ဂိုးသွင်းပြီးနောက် ပရိသတ်တွေကို စာတန်းနဲ့နှစ်သိမ့်ဖို့ ကြိုးစားခဲ့တဲ့ ဆက်ဆူအိုလိုတိုက်စစ်မှုး

photo-EPA

photo-EPA

ဘရက်စီယာနဲ့မနေ့ညကစားခဲ့တဲ့ စီးရီးအေပွဲစဉ်မှာ ဆက်ဆူအိုလိုတိုက်စစ်မှုးကာပူတိုဟာ ဂိုးသွင်းပြီးနောက် ရုပ်သံကင်မရာရှေ့သွားကာ စာတန်းထောင်ပြပြီး အိမ်မှာသာအားပေးခွင့်ရတော့တဲ့ အီတလီဘောလုံးပရိသတ်တွေကို နှစ်သိမ့်ဖို့ ကြိုးစားခဲ့ပါတယ်။ အိမ်ရှင်ဆက်ဆူအိုလိုက ၃-၀ ဂိုးနဲ့အနိုင်ရခဲ့တဲ့အဲဒီပွဲဟာ ဒီမတ်လအတွင်းမှာ ကစားတဲ့ နောက်ဆုံးအီတလီဘောလုံးပွဲလည်း ဖြစ်ခဲ့မှာပါ။ ဘာကြောင့်လဲဆိုတော့ အဲဒီပွဲမတိုင်ခင်လေးမှာပဲ စီးရီးအေအပါအဝင် အီတလီမှာရှိတဲ့အားကစားပွဲတွေအားလုံးကို လာမယ့်ဧပြီလ ၃ ရက်နေ့အထိတိုင်အောင် ရွှေ့ဆိုင်းတော့မယ်လို့ အီတလီအမျိုးသားအိုလံပစ်ကော်မတီက ကြေညာခဲ့လို့ပါ။

photo-AP

အဲဒီပွဲမှာ ဆက်ဆူအိုလိုတိုက်စစ်မှုးကာပူတိုဟာ ၂ ဂိုးသွင်းယူခဲ့ပြီး အိမ်ရှင်အတွက် အဖွင့်ဂိုးစသွင်းနိုင်ခဲ့ပြီးနောက် အရန်ခုံတန်းကိုသွားရောက်ပြီး စာတန်းသွားယူကာ ရုပ်သံကင်မရာရှေ့လာပြီး ထောင်ပြခဲ့တာပါ။ အဲဒီစာတန်းမှာ ရေးထားတာက”အရာအားလုံး အဆင်ပြေသွားမှာပါ။ ဘေးကင်းလုံခြုံအောင် အိမ်မှာပဲ ဆက်နေကြပါ”လို့ ဖြစ်ပါတယ်။

photo-PA Images

အီတလီဟာ ကိုရိုနာဗိုင်းရပ်စ်နဲ့ပတ်သက်ပြီး တရုတ်နဲ့ တောင်ကိုရီးယားတို့ပြီးရင် တတိယအမြင့်ဆုံးရိုက်ခတ်ခံနေရတဲ့ နိုင်ငံဖြစ်ပါတယ်။ လက်ရှိမှာလည်း ကိုရိုနာကူးစက်ခံရမှုနဲ့ သေဆုံးနှုန်းက တစ်ရှိန်တိုးမြင့်တက်သွားတဲ့အတွက် အီတလီမြောက်ပိုင်းတင်မဟုတ်တော့ဘဲ တစ်နိုင်ငံလုံးအနှံ့အတွက် အရေးပေါ်ကြေညာချက်ထုတ်ပြန်လိုက်ရပြီဖြစ်ပါတယ်။ စီးရီးအေပြိုင်ပွဲဟာ ဒုတိယကမ္ဘာစစ်ပြီးကတည်းက အခုလိုရွှေ့ဆိုင်းရတာမျိုး မရှိခဲ့ပါဘူး။

[Zawgyi]

ဂိုးသြငး္ၿပီးေနာက္ ပရိသတ္ေတြကို စာတန္းနဲ႔ႏွစ္သိမ့္ဖို႔ ႀကိဳးစားခဲ့တဲ့ ဆက္ဆူအိုလိုတိုက္စစ္မႈး

ဘရက္စီယာနဲ႔မေန႔ညကစားခဲ့တဲ့ စီးရီးေအပြဲစဥ္မွာ ဆက္ဆူအုိလိုတိုက္စစ္မႈးကာပူတိုဟာ ဂိုးသြင္းၿပီးေနာက္ ရုပ္သံကင္မရာေရွ႕သြားကာ စာတန္းေထာင္ျပၿပီး အိမ္မွာသာအားေပးခြင့္ရေတာ့တဲ့ အီတလီေဘာလုံးပရိသတ္ေတြကို ႏွစ္သိမ့္ဖို႔ ႀကိဳးစားခဲ့ပါတယ္။ အိမ္ရွင္ဆက္ဆူအုိလိုက ၃-၀ ဂိုးနဲ႔အႏိုင္ရခဲ့တဲ့အဲဒီပြဲဟာ ဒီမတ္လအတြင္းမွာ ကစားတဲ့ ေနာက္ဆုံးအီတလီေဘာလုံးပြဲလည္း ျဖစ္ခဲ့မွာပါ။ ဘာေၾကာင့္လဲဆုိေတာ့ အဲဒီပြဲမတိုင္ခင္ေလးမွာပဲ စီးရီးေအအပါအ၀င္ အီတလီမွာရွိတဲ့အားကစားပြဲေတြအားလုံးကို လာမယ့္ဧၿပီလ ၃ ရက္ေန႔အထိတိုင္ေအာင္ ေရႊ႕ဆုိင္းေတာ့မယ္လုိ႔ အီတလီအမ်ိဳးသားအုိလံပစ္ေကာ္မတီက ေၾကညာခဲ့လို႔ပါ။

အဲဒီပြဲမွာ ဆက္ဆူအုိလိုတိုက္စစ္မႈးကာပူတိုဟာ ၂ ဂိုးသြင္းယူခဲ့ၿပီး အိမ္ရွင္အတြက္ အဖြင့္ဂိုးစသြင္းႏိုင္ခဲ့ၿပီးေနာက္ အရန္ခုံတန္းကိုသြားေရာက္ၿပီး စာတန္းသြားယူကာ ရုပ္သံကင္မရာေရွ႕လာၿပီး ေထာင္ျပခဲ့တာပါ။ အဲဒီစာတန္းမွာ ေရးထားတာက”အရာအားလုံး အဆင္ေျပသြားမွာပါ။ ေဘးကင္းလုံၿခဳံေအာင္ အိမ္မွာပဲ ဆက္ေနၾကပါ”လို႔ ျဖစ္ပါတယ္။

အီတလီဟာ ကိုရိုနာဗုိင္းရပ္စ္နဲ႔ပတ္သက္ၿပီး တရုတ္နဲ႔ ေတာင္ကိုရီးယားတို႔ၿပီးရင္ တတိယအျမင့္ဆုံးရိုက္ခတ္ခံေနရတဲ့ ႏိုင္ငံျဖစ္ပါတယ္။ လက္ရွိမွာလည္း ကိုရိုနာကူးစက္ခံရမႈနဲ႔ ေသဆုံးႏႈန္းက တစ္ရွိန္တုိးျမင့္တက္သြားတဲ့အတြက္ အီတလီေျမာက္ပိုင္းတင္မဟုတ္ေတာ့ဘဲ တစ္ႏိုင္ငံလုံးအႏွ႔ံအတြက္ အေရးေပၚေၾကညာခ်က္ထုတ္ျပန္လုိက္ရၿပီျဖစ္ပါတယ္။ စီးရီးေအၿပိဳင္ပြဲဟာ ဒုတိယကမာၻစစ္ၿပီးကတည္းက အခုလိုေရႊ႕ဆိုင္းရတာမ်ိဳး မရွိခဲ့ပါဘူး။