ဂိုးသွင်းအပြီး ပုံတူကတ်ထူပြားနဲ့ထူးထူးခြားခြားအောင်ပွဲခံခဲ့တဲ့ ဝက်စ်ဟမ်းအသင်းစံချိန်တင်သွင်းဂိုးပိုင်ရှင် အန်တိုနီယို

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဝက်စ်ဟမ်းအသင်းသမိုင်းတစ်လျောက် သွင်းဂိုးအများဆုံးဖြစ်လာခဲ့သူ အန်တိုနီယိုဟာ လက်စတာနဲ့ပွဲမှာ ဂိုးသွင်းအပြီး သူ့ပုံစံတူကတ်ထူပြားကို ပွေ့ဖက်နမ်းရှုပ်ပြီးတော့ ထူးထူးခြားခြားအောင်ပွဲခံခဲ့ပါတယ်။

လက်စတာအသင်းကို (၄-၁)ဂိုးနဲ့အနိုင်ရခဲ့တဲ့ပရီးမီးယားလိဂ်ပွဲစဉ်(၂)မှာ အန်တိုနီယိုဟာ တတိယမြောက်ဂိုးကို ဒီကလန်ရိုက်စ်ရဲ့ဖန်တီးပေးမှုကနေ သွင်းယူခဲ့တာဖြစ်ပြီး

ဝက်စ်ဟမ်းအသင်းရဲ့သွင်းဂိုးအများဆုံးအဖြစ်ရပ်တည်နေတဲ့ ဂန္ထဝင်တိုက်စစ်မှူးဒီကာနီယိုရဲ့ (၄၇)ဂိုးအရေအတွက်ကို တစ်ဂိုးအသာနဲ့ကျော်ဖြတ်ခဲ့သလို (၈၄)မိနစ်မှာလည်း နောက်ထပ်တစ်ဂိုးသွင်းယူခဲ့တာကြောင့် အခုဆိုရင် အန်တိုနီယိုရဲ့သွင်းဂိုးက (၄၉)ဂိုးအထိရှိလာပါပြီ။

အန်တိုနီယိုဟာ ပထမဂိုးသွင်းယူပြီးချိန်မှာ သူ့ခန္ဓာကိုယ်အရွယ်အစားအတိုင်း ပုံတူကတ်ထူပြားကို ကိုင်မြှောက်ပြီးတော့ အောင်ပွဲခံခဲ့တာဖြစ်ပြီး ပရိသတ်တွေကလည်း အန်တိုနီယိုရဲ့ ထူးထူးဆန်းဆန်းအောင်ပွဲခံပုံကို နှစ်သက်သဘောကျခဲ့ကြပါတယ်။

ပွဲအပြီးအင်တာဗျူးမှာ အန်တိုနီယိုက “ကျွန်တော်ဟာ သမိုင်းဝင်စံချိန်တစ်ခုရေးထိုးနိုင်မယ်လို့ ကြိုတွေးထားပြီး ထူးခြားတာတစ်ခုခုလုပ်ဖို့ စဉ်းစားခဲ့တာပါ။

အဲဒါနဲ့ပတ်သက်လို့ အခုတစ်ပတ်ထဲမှာပဲ အသင်းဖော်တွေနဲ့တိုင်ပင်ခဲ့ပြီး ‘Save The Last Dance’ ရုပ်ရှင်ထဲကလို တစ်ယောက်နဲ့တစ်ယောက် ကိုင်မြှောက်ပြီးတော့ အောင်ပွဲခံတာက ပိုကောင်းမယ်လို့ ကျွန်တော်ပြောခဲ့ပါတယ်။

အခုတော့ ကျွန်တော့်ပုံတူကတ်ထူပြားကိုပဲ ကိုင်မြှောက်ပြီးအောင်ပွဲခံခဲ့တာဖြစ်ပြီး အဲဒီကတ်ထူပြားကို ကျွန်တော့်သူငယ်ချင်းရမ်ဒေ့ါဖ်က ရှာပေးခဲ့တာဖြစ်ပါတယ်”လို့ပြောကြားခဲ့ပါတယ်။

ဝက်စ်ဟမ်းဂန္ထဝင်တိုက်စစ်မှူးဒီကာနီယိုရဲ့စံချိန်ကို ချိုးဖျက်နိုင်ခဲ့တာနဲ့ပတ်သက်လို့ အန်တိုနီယိုက “တကယ့်ကို မယုံနိုင်လောက်အောင်ပါပဲ။

ပထမပိုင်းကတည်းက ဂိုးသွင်းချင်တဲ့စိတ်များနေလို့ အကောင်းဆုံးမကစားနိုင်ခဲ့ပေမယ့် ဒုတိယပိုင်းမှာတော့ ပုံမှန်အတိုင်းပဲ ကစားခဲ့ပါတယ်။

အခုဆိုရင် ကျွန်တော်တို့အသင်းဟာ အမှတ်ပေးဇယားထိပ်ဆုံးနေရာကို တက်ရောက်နိုင်ခဲ့ပြီဖြစ်ပြီး ဝက်စ်ဟမ်းကစားသမားဘဝ (၇)နှစ်အတွင်း တစ်ခါမှ အမှတ်ပေးဇယားထိပ်ကို မရောက်ခဲ့ဖူးပါဘူး။

ကျွန်တော်တို့ဟာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့်ရှိပြီး ကိုယ့်တာဝန်ကို အကောင်းဆုံးဖြစ်အောင်ကြိုးစားလုပ်ဆောင်သွားမှာပါ”လို့ပြောကြားခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ဂိုးသြင္းအၿပီး ပုံတူကတ္ထူျပားနဲ႔ထူးထူးျခားျခားေအာင္ပြဲခံခဲ့တဲ့ ဝက္စ္ဟမ္းအသင္းစံခ်ိန္တင္သြင္းဂိုးပိုင္ရွင္ အန္တိုနီယို

ဝက္စ္ဟမ္းအသင္းသမိုင္းတစ္ေလ်ာက္ သြင္းဂိုးအမ်ားဆုံးျဖစ္လာခဲ့သူ အန္တိုနီယိုဟာ လက္စတာနဲ႔ပြဲမွာ ဂိုးသြင္းအၿပီး သူ႔ပုံစံတူကတ္ထူျပားကို ေပြ႕ဖက္နမ္းရႈပ္ၿပီးေတာ့ ထူးထူးျခားျခားေအာင္ပြဲခံခဲ့ပါတယ္။ လက္စတာအသင္းကို (၄-၁)ဂိုးနဲ႔အႏိုင္ရခဲ့တဲ့ပရီးမီးယားလိဂ္ပြဲစဥ္(၂)မွာ အန္တိုနီယိုဟာ တတိယေျမာက္ဂိုးကို ဒီကလန္႐ိုက္စ္ရဲ႕ဖန္တီးေပးမႈကေန သြင္းယူခဲ့တာျဖစ္ၿပီး ဝက္စ္ဟမ္းအသင္းရဲ႕သြင္းဂိုးအမ်ားဆုံးအျဖစ္ရပ္တည္ေနတဲ့ ဂႏၴဝင္တိုက္စစ္မႉးဒီကာနီယိုရဲ႕ (၄၇)ဂိုးအေရအတြက္ကို တစ္ဂိုးအသာနဲ႔ေက်ာ္ျဖတ္ခဲ့သလို (၈၄)မိနစ္မွာလည္း ေနာက္ထပ္တစ္ဂိုးသြင္းယူခဲ့တာေၾကာင့္ အခုဆိုရင္ အန္တိုနီယိုရဲ႕သြင္းဂိုးက (၄၉)ဂိုးအထိရွိလာပါၿပီ။ အန္တိုနီယိုဟာ ပထမဂိုးသြင္းယူၿပီးခ်ိန္မွာ သူ႔ခႏၶာကိုယ္အ႐ြယ္အစားအတိုင္း ပုံတူကတ္ထူျပားကို ကိုင္ေျမႇာက္ၿပီးေတာ့ ေအာင္ပြဲခံခဲ့တာျဖစ္ၿပီး ပရိသတ္ေတြကလည္း အန္တိုနီယိုရဲ႕ ထူးထူးဆန္းဆန္းေအာင္ပြဲခံပုံကို ႏွစ္သက္သေဘာက်ခဲ့ၾကပါတယ္။

ပြဲအၿပီးအင္တာဗ်ဴးမွာ အန္တိုနီယိုက “ကြၽန္ေတာ္ဟာ သမိုင္းဝင္စံခ်ိန္တစ္ခုေရးထိုးႏိုင္မယ္လို႔ ႀကိဳေတြးထားၿပီး ထူးျခားတာတစ္ခုခုလုပ္ဖို႔ စဥ္းစားခဲ့တာပါ။ အဲဒါနဲ႔ပတ္သက္လို႔ အခုတစ္ပတ္ထဲမွာပဲ အသင္းေဖာ္ေတြနဲ႔တိုင္ပင္ခဲ့ၿပီး ‘Save The Last Dance’ ႐ုပ္ရွင္ထဲကလို တစ္ေယာက္နဲ႔တစ္ေယာက္ ကိုင္ေျမႇာက္ၿပီးေတာ့ ေအာင္ပြဲခံတာက ပိုေကာင္းမယ္လို႔ ကြၽန္ေတာ္ေျပာခဲ့ပါတယ္။ အခုေတာ့ ကြၽန္ေတာ့္ပုံတူကတ္ထူျပားကိုပဲ ကိုင္ေျမႇာက္ၿပီးေအာင္ပြဲခံခဲ့တာျဖစ္ၿပီး အဲဒီကတ္ထူျပားကို ကြၽန္ေတာ့္သူငယ္ခ်င္းရမ္ေဒ့ါဖ္က ရွာေပးခဲ့တာျဖစ္ပါတယ္”လို႔ေျပာၾကားခဲ့ပါတယ္။

ဝက္စ္ဟမ္းဂႏၴဝင္တိုက္စစ္မႉးဒီကာနီယိုရဲ႕စံခ်ိန္ကို ခ်ိဳးဖ်က္ႏိုင္ခဲ့တာနဲ႔ပတ္သက္လို႔ အန္တိုနီယိုက “တကယ့္ကို မယုံႏိုင္ေလာက္ေအာင္ပါပဲ။ ပထမပိုင္းကတည္းက ဂိုးသြင္းခ်င္တဲ့စိတ္မ်ားေနလို႔ အေကာင္းဆုံးမကစားႏိုင္ခဲ့ေပမယ့္ ဒုတိယပိုင္းမွာေတာ့ ပုံမွန္အတိုင္းပဲ ကစားခဲ့ပါတယ္။ အခုဆိုရင္ ကြၽန္ေတာ္တို႔အသင္းဟာ အမွတ္ေပးဇယားထိပ္ဆုံးေနရာကို တက္ေရာက္ႏိုင္ခဲ့ၿပီျဖစ္ၿပီး ဝက္စ္ဟမ္းကစားသမားဘဝ (၇)ႏွစ္အတြင္း တစ္ခါမွ အမွတ္ေပးဇယားထိပ္ကို မေရာက္ခဲ့ဖူးပါဘူး။ ကြၽန္ေတာ္တို႔ဟာ ကိုယ့္ကိုယ္ကိုယ္ ယုံၾကည္မႈအျပည့္ရွိၿပီး ကိုယ့္တာဝန္ကို အေကာင္းဆုံးျဖစ္ေအာင္ႀကိဳးစားလုပ္ေဆာင္သြားမွာပါ”လို႔ေျပာၾကားခဲ့ပါတယ္။