ဂီးနက်စ်ကမ္ဘာ့စံချိန်မှတ်တမ်းဝင်သွားခဲ့တဲ့ လီဗာပူးနောက်ခံလူအာနိုး

photo-guniness world record

photo-guinness world record

ပြီးခဲ့တဲ့လ ဖီဖာ FIFPro ရဲ့နေရာအလိုက်ကမ္ဘာ့အကောင်းဆုံးအသင်းမှာ လီဗာပူးနောက်ခံလူအာနိုး ချန်လှပ်ခံခဲ့ရတာဟာ လုပ်ဇာတ်တစ်ခုနဲ့တောင် တူခဲ့ပါတယ်။ အာနိုးဟာ ပြီးခဲ့တဲ့ရာသီမှာ လီဗာပူးအသင်း ချန်ပီယံလိဂ်မှာဗိုလ်စွဲအောင် ကူညီပေးနိုင်ခဲ့တာပါ။ အဲဒီရာသီမှာပဲ ၂၁ နှစ်အရွယ် အာနိုးဟာ ထူးကဲလှတဲ့စွမ်းဆောင်မှုတွေပြုလုပ်နိုင်ခဲ့ပြီး အဲဒီထဲ ပရီးမီးယားလိဂ်တစ်ပွဲမှာ ဂိုးဖန်တီးမှုဟက်ထရစ်ရခဲ့တဲ့ အသက်အငယ်ဆုံးကစားသမားဖြစ်လာတာနဲ့ လီဗာပူးပရိသတ်တွေဘယ်တော့မှ မမေ့နိုင်လောက်တဲ့ ဘာစီလိုနာကို ၄ ဂိုးပြတ်နိုင်ခဲ့တဲ့ပွဲက မထင်မှတ်တဲ့ဂိုးဖန်တီးမှုတို့ ပါဝင်ပါတယ်။

photo-social media

ဒါကြောင့်လည်း အာနိုးဟာ လီဗာပူးမြို့တွင်းမှာ နံရံဆေးရေးပန်းချီနဲ့ ဂုဏ်ပြုခြင်းခံခဲ့ရပါတယ်။ အခုလည်း အာနိုးဟာ ၂၀၂၀ အတွက် ဂီးနက်စ်ကမ္ဘာ့စံချိန်များမှတ်တမ်းစာအုပ်ထဲမှာ ပါဝင်နိုင်ခဲ့ပြီဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရာသီပရီးမီးယားလိဂ်မှာ ဂိုးဖန်တီးမှု ၁၂ ကြိမ်ပြုလုပ်နိုင်ခဲ့တာကြောင့် ပရီးမီးယားလိဂ်တစ်ရာသီတည်းမှာ ဂိုးဖန်တီးမှုအများဆုံးလုပ်နိုင်ခဲ့တဲ့နောက်ခံလူအဖြစ် ဂီးနက်စ်ကမ္ဘာ့စံချိန်မှတ်တမ်းဝင်ခဲ့တာပါ။ အာနိုးအတွက် ပိုပြီးချိုမြိန်တာက ဂိုးဖန်တီးမှု ၁၁ ကြိမ်ရှိထားတဲ့ အဲဗာတန်နောက်ခံလူနှစ်ယောက်ရဲ့ယခင်စံချိန်ကိုကျော်ဖြတ်ပြီး စံချိန်သစ်တင်နိုင်ခဲ့တာပါ။”ဒါဟာ ဂုဏ်ယူစရာတစ်ခုပါ။ ကျွန်တော်က အမြဲတမ်းရှေ့တက်ချင်ပြီး အခွင့်အရေးတွေ ရနိုင်သလောက်ဖန်တီးကာ အသင်းကို ကူညီပေးချင်တာပါ။ ဂိုးပိုက်ထဲထည့်နိုင်သူတွေလည်း အရေးကြီးတာပါပဲ။ ဘာကြောင့်လဲဆိုတော့ ဘောလုံးဆိုတာ အသင်းလိုက်အားကစားနည်းတစ်ခုပါ။ သူတို့တွေမပါဘဲနဲ့ ဒီစံချိန်မဖြစ်နိုင်ပါဘူး။ ဒါဟာ ကျွန်တော်နဲ့ကျွန်တော့်မိသားစုအတွက် မယုနိုင်စရာဂုဏ်ယူဖွယ်အခိုက်အတန့်တစ်ခုပါ။ နှစ်အနည်းငယ်ကြာအောင် တည်ရှိနေမယ့် တစ်စုံတစ်ခုလို့လည်း မျှော်လင့်ပါတယ်”လို့ အာနိုးက ပြောကြားခဲ့ပါတယ်။

photo-gettyimages

၂၀၂၀ အတွက် ဂီးနက်စ်ကမ္ဘာ့စံချိန်မှတ်တမ်းစာအုပ်ထဲပါဝင်နိုင်ခဲ့တဲ့ဘောလုံးသမားက အာနိုးတစ်ယောက်တည်း မဟုတ်ပါဘူး။ ပီအက်စ်ဂျီကြယ်ပွင့်အမ်ဘက်ပီဟာ Ballond’Or ဆု ဆန်ခါတင်စာရင်းဝင်ခဲ့တဲ့အသက်အငယ်ဆုံးကစားသမားအဖြစ် ပါဝင်ခဲ့ပြီး အက်သလက်တီကိုကြယ်ပွင့်ဂျာအိုဖိလစ်ကလည်း ယူရိုပါလိဂ်ဟက်ထရစ်ရခဲ့တဲ့အသက်အငယ်ဆုံးကစားသမားအဖြစ် ပါဝင်နိုင်ခဲ့တာပါ။ မက်ဆီကလည်း လာလီဂါသမိုင်းတစ်လျှောက်ဂိုးအများဆုံးသွင်းသူအဖြစ် ဒီတစ်ကြိမ်မှာ ပါဝင်ခဲ့ပါတယ်။

[Zawgyi]

ဂီးနက္စ္ကမာၻ႔စံခ်ိန္မွတ္တမ္း၀င္သြားခဲ့တဲ့ လီဗာပူးေနာက္ခံလူအာႏိုး

ၿပီးခဲ့တဲ့လ ဖီဖာ FIFPro ရဲ႕ေနရာအလုိက္ကမာၻ႔အေကာင္းဆုံးအသင္းမွာ လီဗာပူးေနာက္ခံလူအာႏိုး ခ်န္လွပ္ခံခဲ့ရတာဟာ လုပ္ဇာတ္တစ္ခုနဲ႔ေတာင္ တူခဲ့ပါတယ္။ အာႏုိးဟာ ၿပီးခ့ဲတဲ့ရာသီမွာ လီဗာပူးအသင္း ခ်န္ပီယံလိဂ္မွာဗိုလ္စြဲေအာင္ ကူညီေပးႏိုင္ခဲ့တာပါ။ အဲဒီရာသီမွာပဲ ၂၁ ႏွစ္အရြယ္ အာႏိုးဟာ ထူးကဲလွတဲ့စြမ္းေဆာင္မႈေတြျပဳလုပ္ႏိုင္ခဲ့ၿပီး အဲဒီထဲ ပရီးမီးယားလိဂ္တစ္ပြဲမွာ ဂိုးဖန္တီးမႈဟက္ထရစ္ရခဲ့တဲ့ အသက္အငယ္ဆုံးကစားသမားျဖစ္လာတာနဲ႔ လီဗာပူးပရိသတ္ေတြဘယ္ေတာ့မွ မေမ႔ႏိုင္ေလာက္တဲ့ ဘာစီလုိနာကို ၄ ဂိုးျပတ္ႏိုင္ခဲ့တဲ့ပြဲက မထင္မွတ္တဲ့ဂိုးဖန္တီးမႈတို႔ ပါ၀င္ပါတယ္။

ဒါေၾကာင့္လည္း အာႏိုးဟာ လီဗာပူးၿမိဳ႕တြင္းမွာ နံရံေဆးေရးပန္းခ်ီနဲ႔ ဂုဏ္ျပဳျခင္းခံခဲ့ရပါတယ္။ အခုလည္း အာႏိုးဟာ ၂၀၂၀ အတြက္ ဂီးနက္စ္ကမာၻ႔စံခ်ိန္မ်ားမွတ္တမ္းစာအုပ္ထဲမွာ ပါ၀င္ႏိုင္ခဲ့ၿပီျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ရာသီပရီးမီးယားလိဂ္မွာ ဂိုးဖန္တီးမႈ ၁၂ ႀကိမ္ျပဳလုပ္ႏိုင္ခဲ့တာေၾကာင့္ ပရီးမီးယားလိဂ္တစ္ရာသီတည္းမွာ ဂိုးဖန္တီးမႈအမ်ားဆုံးလုပ္ႏိုင္ခဲ့တဲ့ေနာက္ခံလူအျဖစ္ ဂီးနက္စ္ကမာၻ႔စံခ်ိန္မွတ္တမး္၀င္ခဲ့တာပါ။ အာႏိုးအတြက္ ပိုၿပီးခ်ိဳၿမိန္တာက ဂိုးဖန္တီးမႈ ၁၁ ႀကိမ္ရွွိထားတဲ့ အဲဗာတန္ေနာက္ခံလူႏွစ္ေယာက္ရဲ႕ယခင္စံခ်ိန္ကိုေက်ာ္ျဖတ္ၿပီး စံခ်ိန္သစ္တင္ႏိုင္ခဲ့တာပါ။

”ဒါဟာ ဂုဏ္ယူစရာတစ္ခုပါ။ ကၽြန္ေတာ္က အၿမဲတမ္းေရွ႕တက္ခ်င္ၿပီး အခြင့္အေရးေတြ ရႏိုင္သေလာက္ဖန္တီးကာ အသင္းကို ကူညီေပးခ်င္တာပါ။ ဂိုးပိုက္ထဲထည့္ႏိုင္သူေတြလည္း အေရးႀကီးတာပါပဲ။ ဘာေၾကာင့္လဲဆိုေတာ့ ေဘာလုံးဆုိတာ အသင္းလုိက္အားကစားနည္းတစ္ခုပါ။ သူတို႔ေတြမပါဘဲနဲ႔ ဒီစံခ်ိန္မျဖစ္ႏိုင္ပါဘူး။ ဒါဟာ ကၽြန္ေတာ္နဲ႔ကၽြန္ေတာ့္မိသားစုအတြက္ မယုႏိုင္စရာဂုဏ္ယူဖြယ္အခုိက္အတန္႔တစ္ခုပါ။ ႏွစ္အနည္းငယ္ၾကာေအာင္ တည္ရွိေနမယ့္ တစ္စုံတစ္ခုလုိ႔လည္း ေမွ်ာ္လင့္ပါတယ္”လို႔ အာႏိုးက ေျပာၾကားခဲ့ပါတယ္။ ၂၀၂၀ အတြက္ ဂီးနက္စ္ကမာၻ႔စံခ်ိန္မွတ္တမ္းစာအုပ္ထဲပါ၀င္ႏိုင္ခဲ့တဲ့ေဘာလုံးသမားက အာႏိုးတစ္ေယာက္တည္း မဟုတ္ပါဘူး။ ပီအက္စ္ဂ်ီၾကယ္ပြင့္အမ္ဘက္ပီဟာ Ballond’Or ဆု ဆန္ခါတင္စာရင္း၀င္ခဲ့တဲ့အသက္အငယ္ဆုံးကစားသမားအျဖစ္ ပါ၀င္ခဲ့ၿပီး အက္သလက္တီကိုၾကယ္ပြင့္ဂ်ာအိုဖိလစ္ကလည္း ယူရိုပါလိဂ္ဟက္ထရစ္ရခဲ့တဲ့အသက္အငယ္ဆုံးကစားသမားအျဖစ္ ပါ၀င္ႏိုင္ခ့ဲတာပါ။ မက္ဆီကလည္း လာလီဂါသမုိင္းတစ္ေလွ်ာက္ဂိုးအမ်ားဆုံးသြင္းသူအျဖစ္ ဒီတစ္ႀကိမ္မွာ ပါ၀င္ခဲ့ပါတယ္။