ဂိုးဧရိယာရှေ့ထက်ကျော်လွန် လမ်းသလားကောင်းလို့ ကိုးရိုးကားယားပုံစံမျိုးစုံနဲ့ meme လုပ်ခံနေရတဲ့ ဂိုးသမား ဒေးဗစ်မာရှယ်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ပြီးခဲ့တဲ့ စကော့တလန် နဲ့ ချက်အသင်းတို့ရဲ့ပွဲစဉ်မှာ ချက်တိုက်စစ်မှူး ပက်ထရစ် ရှက်ခ်ရဲ့ ဒုတိယသွင်းဂိုးကြောင့် စကော့တလန် ဂိုးသမားဒေးဗစ်မာရှယ် တစ်ယောက် လူမှုကွန်ရက်မှာ meme လုပ်ပြီး လှောင်ပြောင်ခံနေရပါတယ်။

ဘောလုံးက တစ်ဖက်ဧရိယာထဲ ရောက်နေတယ်ဆိုပြီး ကိုယ့် ဂိုးဧရိယာရှေ့ နယ်ကျော်အလည်ကောင်းနေချိန် ချက်တိုက်စစ်မှူးက အဝေးကနေ ဘောလုံးကန်သွင်းလိုက်တဲ့အခါမှာတော့ ဒေးဗစ်မာရှယ်တစ်ယောက် အပြေးအလွှား လှည့်ပြန်ပြေးခဲ့ပေမယ့် ဂိုးပိုက်နဲ့ ငြိတာပဲ အဖတ်တင်ခဲ့ပါတယ်။

“သွင်းဂိုးနှစ်ဂိုးစလုံးဖမ်းတာမှာ မာရှယ်က တော်တော် အသုံးမကျတာဘဲ”၊ “ဂိုးသမားမာရှယ်က ဘာကိစ္စ ရှိသင့်တဲ့နေရာမှာ မရှိဘဲ ကွင်းအလယ်လောက်အထိ ရောက်နေရတာလဲ” ၊

“ချက်တိုက်စစ်မှူးက တော်ပါတယ်။ ဂိုးသမားမာရှယ်က ဘာကိစ္စ အဲဒီနေရာရောက်နေရတာလဲ” စတဲ့ ဝေဖန်ပြစ်တင်ချက်တွေကအခုချိန်မှာ လူမှုကွန်ရက်ထဲ ပျံ့နေပါတယ်။

ဒါတင်မကသေးပါဘူး။ ဂိုးသမားမာရှယ်ရဲ့ ကိုးရိုးကားယား ဖြစ်ခဲ့တဲ့ မှတ်တမ်းဓါတ်ပုံတွေကို လှောင်ပြောင် သရော်ထားတဲ့ ပို့စ်တွေလည်း ရှိပါတယ်။ ဘောလုံးကို လိုက်ဖမ်းတဲ့ အချိန် လက်ကားယား၊ ခြေကားယားနဲ့ ပြေးလွှားနေတဲ့ပုံကို အပြေးသမားတွေရဲ့ပုံနဲ့ပေါင်းစပ်ပြီး မာရှယ်က အပြေးပြိုင်ပွဲမှာ ပန်းဝင်တဲ့သူပဲ ဆိုပြီး လှောင်ပြောင်ထားကြပါတယ်။

ဂိုးပိုက်နဲ့ မာရှယ်တစ်ယောက် ညိတဲ့ပုံကိုတော့ ပင့်ကူလူသားပုံနဲ့ ပေါင်းစပ်ပြီး ဟာသလုပ်ထားကြပါတယ်။ ပင့်ကူလူသားက လက်ကနေ ပင့်ကူမျှင်တွေနဲ့ ပစ်လိုက်တာကြောင့် မာရှယ်ဟာ ပင့်ကူမျှင်တွေကြားကနေ ရုန်းနေရတဲ့ပုံစံနဲ့လည်း လှောင်ပြောင်ထားကြပါတယ်။

ဘဝက လွယ်လွယ်ကူကူနဲ့ ဖြတ်သန်းရင် ဘယ်လိုပုံစံပြန်လည်သက်ရောက်တယ်ဆိုတာ ဂိုးသမား မာရှယ်ကို ကြည့်ဆိုပြီး သင်ခန်းစာ ပို့ချသူတွေလည်းရှိပါတယ်။

နေရာမှန်ဖို့ အရေးကြီးပါတယ်။ နေရာမယ့် နေရာမှာ မနေတဲ့ ဂိုးသမားတစ်ယောက်ကတော့ ပရိသတ်တွေရဲ့ အပြောမှာ ခေါင်းမဖော်နိုင်အောင်ဖြစ်နေရပါပြီ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ဂိုးဧရိယာေရွ႕ထက္​ေက်ာ္လြန္ လမ္းသလားေကာင္းလို႔ ကိုး႐ိုးကားယားပုံစံမ်ိဳးစုံနဲ႔ meme လုပ္ခံေနရတဲ့ ဂိုးသမား ေဒးဗစ္မာရွယ္

ၿပီးခဲ့တဲ့ စေကာ့တလန္ နဲ႔ ခ်က္အသင္းတို႔ရဲ႕ပြဲစဥ္မွာ ခ်က္တိုက္စစ္မႉး ပက္ထရစ္ ရွက္ခ္ရဲ႕ ဒုတိယသြင္းဂိုး​ေၾကာင့္ စ​ေကာ့တလန္ ဂိုးသမားေဒးဗစ္မာရွယ္ တစ္​ေယာက္ လူမႈကြန္ရက္မွာ meme လုပ္ၿပီး ​ေလွာင္​ေျပာင္ခံ​ေနရပါတယ္။

ေဘာလုံးက တစ္ဖက္ဧရိယာထဲ ​ေရာက္​ေနတယ္ဆိုၿပီး ကိုယ့္ ဂိုးဧရိယာ​ေရွ႕ နယ္​ေက်ာ္အလည္​ေကာင္း​ေနခ်ိန္ ခ်က္တိုက္စစ္မႉးက အ​ေ၀းက​ေန ​ေဘာလုံးကန္သြင္းလိုက္တဲ့အခါမွာ​ေတာ့ ေဒးဗစ္မာရွယ္တစ္​ေယာက္ အ​ေျပးအလႊား လွည့္ျပန္​ေျပးခဲ့​ေပမယ့္ ​ဂိုးပိုက္နဲ႔ ျငိတာပဲ အဖတ္တင္ခဲ့ပါတယ္။

“သြင္းဂိုးႏွစ္ဂိုးစလုံးဖမ္းတာမွာ မာရွယ္က ​ေတာ္​ေတာ္ အသုံးမက်တာဘဲ”၊ “ဂိုးသမားမာရွယ္က ဘာကိစၥ ရွိသင့္တဲ့​ေနရာမွာ မရွိဘဲ ကြင္းအလယ္​ေလာက္အထိ ​​ေရာက္​ေနရတာလဲ” ၊ “ခ်က္တိုက္စစ္မႉး​က​ ေတာ္ပါတယ္။ ဂိုးသမားမာရွယ္က ဘာကိစၥ အဲဒီ​ေနရာ​ေရာက္​ေနရတာလဲ” စတဲ့ ​ေ၀ဖန္ျပစ္တင္ခ်က္​ေတြကအခုခ်ိန္မွာ လူမႈကြန္ရက္ထဲ ပ်ံ႕​ေနပါတယ္။

ဒါတင္မက​ေသးပါဘူး။ ဂိုးသမားမာရွယ္ရဲ႕ ကိုး႐ိုးကားယား ျဖစ္ခဲ့တဲ့ မွတ္တမ္းဓါတ္ပုံ​ေတြကို ​​ေလွာင္​ေျပာင္ သ​ေရာ္ထားတဲ့ ပို႔စ္​ေတြလည္း ရွိပါတယ္။ ​ေဘာလုံးကို လိုက္ဖမ္းတဲ့ အခ်ိန္ လက္ကားယား၊ ​ေျခကားယားနဲ႔ ​ေျပးလႊား​ေနတဲ့ပုံကို အ​​ေျပးသမား​ေတြရဲ႕ပုံနဲ႔​ေပါင္းစပ္ၿပီး မာရွယ္က အ​​ေျပးၿပိဳင္ပြဲမွာ ပန္း၀င္တဲ့သူပဲ ဆိုၿပီး ​ေလွာင္​ေျပာင္ထားၾကပါတယ္။

ဂိုးပိုက္နဲ႔ မာရွယ္တစ္​ေယာက္ ညိတဲ့ပုံကို​ေတာ့ ပင့္ကူလူသားပုံနဲ႔ ​ေပါင္းစပ္ၿပီး ဟာသလုပ္ထားၾကပါတယ္။ ပင့္ကူလူသားက လက္က​ေန ပင့္ကူမွ်င္​ေတြနဲ႔ ပစ္လိုက္တာ​​ေၾကာင့္ မာရွယ္ဟာ ပင့္ကူမွ်င္​ေတြၾကားက​ေန ႐ုန္း​ေနရတဲ့ပုံစံ​နဲ႕လည္း ေလွာင္ေျပာင္ထားၾကပါတယ္။

ဘ၀က လြယ္​လြယ္ကူကူနဲ႔ ျဖတ္သန္းရင္ ဘယ္လိုပုံစံျပန္လည္သက္​ေရာက္တယ္ဆိုတာ ဂိုးသမား မာရွယ္ကို ၾကည့္ဆိုၿပီး သင္ခန္းစာ ပို႔ခ်သူ​ေတြလည္းရွိပါတယ္။ ​ေနရာမွန္ဖို႔ အ​ေရးႀကီးပါတယ္။ ေနရာမယ့္ ​ေနရာမွာ မ​ေနတဲ့ ဂိုးသမားတစ္​ေယာက္က​ေတာ့ ပရိသတ္​ေတြရဲ႕ အ​ေျပာမွာ ​ေခါင္းမ​ေဖာ္ႏိုင္​ေအာင္ျဖစ္​ေနရပါၿပီ။