

ဘုန်းမောက်ကိုအနိုင်ရတဲ့ ပရီးမီးယားလိဂ်အဝေးကွင်းပွဲစဉ်မှာ ဝုဗ်အသင်းအတွက် ဦးဆောင်ဂိုးသွင်းပေးနိုင်ခဲ့တဲ့ မော်တင်ညိုဟာ ပွဲအပြီးမှာပဲ မိခင်ကလပ်ရဲ့စာချုပ်သက်တမ်းတိုးခြင်းကိုခံခဲ့ရပါတယ်။ပေါ်တူဂီလက်ရွေးစင်ကို ဝုဗ်က ၃နှစ်သက်တမ်းတိုးခဲ့တာဖြစ်ပြီး စာချုပ်သစ်အရ ၂၀၂၂ခုနှစ်အထိရှိနေတော့မှာဖြစ်ပါတယ်။၂၀၁၈ ခုနှစ်မှာ ပရီးမီးယားလိဂ်ကို ဝုဗ် တန်းတက်လာပြီးတဲ့နောက် ရောက်ရှိလာခဲ့တဲ့ ကွင်းလယ်လူမော်တင်ညိုဟာ ၆၇ပွဲ ပါဝင်ကစားပေးထားပြီး ၂ဂိုးသွင်းပေးထားပါတယ်။

”အရမ်းကိုလွယ်ကူတဲ့ဆုံးဖြတ်ချက်ပါ။ ဘာကြောင့်လဲဆိုတော့ ဒီမှာအလွန်ကောင်းတဲ့ ခံစားချက်မျိုးရလို့ပါပဲ။ လိုချင်တဲ့အရာအချို့ကို လုပ်ယူနိုင်စွမ်းရှိတဲ့အသင်းကြီးတစ်သင်းဖြစ်ပြီး ကျွန်တော့်ဘက်ကအ ကောင်းဆုံးဖြစ်ဖို့ အကူအညီပေးချင်ပါတယ်။ ပြီးခဲ့တဲ့ရာသီမှာ ကျွန်တော်တို့အကောင်းဆုံးလုပ်နိုင်ခဲ့သလို ဒီရာသီမှာလည်းပိုကောင်းအောင် ကြိုးစားသွားမှာပါ။ ကျွန်တော့်ဘက်ကအသင်းအတွက် ရာနှုန်းပြည့်ပေးဆပ်သွားမှာပါ။ ဒီနေ့မှာအရေးကြီးတဲ့နိုင်ပွဲတစ်ပွဲရခဲ့သလို စာချုပ်သစ်ချုပ်ဆိုနိုင်ခဲ့တဲ့အတွက် အရမ်းကိုကောင်းပါတယ်။

အသင်းနိုင်ပွဲအတွက်ကူညီနိုင်ခဲ့လို့ ပျော်ရွှင်မိသလို နောက်ထပ် ၂နှစ်၊ ၃နှစ်လောက်အထိကူညီသွားနိုင်ဦးမယ်လို့လည်း မျှော်လင့်ပါတယ်” လို့ စာချုပ်သစ်ချုပ်ဆိုပြီးတဲ့နောက် မော်တင်ညိုက ဖွင့်ဟပါတယ်။ မော်တင်ညိုဟာ ကစားသမားဘဝကို စပို့တင်းလစ္စဘွန်းအသင်းနဲ့အတူစတင်ခဲ့သူဖြစ်ပြီး အဲဒီနောက် ပေါ်တို၊ မိုနာကိုအသင်းတွေဆီပြောင်းရွှေ့ခဲ့သလို ပေါ်တူဂီလက်ရွေးစင်အသင်းအတွက်လည်း ပွဲပေါင်း ၁၀၀ကျော် ကစားပေးထားသူဖြစ်ပါတယ်။
(zawgyi)
ဘုန္းေမာက္ကိုအႏိုင္ရတဲ့ ပရီးမီးယားလိဂ္အေ၀းကြင္းပြဲစဥ္မွာ ၀ုဗ္အသင္းအတြက္ ဦးေဆာင္ဂိုးသြင္းေပးႏိုင္ခဲ့တဲ့ ေမာ္တင္ညိဳဟာ ပြဲအၿပီးမွာပဲ မိခင္ကလပ္ရဲ႕စာခ်ဳပ္သက္တမ္းတိုးျခင္းကိုခံခဲ့ရပါတယ္။ေပၚတူဂီလက္ေရြးစင္ကို ၀ုဗ္က ၃ႏွစ္သက္တမ္းတိုးခဲ့တာျဖစ္ၿပီး စာခ်ဳပ္သစ္အရ ၂၀၂၂ခုႏွစ္အထိရွိေနေတာ့မွာျဖစ္ပါတယ္။၂၀၁၈ ခုႏွစ္မွာ ပရီးမီးယားလိဂ္ကို ၀ုဗ္ တန္းတက္လာၿပီးတဲ့ေနာက္ ေရာက္ရွိလာခဲ့တဲ့ ကြင္းလယ္လူေမာ္တင္ညိဳဟာ ၆၇ပြဲ ပါ၀င္ကစားေပးထားၿပီး ၂ဂိုးသြင္းေပးထားပါတယ္။”အရမ္းကိုလြယ္ကူတဲ့ဆံုးျဖတ္ခ်က္ပါ။ ဘာေၾကာင့္လဲဆိုေတာ့ ဒီမွာအလြန္ေကာင္းတဲ့ ခံစားခ်က္မ်ိဳးရလို႔ပါပဲ။ လိုခ်င္တဲ့အရာအခ်ိဳ႔ကို လုပ္ယူႏိုင္စြမ္းရွိတဲ့အသင္းၾကီးတစ္သင္းျဖစ္ျပီး ကၽြန္ေတာ့္ဘက္ကအ ေကာင္းဆံုးျဖစ္ဖို႔ အကူအညီေပးခ်င္ပါတယ္။ ျပီးခဲ့တဲ့ရာသီမွာ ကၽြန္ေတာ္တို႔အေကာင္းဆံုးလုပ္ႏိုင္ခဲ့သလို ဒီရာသီမွာလည္းပိုေကာင္းေအာင္ ၾကိဳးစားသြားမွာပါ။ ကၽြန္ေတာ့္ဘက္ကအသင္းအတြက္ ရာႏွဳန္းျပည့္ေပးဆပ္သြားမွာပါ။ ဒီေန႔မွာအေရးၾကီးတဲ့ႏိုင္ပြဲတစ္ပြဲရခဲ့သလို စာခ်ဳပ္သစ္ခ်ဳပ္ဆိုႏိုင္ခဲ့တဲ့အတြက္ အရမ္းကိုေကာင္းပါတယ္။ အသင္းႏိုင္ပြဲအတြက္ကူညီႏိုင္ခဲ့လို႔ ေပ်ာ္ရႊင္မိသလို ေနာက္ထပ္ ၂ႏွစ္၊ ၃ႏွစ္ေလာက္အထိကူညီသြားႏိုင္ဦးမယ္လို႔လည္း ေမွ်ာ္လင့္ပါတယ္” လို႔ စာခ်ဳပ္သစ္ခ်ဳပ္ဆိုၿပီးတဲ့ေနာက္ ေမာ္တင္ညိဳက ဖြင့္ဟပါတယ္။ ေမာ္တင္ညိဳဟာ ကစားသမားဘ၀ကို စပို႔တင္းလစၥဘြန္းအသင္းနဲ႔အတူစတင္ခဲ့သူျဖစ္ျပီး အဲဒီေနာက္ ေပၚတို၊ မိုနာကိုအသင္းေတြဆီေျပာင္းေရႊ႔ခဲ့သလို ေပၚတူဂီလက္ေရြးစင္အသင္းအတြက္လည္း ပြဲေပါင္း ၁၀၀ေက်ာ္ ကစားေပးထားသူျဖစ္ပါတယ္။