလာက္ကစားဖို႔ရွိေနပါတယ္။ ယူႏိုက္တက္အသင္းဟာ ေအာက္တိုဘာလ(၁)ရက္မတိုင္ခင္ ပရီးမီးယားလိဂ္(၅)ပြဲ၊ ခ်န္ပီယံလိဂ္အုပ္စုအဖြင့္ပြဲစဥ္(၂)ပြဲ၊ လိဂ္ဖလား(၁)ပြဲကစားရမွာျဖစ္လို႔ ဂရင္းဝုဒ္သာ အဲဒီပြဲေတြမွာ ပါဝင္ကစားခြင့္ရၿပီး ဂိုးေတြဆက္တိုက္သြင္းယူႏိုင္မယ္ဆိုရင္ေတာ့ သမိုင္းဝင္စံခ်ိန္တစ္ခုကို ပိုင္ဆိုင္ႏိုင္မွာလည္းျဖစ္ပါတယ္။