ဂိုးသွင်းဖို့ကြံနေတဲ့ အလီနဲ့ ၈ွာဒီယိုလာအတွက် မိုက်လိုက်တာ သမီးရယ် ဇာတ်လမ်း

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

စပါးအသင်းက ဥရောပပြိုင်ပွဲဝင်ခွင့်ရဖို့ အခွင့်အရေးနည်းပြီး သောကတွေပွားနေတဲ့အချိန် ချစ်သူနဲ့နှပ်ပြီး သာယာနေတာကတော့ ကွင်းလယ်ကစားသမား ဒယ်လီအလီပါပဲ။

ထူးခြားတာက အလီတွဲနေတဲ့ ကောင်မလေးဟာ မန်စီးတီးနည်းပြ ဂွာဒီယိုလာရဲ့ သမီးကြီး မာရီယာဂွာဒီယိုလာ ဖြစ်နေတာပါ။

အလီဟာ ဒီနှစ်ပရီးမီးယားလိဂ်မှာ တစ်ဂိုးမှမသွင်းနိုင်ခဲ့တဲ့သူဖြစ်ပြီး စပါးအသင်းကလည်း မန်စီးတီးထက် ရပ်တည်မှုအဆင့် အများကြီး နိမ့်နေခဲ့ပါတယ်။

အဖေဖြစ်သူ ၈ွာဒီယိုလာကို မနိုင်လို့ သမီးဖြစ်သူကို စပါးအသင်းကိုယ်စား ဂိုးသွင်းဖို့ အလီက ကြံနေပုံပါပဲ။

အလီနဲ့မာရီယာတို့ဟာ လန်ဒန်မှာရှိတဲ့ rooftop bar တစ်ခုမှာ ကြည်နူးသာယာနေကြပုံတွေကို မီဒီယာတွေက ဖော်ပြခဲ့ကြပါတယ်။

ဒီသတင်းဟာ ပူပူနွေးနွေး ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ထာတဲ့ ၈ွာဒီယိုလာအတွက်ကတော့ မိုက်လိုက်တာ သမီးရယ် ဖြစ်နေမှာ သေချာပါတယ်။

ဘောလုံးသမားစုံတွေတွေအကြားမှာ အဖေဖြစ်သူက ကိုယ်ကစားနေတဲ့ မဟာပြိုင်ဘက်အသင်းက နည်းပြ ဒါမှမဟုတ် ကစားသမားဟောင်း ဖြစ်နေတာမျိုးတွေက မန်ယူက ဗန်ဒီဘိခ်နဲ့ အာဆင်နယ်ကစားသမားဟောင်း ဒင်းနစ်ဘားကမ့်ရဲ့ သမီးတို့တွဲနေတဲ့ကိစ္စမှာကတည်းက ရှိပြီးသားပါ။

မာရီယာဖက်ကတော့ သူနဲ့ အလီတို့ကိစ္စကို သူငယ်ချင်းတွေပ်လို့ ပြောကြားထားပေမယ့် သူတို့၂ယောက်ရဲ့ ပြုမူနေထိုင်ပုံတွေက သူငယ်ချင်းအဆင့်ထက်ပိုတယ်လို့ မျက်မြင်တွေ့ရှိသူတွေက the sun ကို ပြောကြားထားပါတယ်။

နေရာကြိုတင်ယူရတဲ့ဝိုင်းတွေ အပြည့်ရှိတဲ့ bar မှာ အလီနဲ့ မာရီယာတို့ဟာ ပတ်ဝန်းကျင်ကို ၈ရုမစိုက်ဘဲ သာယာနေကြပေမယ့် အလီရဲ့ ထူးခြားတဲ့ ဆံပင်ပုံစံကြောင့် အခြားဝိုင်းတွေအားလုံးက သူတို့ ၂ယောက်ဆီကိုပဲ မျက်လုံးတွေက ရောက်နေခဲ့ကြတာပါ။

အသက် ၂၅ နှစ်ရှိ အလီဟာ သူနဲ့ ကာလရှည်တွဲလာခဲ့တဲ့ မော်ဒယ်ရူဘီမေလ်ကထားခဲ့တဲ့အတွက် Single ဖြစ်နေခဲ့တာပါ။

မာရီမေလ်က ဂိမ်းဆော့တာ အရမ်းမက်လွန်းပြီး သူ့ကို အချိန်မပေးတဲ့အတွက် ဂိမ်းနဲ့သူမ ဘယ်ဟာရွေးမလဲဆိုပြီး အလီကို ရွေးချယ်ခိုင်းခဲ့ပြီး ဖြတ်ခဲ့တာလည်း ဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ဂိုးသြင္းဖို႔ႀကံေနတဲ့ အလီနဲ႔ ၈ြာဒီယိုလာအတြက္ မိုက္လိုက္တာ သမီးရယ္ ဇာတ္လမ္း

စပါးအသင္းက ဥေရာပၿပိဳင္ပြဲဝင္ခြင့္ရဖို႔ အခြင့္အေရးနည္းၿပီး ေသာကေတြပြားေနတဲ့အခ်ိန္ ခ်စ္သူနဲ႔ႏွပ္ၿပီး သာယာေနတာကေတာ့ ကြင္းလယ္ကစားသမား ဒယ္လီအလီပါပဲ။

ထူးျခားတာက အလီတြဲေနတဲ့ ေကာင္မေလးဟာ မန္စီးတီးနည္းျပ ဂြာဒီယိုလာရဲ႕ သမီးႀကီး မာရီယာဂြာဒီယိုလာ ျဖစ္ေနတာပါ။ အလီဟာ ဒီႏွစ္ပရီးမီးယားလိဂ္မွာ တစ္ဂိုးမွမသြင္းႏိုင္ခဲ့တဲ့သူျဖစ္ၿပီး စပါးအသင္းကလည္း မန္စီးတီးထက္ ရပ္တည္မႈအဆင့္ အမ်ားႀကီး နိမ့္ေနခဲ့ပါတယ္။ အေဖျဖစ္သူ ၈ြာဒီယိုလာကို မႏိုင္လို႔ သမီးျဖစ္သူကို စပါးအသင္းကိုယ္စား ဂိုးသြင္းဖို႔ အလီက ႀကံေနပုံပါပဲ။

အလီနဲ႔မာရီယာတို႔ဟာ လန္ဒန္မွာရွိတဲ့ rooftop bar တစ္ခုမွာ ၾကည္ႏူးသာယာေနၾကပုံေတြကို မီဒီယာေတြက ေဖာ္ျပခဲ့ၾကပါတယ္။ ဒီသတင္းဟာ ပူပူေႏြးေႏြး ပရီးမီးယားလိဂ္ခ်န္ပီယံျဖစ္ထာတဲ့ ၈ြာဒီယိုလာအတြက္ကေတာ့ မိုက္လိုက္တာ သမီးရယ္ ျဖစ္ေနမွာ ေသခ်ာပါတယ္။ ေဘာလုံးသမားစုံေတြေတြအၾကားမွာ အေဖျဖစ္သူက ကိုယ္ကစားေနတဲ့ မဟာၿပိဳင္ဘက္အသင္းက နည္းျပ ဒါမွမဟုတ္ ကစားသမားေဟာင္း ျဖစ္ေနတာမ်ိဳးေတြက မန္ယူက ဗန္ဒီဘိခ္နဲ႔ အာဆင္နယ္ကစားသမားေဟာင္း ဒင္းနစ္ဘားကမ့္ရဲ႕ သမီးတို႔တြဲေနတဲ့ကိစၥမွာကတည္းက ရွိၿပီးသားပါ။

မာရီယာဖက္ကေတာ့ သူနဲ႔ အလီတို႔ကိစၥကို သူငယ္ခ်င္းေတြပ္လို႔ ေျပာၾကားထားေပမယ့္ သူတို႔၂ေယာက္ရဲ႕ ျပဳမူေနထိုင္ပုံေတြက သူငယ္ခ်င္းအဆင့္ထက္ပိုတယ္လို႔ မ်က္ျမင္ေတြ႕ရွိသူေတြက the sun ကို ေျပာၾကားထားပါတယ္။ ေနရာႀကိဳတင္ယူရတဲ့ဝိုင္းေတြ အျပည့္ရွိတဲ့ bar မွာ အလီနဲ႔ မာရီယာတို႔ဟာ ပတ္ဝန္းက်င္ကို ၈႐ုမစိုက္ဘဲ သာယာေနၾကေပမယ့္ အလီရဲ႕ ထူးျခားတဲ့ ဆံပင္ပုံစံေၾကာင့္ အျခားဝိုင္းေတြအားလုံးက သူတို႔ ၂ေယာက္ဆီကိုပဲ မ်က္လုံးေတြက ေရာက္ေနခဲ့ၾကတာပါ။

အသက္၂၅ႏွစ္ရွိ အလီဟာ သူနဲ႔ ကာလရွည္တြဲလာခဲ့တဲ့ ေမာ္ဒယ္႐ူဘီေမလ္ကထားခဲ့တဲ့အတြက္ Single ျဖစ္ေနခဲ့တာပါ။ မာရီေမလ္က ဂိမ္းေဆာ့တာ အရမ္းမက္လြန္းၿပီး သူ႔ကို အခ်ိန္မေပးတဲ့အတြက္ ဂိမ္းနဲ႔သူမ ဘယ္ဟာေ႐ြးမလဲဆိုၿပီး အလီကို ေ႐ြးခ်ယ္ခိုင္းခဲ့ၿပီး ျဖတ္ခဲ့တာလည္း ျဖစ္ပါတယ္။