

ဂ်ဴ ဗင္တပ္က ေလဗာကူဆင္ကို ၃-၀ နဲ႔အႏိုင္ရခဲ့တဲ႔ ပြဲမွာ ေနာက္ဆုံးအႏိုင္ဂိုးကိုသြင္းယူခဲ့ၿပီးေနာက္ စီေရာ္နယ္ဒိုဟာ ခ်န္ပီယံလိဂ္ မွတ္တမ္းသစ္ေတြကိုရရွိခဲ့ျပန္တယ္လို႔ သိရပါတယ္။ ဒီပြဲမွာ ဂ်ဴ ဗင္တပ္အတြက္ ဟီဂူအင္နဲ႔ ဘာနာဒက္ခ်ီတို႔က ဂိုးသြင္းယူၿပီးေနာက္ စီေရာ္နယ္ဒိုက ေနာက္ဆုံးအႏိုင္ဂိုးကိုသြင္းႏိုင္ခဲ့တာပါ။
ဒီဂိုးေၾကာင့္ စီေရာ္နယ္ဒိုဟာ ခ်န္ပီယံလိဂ္မွာ ၁၂၈ ဂိုးေျမာက္သြင္းယူကာ ၿပိဳင္ပြဲရဲ႕ဂိုးသြင္းအမ်ားဆုံးသူဆိုတဲ႔ မွတ္တမ္းကိုဆက္လက္ခ်ဲ႔ထြင္ႏိုင္ခဲ့ပါတယ္။ ဒါ့အျပင္ စီေရာ္နယ္ဒိုဟာ ၿပီးခဲ့တဲ႔ ၁၀ စုႏွစ္တစ္ခုေက်ာ္အတြင္းမွာ သူ႔ရဲ႕အဓိကၿပိဳင္ဘက္ျဖစ္တဲ႔ မက္ဆီကို ၁၆ ဂိုးအထိ အသာစီးရသြားခဲ့ပါတယ္။

ဒါ့အျပင္ စီေရာ္နယ္ဒိုဟာ ခ်န္ပီယံလိဂ္မွာ တစ္ႏိုင္ငံတည္းက ကလပ္ေတြကိုဂိုးအမ်ားဆုံးသြင္းႏိုင္တဲ႔သူအျဖစ္လည္း မွတ္တမ္း၀င္ခဲ့ပါတယ္။ အခုသြင္းယူခဲ့တဲ႔ ဂိုးအပါအ၀င္ဆိုရင္ သူဟာဂ်ာမနီက ကလပ္ေတြနဲ႔ ၂၅ ပြဲေတြ႔ခဲ့ရာမွာ ၂၇ ဂိုးအထိသြင္းယူၿပီး အဲဒိမွတ္တမ္းကို ရရွိသြားခဲ႔တာျဖစ္ပါတယ္။ အခုဆိုရင္ သူဟာခ်န္ပီယံလိဂ္မွာ ၁၄ ပြဲဆက္တိုက္ဂိုးသြင္းႏိုင္ခဲ့လို႔ ရာအူးလ္နဲ႔ မက္ဆီတို႔ရဲ႕မွတ္တမ္းကိုလည္း လိုက္မီသြားခ့ဲျပန္ပါတယ္။

ေနာက္ထပ္ထူးျခားတဲ႔ မွတ္တမ္းတစ္ခုကိုလည္းစီေရာ္နယ္ဒို ထပ္မံရယူခဲ့ၿပီး ဥေရာပအဆင့္မွာႏိုင္ပြဲအမ်ားဆုံးရသူျဖစ္ခဲ့ပါေသးတယ္။ အရင္ကစံခ်ိန္တင္ထားသူက ရီးရဲလ္ဂိုးသမားေဟာင္း ကာဆီးလက္စ္ျဖစ္ၿပီး ၁၀၁ ပြဲႏိုင္ခဲ့တာကို စီေရာ္နယ္ဒိုက တစ္ပြဲအသာရၿပီး ၁၀၂ ပြဲနဲ႔ စံခ်ိန္တင္ခဲ့တာလည္းျဖစ္ပါတယ္။ဒါ့အျပင္ရီးရဲလက္တိုက္စစ္မွဴ းေဟာင္းျဖစ္တဲ႔ ရာအူးလ္ရဲ႕ခ်န္ပီယံလိဂ္မွာၿပိဳင္ဘက္ ၃၃ သင္းကိုဂိုးသြင္းႏိုင္ခဲ့တဲ႔ မွတ္တမ္းကိုလည္း သူလိုက္မီသြားျပန္ပါေသးတယ္။

ေလဗာကူဆင္နဲ႔ ပြဲဟာ အသက္ ၃၄ ႏွစ္ရွိၿပီျဖစ္တဲ႔ စီေရာ္နယ္ဒိုအတြက္ ခ်န္ပီယံလိဂ္မွာပြဲထြက္မႈ ၁၆ ႏွစ္ျပည့္လည္းျဖစ္ခဲ့ပါတယ္။ သူဟာ မန္ယူနဲ႔အတူ ၂၀၀၃ ေအာက္တိုဘာ ၁ ရက္က စတုဂတ္ကို ၂-၁ နဲ႔ရႈံးခဲ့တဲ႔ ပြဲမွာ ခ်န္ပီယံလိဂ္ပြဲဦးထြက္အျဖစ္ကစားခဲ့သူျဖစ္ပါတယ္။

Unicode
ဂိုးသွင်းယူခဲ့မှုနဲ့အတူ ချန်ပီယံလိဂ်မှတ်တမ်းသစ်တွေရလိုက်ပြန်တဲ့ စီရော်နယ်ဒို
ဂျူ ဗင်တပ်က လေဗာကူဆင်ကို ၃-၀ နဲ့အနိုင်ရခဲ့တဲ့ ပွဲမှာ နောက်ဆုံးအနိုင်ဂိုးကိုသွင်းယူခဲ့ပြီးနောက် စီရော်နယ်ဒိုဟာ ချန်ပီယံလိဂ် မှတ်တမ်းသစ်တွေကိုရရှိခဲ့ပြန်တယ်လို့ သိရပါတယ်။ ဒီပွဲမှာ ဂျူ ဗင်တပ်အတွက် ဟီဂူအင်နဲ့ ဘာနာဒက်ချီတို့က ဂိုးသွင်းယူပြီးနောက် စီရော်နယ်ဒိုက နောက်ဆုံးအနိုင်ဂိုးကိုသွင်းနိုင်ခဲ့တာပါ။
ဒီဂိုးကြောင့် စီရော်နယ်ဒိုဟာ ချန်ပီယံလိဂ်မှာ ၁၂၈ ဂိုးမြောက်သွင်းယူကာ ပြိုင်ပွဲရဲ့ဂိုးသွင်းအများဆုံးသူဆိုတဲ့ မှတ်တမ်းကိုဆက်လက်ချဲ့ထွင်နိုင်ခဲ့ပါတယ်။ ဒါ့အပြင် စီရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ ၁၀ စုနှစ်တစ်ခုကျော်အတွင်းမှာ သူ့ရဲ့အဓိကပြိုင်ဘက်ဖြစ်တဲ့ မက်ဆီကို ၁၆ ဂိုးအထိ အသာစီးရသွားခဲ့ပါတယ်။
ဒါ့အပြင် စီရော်နယ်ဒိုဟာ ချန်ပီယံလိဂ်မှာ တစ်နိုင်ငံတည်းက ကလပ်တွေကိုဂိုးအများဆုံးသွင်းနိုင်တဲ့သူအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။ အခုသွင်းယူခဲ့တဲ့ ဂိုးအပါအဝင်ဆိုရင် သူဟာဂျာမနီက ကလပ်တွေနဲ့ ၂၅ ပွဲတွေ့ခဲ့ရာမှာ ၂၇ ဂိုးအထိသွင်းယူပြီး အဲဒိမှတ်တမ်းကို ရရှိသွားခဲ့တာဖြစ်ပါတယ်။ အခုဆိုရင် သူဟာချန်ပီယံလိဂ်မှာ ၁၄ ပွဲဆက်တိုက်ဂိုးသွင်းနိုင်ခဲ့လို့ ရာအူးလ်နဲ့ မက်ဆီတို့ရဲ့မှတ်တမ်းကိုလည်း လိုက်မီသွားခဲ့ပြန်ပါတယ်။
နောက်ထပ်ထူးခြားတဲ့ မှတ်တမ်းတစ်ခုကိုလည်းစီရော်နယ်ဒို ထပ်မံရယူခဲ့ပြီး ဥရောပအဆင့်မှာနိုင်ပွဲအများဆုံးရသူဖြစ်ခဲ့ပါသေးတယ်။ အရင်ကစံချိန်တင်ထားသူက ရီးရဲလ်ဂိုးသမားဟောင်း ကာဆီးလက်စ်ဖြစ်ပြီး ၁၀၁ ပွဲနိုင်ခဲ့တာကို စီရော်နယ်ဒိုက တစ်ပွဲအသာရပြီး ၁၀၂ ပွဲနဲ့ စံချိန်တင်ခဲ့တာလည်းဖြစ်ပါတယ်။ဒါ့အပြင်ရီးရဲလက်တိုက်စစ်မှူ းဟောင်းဖြစ်တဲ့ ရာအူးလ်ရဲ့ချန်ပီယံလိဂ်မှာပြိုင်ဘက် ၃၃ သင်းကိုဂိုးသွင်းနိုင်ခဲ့တဲ့ မှတ်တမ်းကိုလည်း သူလိုက်မီသွားပြန်ပါသေးတယ်။
လေဗာကူဆင်နဲ့ ပွဲဟာ အသက် ၃၄ နှစ်ရှိပြီဖြစ်တဲ့ စီရော်နယ်ဒိုအတွက် ချန်ပီယံလိဂ်မှာပွဲထွက်မှု ၁၆ နှစ်ပြည့်လည်းဖြစ်ခဲ့ပါတယ်။ သူဟာ မန်ယူနဲ့အတူ ၂၀၀၃ အောက်တိုဘာ ၁ ရက်က စတုဂတ်ကို ၂-၁ နဲ့ရှုံးခဲ့တဲ့ ပွဲမှာ ချန်ပီယံလိဂ်ပွဲဦးထွက်အဖြစ်ကစားခဲ့သူဖြစ်ပါတယ်။