ဂိုးသွင်းနိုင်တဲ့ ချန်ပီယံလိဂ်ပြိုင်ဘက်အရေအတွက်မှာ စီရော်နယ်ဒိုကိုကျေ်တက်သွားတဲ့ မက်ဆီ

photo-gettyimages

photo-express

ဒေါ့မန်ကို ၃-၁ ဂိုးနဲ့အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ဂိုးသွင်းယူခဲ့ပြီးနောက် ဘာစီလိုနာတိုက်စစ်မှုးမက်ဆီအတွက် နောက်ထပ်စံချိန်မှတ်တမ်းတစ်ခုဖြစ်သွားပါတယ်။ ဘာစီလိုနာဟာ အဲဒီနိုင်ပွဲကြောင့် နောက်တစ်ဆင့်တက်ရောက်သွားသလို အုပ်စုဗိုလ်အဖြစ်လည်း သေချာသွားပါတယ်။ သူဟာ အဲဒီပွဲမှာ ဂိုးသွင်းယူခဲ့သလို တိုက်စစ်ကစားဖော်တွေဖြစ်ကြတဲ့ ဆွာရက်ဇ်နဲ့ ဂရစ်ဇ်မန်းတို့ရဲ့ဂိုးတွေကိုလည်း ဖန်တီးပေးနိုင်ခဲ့ပါတယ်။

photo-AP

အဲဒီပွဲက ဂိုးကြောင့်လည်း ဒေါ့မန်ဟာ ချန်ပီယံလိဂ်မှာ မက်ဆီဂိုးသွင်းနိုင်တဲ့ ၃၄ သင်းမြောက်ပြိုင်ဘက်ဖြစ်လာပါတယ်။ အရင်က မက်ဆီဟာ ဂိုးသွင်းနိုင်တဲ့ချန်ပီယံလိဂ်ပြိုင်ဘက်အရေအတွက်မှာ ၃၃ သင်းစီနဲ့ စီရော်နယ်ဒိုနဲ့တူညီနေတာပါ။ အခုတော့ အဲဒီနေရာမှာ စီရော်နယ်ဒိုကို ကျော်တက်သွားခဲ့ပြီ ဖြစ်ပါတယ်။ ဒါပေမဲ့ ချန်ပီယံလိဂ်သမိုင်းမှာ ဂိုးအများဆုံးသွင်းထားသူဆိုတဲ့ စီရော်နယ်ဒိုရဲ့လက်ရှိစံချိန်ကိုတော့ လိုက်မမီသေးပါဘူး။ အဲဒီနေရာမှာ စီရော်နယ်ဒိုက ၁၂၇ ဂိုးသွင်းထားပြီး မက်ဆီကတော့ ၁၁၄ ဂိုးသာရှိသေးတာပါ။

photo-gettyimages

ဒါပေမဲ့လည်း သူ့ကစားသမားဘဝရဲ့ပွဲ ၇၀၀ မြောက်မှာ ၁ ဂိုးသွင်း၊ ၂ ဂိုးဖန်တီးနိုင်ခဲ့တာဆိုတော့ မက်ဆီအတွက်တော့ ကျေနပ်စရာဖြစ်ပြီး သူ့အသင်းကိုလည်း နောက်တစ်ဆင့်တက်နိုင်စေခဲ့တာပါ။ အထူးသဖြင့် မဟာပြိုင်ဘက်စီရော်နယ်ဒို ဂိုးမသွင်းနိုင်တဲ့ချန်ပီယံလိဂ်ရက်သတ္တပတ်မှာ သူခြေစွမ်းပြပြီး စံချိန်သစ်တစ်ခုလည်း ရသွားခဲ့တာ ဖြစ်ပါတယ်။

[Zawgyi]

ဂိုးသြင္းႏိုင္တဲ့ ခ်န္ပီယံလိဂ္ၿပိဳင္ဘက္အေရအတြက္မွာ စီေရာ္နယ္ဒိုကိုေက်္တက္သြားတဲ့ မက္ဆီ

ေဒါ့မန္ကို ၃-၁ ဂိုးနဲ႔အႏိုင္ရခဲ့တဲ့ ခ်န္ပီယံလိဂ္ပြဲစဥ္မွာ ဂိုးသြင္းယူခဲ့ၿပီးေနာက္ ဘာစီလိုနာတိုက္စစ္မႈးမက္ဆီအတြက္ ေနာက္ထပ္စံခ်ိန္မွတ္တမ္းတစ္ခုျဖစ္သြားပါတယ္။ ဘာစီလိုနာဟာ အဲဒီႏိုင္ပြဲေၾကာင့္ ေနာက္တစ္ဆင့္တက္ေရာက္သြားသလုိ အုပ္စုဗုိလ္အျဖစ္လည္း ေသခ်ာသြားပါတယ္။ သူဟာ အဲဒီပြဲမွာ ဂိုးသြင္းယူခဲ့သလုိ တိုက္စစ္ကစားေဖာ္ေတြျဖစ္ၾကတဲ့ ဆြာရက္ဇ္နဲ႔ ဂရစ္ဇ္မန္းတုိ႔ရဲ႕ဂိုးေတြကိုလည္း ဖန္တီးေပးႏိုင္ခဲ့ပါတယ္။

အဲဒီပြဲက ဂိုးေၾကာင့္လည္း ေဒါ့မန္ဟာ ခ်န္ပီယံလိဂ္မွာ မက္ဆီဂိုးသြင္းႏိုင္တဲ့ ၃၄ သင္းေျမာက္ၿပိဳင္ဘက္ျဖစ္လာပါတယ္။ အရင္က မက္ဆီဟာ ဂိုးသြင္းႏိုင္တဲ့ခ်န္ပီယံလိဂ္ၿပိဳင္ဘက္အေရအတြက္မွာ ၃၃ သင္းစီနဲ႔ စီေရာ္နယ္ဒိုနဲ႔တူညီေနတာပါ။ အခုေတာ့ အဲဒီေနရာမွာ စီေရာ္နယ္ဒုိကို ေက်ာ္တက္သြားခဲ့ၿပီ ျဖစ္ပါတယ္။ ဒါေပမဲ့ ခ်န္ပီယံလိဂ္သမိုင္းမွာ ဂိုးအမ်ားဆုံးသြင္းထားသူဆုိတဲ့ စီေရာ္နယ္ဒိုရဲ႕လက္ရွိစံခ်ိန္ကိုေတာ့ လိုက္မမီေသးပါဘူး။ အဲဒီေနရာမွာ စီေရာ္နယ္ဒိုက ၁၂၇ ဂိုးသြင္းထားၿပီး မက္ဆီကေတာ့ ၁၁၄ ဂိုးသာရွိေသးတာပါ။

ဒါေပမဲ့လည္း သူ႔ကစားသမားဘ၀ရဲ႕ပြဲ ၇၀၀ ေျမာက္မွာ ၁ ဂိုးသြင္း၊ ၂ ဂိုးဖန္တီးႏိုင္ခဲ့တာဆုိေတာ့ မက္ဆီအတြက္ေတာ့ ေက်နပ္စရာျဖစ္ၿပီး သူ႔အသင္းကိုလည္း ေနာက္တစ္ဆင့္တက္ႏိုင္ေစခဲ့တာပါ။ အထူးသျဖင့္ မဟာၿပိဳင္ဘက္စီေရာ္နယ္ဒို ဂိုးမသြင္းႏိုင္တဲ့ခ်န္ပီယံလိဂ္ရက္သတၱပတ္မွာ သူေျခစြမ္းျပၿပီး စံခ်ိန္သစ္တစ္ခုလည္း ရသြားခဲ့တာ ျဖစ္ပါတယ္။