ဂိုးသွင်းအောင်ပွဲခံစဉ် ဒိုင်ဘာလာကို အမှတ်တမဲ့နမ်းမိခဲ့တဲ့ စီရော်နယ်ဒို

photo-gettyimages

photo-sport bible

အခုတစ်လော ဆိုရှယ်မီဒီယာထက်က ဘောလုံးပရိသတ်တွေကြား အတော်လေးအပြောများနေကြတာက ပါးမားကို အနိုင်ရခဲ့တဲ့ ဂျူဗင်တပ်ရဲ့ပွဲစဉ်မှာ တိုက်စစ်မှုးတွေဖြစ်ကြတဲ့ စီရော်နယ်ဒိုနဲ့ဒိုင်ဘာလာတို့ကြားက ဂိုးသွင်းအောင်ပွဲခံစဉ် အခိုက်အတန့်လေးတစ်ခု ဖြစ်ပါတယ်။ ပြီးခဲ့တဲ့တနင်္ဂနွေမှာကစားခဲ့တဲ့ အဲဒီပွဲမှာ ဂျူဗင်တပ်ဟာ ၂-၁ ဂိုးနဲ့အနိုင်ရခဲ့တာဖြစ်ပြီး ဂျူဗင်တပ်ရတဲ့ ၂ ဂိုးစလုံးကို စီရော်နယ်ဒိုကပဲ သွင်ယူခဲ့တာပါ။ အဲဒီက ဒုတိယဂိုးမှာတော့ စီရော်နယ်ဒိုဟာ ဒိုင်ဘာလာရဲ့ဖန်တီးမှုကတစ်ဆင့် ဂိုးသွင်းယူနိုင်ခဲ့တာပါ။

photo-givemesport

ဒါကြောင့် ဂိုးသွင်းသူနဲ့ဂိုးဖန်တီးသူတို့နှစ်ယောက် အောင်ပွဲခံဖို့ ထောင့်ကန်ဘောအလံတိုင်ဆီကို အတူသွားကြတာဟာ ပုံမှန်ပါပဲ။ ဒါပေမဲ့လည်း ပုံမှန်မဟုတ်တာလေးတစ်ခုတော့ ရှိသွားခဲ့တယ်။ အဲဒီအောင်ပွဲခံပုံကို replay နဲ့ ပြန်ကြည့်တဲ့အခါ စီရော်နယ်ဒိုနဲ့ဒိုင်ဘာလာတို့ကြား အနေခက်စရာအခိုက်အတန့်လေးတစ်ခုဖြစ်သွားခဲ့တာကို တွေ့ရပြီး အဲဒါကပဲ ဆိုရှယ်မီဒီယာထက်မှာ ပျံ့နှံ့သွားခဲ့တာပါ။

https://twitter.com/i/status/1219041751442382848

သူတို့နှစ်ယောက် ပခုံးဖက်ပြီး အတူပြေးလာကြတော့ စီရော်နယ်ဒိုဟာ အမှတ်တမဲ့နဲ့ ဒိုင်ဘာလာကို နမ်းမိခဲ့တာပါ။ ဒါဟာ သူအရမ်းဝမ်းသာလွန်းလို့ ဖြစ်သွားတာလည်း ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ အဲဒါလေးက တိုတောင်းလွန်းတယ်လို့ ဆိုရအောင် ဒိုင်ဘာလာဟာ သူ့ခေါင်းကို ချက်ချင်းလှည့်လိုက်ပြီး အရောက်ပြေးလာကြတဲ့ တခြားအသင်းဖော်တွေနဲ့ အောင်ပွဲခံခဲ့လို့ပါ။

[Zawgyi]

ဂိုးသြင္းေအာင္ပြဲခံစဥ္ ဒုိင္ဘာလာကို အမွတ္တမဲ့နမ္းမိခဲ့တဲ့ စီေရာ္နယ္ဒို

အခုတစ္ေလာ ဆုိရွယ္မီဒီယာထက္က ေဘာလုံးပရိသတ္ေတြၾကား အေတာ္ေလးအေျပာမ်ားေနၾကတာက ပါးမားကို အႏိုင္ရခဲ့တဲ့ ဂ်ဴဗင္တပ္ရဲ႕ပြဲစဥ္မွာ တုိက္စစ္မႈးေတြျဖစ္ၾကတဲ့ စီေရာ္နယ္ဒိုနဲ႔ဒိုင္ဘာလာတို႔ၾကားက ဂိုးသြင္းေအာင္ပြဲခံစဥ္ အခုိက္အတန္႔ေလးတစ္ခု ျဖစ္ပါတယ္။ ၿပီးခဲ့တဲ့တနဂၤေႏြမွာကစားခ့ဲတဲ့ အဲဒီပြဲမွာ ဂ်ဴဗင္တပ္ဟာ ၂-၁ ဂိုးနဲ႔အႏိုင္ရခဲ့တာျဖစ္ၿပီး ဂ်ဴဗင္တပ္ရတဲ့ ၂ ဂိုးစလုံးကို စီေရာ္နယ္ဒိုကပဲ သြင္ယူခဲ့တာပါ။ အဲဒီက ဒုတိယဂိုးမွာေတာ့ စီေရာ္နယ္ဒိုဟာ ဒိုင္ဘာလာရဲ႕ဖန္တီးမႈကတစ္ဆင့္ ဂိုးသြင္းယူႏိုင္ခဲ့တာပါ။

ဒါေၾကာင့္ ဂိုးသြင္းသူနဲ႔ဂိုးဖန္တီးသူတို႔ႏွစ္ေယာက္ ေအာင္ပြဲခံဖို႔ ေထာင့္ကန္ေဘာအလံတိုင္ဆီကို အတူသြားၾကတာဟာ ပုံမွန္ပါပဲ။ ဒါေပမဲ့လည္း ပုံမွန္မဟုတ္တာေလးတစ္ခုေတာ့ ရွိသြားခဲ့တယ္။ အဲဒီေအာင္ပြဲခံပုံကို replay နဲ႔ ျပန္ၾကည့္တဲ့အခါ စီေရာ္နယ္ဒိုနဲ႔ဒိုင္ဘာလာတို႔ၾကား အေနခက္စရာအခိုက္အတန္႔ေလးတစ္ခုျဖစ္သြားခဲ့တာကို ေတြ႕ရၿပီး အဲဒါကပဲ ဆိုရွယ္မီဒီယာထက္မွာ ပ်ံ႕ႏွံ႔သြားခဲ့တာပါ။

သူတို႔ႏွစ္ေယာက္ ပခုံးဖက္ၿပီး အတူေျပးလာၾကေတာ့ စီေရာ္နယ္ဒိုဟာ အမွတ္တမဲ့နဲ႔ ဒိုင္ဘာလာကို နမ္းမိခဲ့တာပါ။ ဒါဟာ သူအရမ္း၀မ္းသာလြန္းလုိ႔ ျဖစ္သြားတာလည္း ျဖစ္ႏိုင္ပါတယ္။ ဒါေပမဲ့ အဲဒါေလးက တိုေတာင္းလြန္းတယ္လုိ႔ ဆုိရေအာင္ ဒိုင္ဘာလာဟာ သူ႔ေခါင္းကို ခ်က္ခ်င္းလွည့္လိုက္ၿပီး အေရာက္ေျပးလာၾကတဲ့ တျခားအသင္းေဖာ္ေတြနဲ႔ ေအာင္ပြဲခံခဲ့လို႔ပါ။