ဂိုး ၆၀၀ ကျော် သွင်းထားတဲ့ စီးတီးတိုက်စစ်မှူးကို ခေါ်ယူဖို့ သဘောတူညီမှုရသွားပြီဖြစ်တဲ့ ယူနိုက်တက်

Photo Credit

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

ယူနိုက်တက်ဟာ မြို့ခံပြိုင်ဘက် စီးတီးကနေ လူငယ်တိုက်စစ်မှူး ချာလီမက်နေးလ်ကို ခေါ်ယူဖို့ ပြောင်းရွှေ့ကြေး သဘောတူညီမှုရသွားပြီဖြစ်ကာ အဲဒီအပြောင်းအရွှေ့မှာ ပြောင်းရွှေ့ကြေးက ပေါင် ၁.၃၅ သန်းအထိ မြင့်တက်လာနိုင်တယ်လို့ Goal သတင်းဌာနက ရေးသားဖော်ပြခဲ့ပါတယ်။ အသက် ၁၇ နှစ်အရွယ်ရှိ မက်နေးလ်ဟာ ကစားသမားဘဝကို ယူနိုက်တက်မှာ စတင်ခဲ့ပြီးနောက် လွန်ခဲ့တဲ့ ၆ နှစ်က စီးတီးကို ရောက်သွားပေမယ့် ယူ-၁၈ အသင်းမှာ ပွဲထွက်ခွင့်နည်းပါးနေခဲ့ပြီးနောက် စီးတီးနဲ့ ပရော်ဖက်ရှင်နယ်စာချုပ် မချုပ်ဆိုဖို့ ဆုံးဖြတ်ခဲ့တာပါ။

Photo Credit

ယူနိုက်တက်က အဲဒီအနေအထားကို အနီးကပ်စောင့်ကြည့်နေပြီး ဇွန်လကတည်းက မက်နေးလ်ရဲ့ ပြောင်းရွှေ့ကြေးနဲ့ပတ်သက်လို့ စီးတီးနဲ့ ပြောင်းရွှေ့ကြေး ညှိနှိုင်းခဲ့တာပါ။ မက်နေးလ်က စက်တင်ဘာအစောပိုင်းကမှ အသက် ၁၇ နှစ်ပြည့်ခဲ့တာဖြစ်ပြီး သူက စီးတီးနဲ့ စာချုပ်ချုပ်ဆိုထားမှု မရှိတော့ပေမယ့် နှစ်သင်းကြား ပြောင်းရွှေ့ကြေးသဘောတူညီမှုရဖို့ လိုအပ်နေပြီး အဲဒီလိုမှမဟုတ်ရင် ငွေကြေးကုန်ကျမှုပိုများနိုင်တဲ့ ခုံရုံးအထိတက်ရမှာဖြစ်ပါတယ်။

Photo Credit

အသင်းနှစ်သင်းကြား မက်နေးလ်အတွက် ပြောင်းရွှေ့ကြေးအဖြစ် ပေါင် ၇၅၀၀၀၀ နဲ့ သဘောတူညီခဲ့တာဖြစ်ပြီး စီနီယာအသင်းမှာ သူ့ရဲ့ပွဲထွက်ခွင့်အပေါ် မူတည်ကာ ပြောင်းရွှေ့ကြေးက ပေါင် ၁.၃၅ သန်းအထိ မြင့်တက်လာနိုင်ပါတယ်။ စီးတီးဟာ လူငယ်အဆင့်မှာ ဂိုးပေါင်း ၆၀၀ ကျော်သွင်းယူထားတဲ့ မက်နေးလ်ရဲ့ ဘယ်လိုအပြောင်းအရွှေ့ကနေမဆို ပြောင်းရွှေ့ကြေးရဲ့ ၁ ရာခိုင်နှုန်းရယူဖို့လည်း သဘောတူညီခဲ့ပါတယ်။

Photo Credit

မက်နေးလ်ဟာ ယူနိုက်တက်အသင်းရဲ့ ယူ-၁၈ အသင်းမှာ ပါဝင်ကစားလာနိုင်ပေမယ့် ယခုရာသီမှာ အထောင်တိုက်စစ်မှူးစစ်စစ်မရှိတဲ့ ယူ-၂၃ အသင်းအတွက် အထောက်အပံ့ကောင်းဖြစ်လာနိုင်ပါတယ်။ ယူနိုက်တက်ဟာ ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်း အသင်းရဲ့အကယ်ဒမီအတွက် ငွေကြေးအများအပြားသုံးစွဲလျက်ရှိပြီး ထိပ်တန်းပါရမီရှင်တွေကို ခေါ်ယူအားဖြည့်နေပါတယ်။

Photo Credit

ယူနိုက်တက်ဟာ ပြီးခဲ့တဲ့ ၂၀၁၉ နွေရာသီကလည်း မိုနာကိုအသင်းကနေ လူငယ်ကွင်းလယ်လူ မီဘရီကို ယူရို ၁၀ သန်းနဲ့ ခေါ်ယူအားဖြည့်ခဲ့သလို ယခုနှစ်မှာလည်း ကစားသမားသစ်ခေါ်ယူမှုတွေ အများအပြား ပြုလုပ်ထားပါတယ်။ ယူနိုက်တက်ဟာ ဘာစီလိုနာညာနောက်ခံလူ ဂျူရာဒို၊ ရီးရဲလ်ဘယ်နောက်ခံလူ အယ်လ်ဗာရိုဖာနန်ဒက်ဇ်နဲ့ အက်သလက်တီကိုလူငယ်ကြယ်ပွင့် အလီယန်ဒရိုဂါနာချိုတို့ကို ခေါ်ယူထားပြီးဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

Zawgyi

ဂိုး ၆၀၀ ေက်ာ္ သြင္းထားတ့ဲ စီးတီးတုိက္စစ္မွဴးကို ေခၚယူဖို႔ သေဘာတူညီမႈရသြားၿပီျဖစ္တဲ့ ယူႏုိက္တက္

ယူႏိုက္တက္ဟာ ၿမိဳ႕ခံၿပိဳင္ဘက္ စီးတီးကေန လူငယ္တုိက္စစ္မွဴး ခ်ာလီမက္ေနးလ္ကို ေခၚယူဖုိ႔ ေျပာင္းေရႊ႕ေၾကး သေဘာတူညီမႈရသြားၿပီျဖစ္ကာ အဲဒီအေျပာင္းအေရႊ႕မွာ ေျပာင္းေရႊ႕ေၾကးက ေပါင္ ၁.၃၅ သန္းအထိ ျမင့္တက္လာႏိုင္တယ္လုိ႔ Goal သတင္းဌာနက ေရးသားေဖာ္ျပခဲ့ပါတယ္။ အသက္ ၁၇ ႏွစ္အရြယ္ရွိ မက္ေနးလ္ဟာ ကစားသမားဘ၀ကို ယူႏုိက္တက္မွာ စတင္ခဲ့ၿပီးေနာက္ လြန္ခဲ့တဲ့ ၆ ႏွစ္က စီးတီးကို ေရာက္သြားေပမယ့္ ယူ-၁၈ အသင္းမွာ ပြဲထြက္ခြင့္နည္းပါးေနခဲ့ၿပီးေနာက္ စီးတီးနဲ႔ ပေရာ္ဖက္ရွင္နယ္စာခ်ဳပ္ မခ်ဳပ္ဆုိဖို႔ ဆုံးျဖတ္ခဲ့တာပါ။

ယူႏုိက္တက္က အဲဒီအေနအထားကို အနီးကပ္ေစာင့္ၾကည့္ေနၿပီး ဇြန္လကတည္းက မက္ေနးလ္ရဲ႕ ေျပာင္းေရႊ႕ေၾကးနဲ႔ပတ္သက္လုိ႔ စီးတီးနဲ႔ ေျပာင္းေရႊ႕ေၾကး ညႇိႏိႈင္းခဲ့တာပါ။ မက္ေနးလ္က စက္တင္ဘာအေစာပုိင္းကမွ အသက္ ၁၇ ႏွစ္ျပည့္ခဲ့တာျဖစ္ၿပီး သူက စီးတီးနဲ႔ စာခ်ဳပ္ခ်ဳပ္ဆုိထားမႈ မရွိေတာ့ေပမယ့္ ႏွစ္သင္းၾကား ေျပာင္းေရႊ႕ေၾကးသေဘာတူညီမႈရဖို႔ လိုအပ္ေနၿပီး အဲဒီလုိမွမဟုတ္ရင္ ေငြေၾကးကုန္က်မႈပိုမ်ားႏိုင္တဲ့ ခုံ႐ုံးအထိတက္ရမွာျဖစ္ပါတယ္။

အသင္းႏွစ္သင္းၾကား မက္ေနးလ္အတြက္ ေျပာင္းေရႊ႕ေၾကးအျဖစ္ ေပါင္ ၇၅၀၀၀၀ နဲ႔ သေဘာတူညီခဲ့တာျဖစ္ၿပီး စီနီယာအသင္းမွာ သူ႕ရဲ႕ပဲြထြက္ခြင့္အေပၚ မူတည္ကာ ေျပာင္းေရႊ႕ေၾကးက ေပါင္ ၁.၃၅ သန္းအထိ ျမင့္တက္လာႏိုင္ပါတယ္။ စီးတီးဟာ လူငယ္အဆင့္မွာ ဂိုးေပါင္း ၆၀၀ ေက်ာ္သြင္းယူထားတဲ့ မက္ေနးလ္ရဲ႕ ဘယ္လုိအေျပာင္းအေရႊ႕ကေနမဆို ေျပာင္းေရႊ႕ေၾကးရဲ႕ ၁ ရာခိုင္ႏႈန္းရယူဖုိ႔လည္း သေဘာတူညီခဲ့ပါတယ္။

မက္ေနးလ္ဟာ ယူႏုိက္တက္အသင္းရဲ႕ ယူ-၁၈ အသင္းမွာ ပါ၀င္ကစားလာႏုိင္ေပမယ့္ ယခုရာသီမွာ အေထာင္တုိက္စစ္မွဴးစစ္စစ္မရွိတဲ့ ယူ-၂၃ အသင္းအတြက္ အေထာက္အပံ့ေကာင္းျဖစ္လာႏိုင္ပါတယ္။ ယူႏုိက္တက္ဟာ ၿပီးခဲ့တဲ့ႏွစ္အနည္းငယ္အတြင္း အသင္းရဲ႕အကယ္ဒမီအတြက္ ေငြေၾကးအမ်ားအျပားသုံးစဲြလ်က္ရွိၿပီး ထိပ္တန္းပါရမီရွင္ေတြကို ေခၚယူအားျဖည့္ေနပါတယ္။

ယူႏိုက္တက္ဟာ ၿပီးခဲ့တဲ့ ၂၀၁၉ ေႏြရာသီကလည္း မုိနာကိုအသင္းကေန လူငယ္ကြင္းလယ္လူ မီဘရီကို ယူ႐ို ၁၀ သန္းနဲ႔ ေခၚယူအားျဖည့္ခဲ့သလုိ ယခုႏွစ္မွာလည္း ကစားသမားသစ္ေခၚယူမႈေတြ အမ်ားအျပား ျပဳလုပ္ထားပါတယ္။ ယူႏုိက္တက္ဟာ ဘာစီလုိနာညာေနာက္ခံလူ ဂ်ဴရာဒို၊ ရီးရဲလ္ဘယ္ေနာက္ခံလူ အယ္လ္ဗာ႐ိုဖာနန္ဒက္ဇ္နဲ႔ အက္သလက္တီကိုလူငယ္ၾကယ္ပြင့္ အလီယန္ဒ႐ိုဂါနာခ်ိဳတို႔ကို ေခၚယူထားၿပီးျဖစ္ပါတယ္။