
Photo Credit
Photo Credit
ဂျာမနီအသင်းနည်းပြ ဂျိုအာချင်လိုက အသင်းရဲ့ထိပ်တန်းဂိုးသမား ၂ဦးကို အညီအမျှအခွင့်အရေးပေးမယ်လို့ အတည်ပြုလိုက်ရာ တာစတဂန်အနေနဲ့ ယခုလအတွင်း လက်ရွေးစင်အသင်းစင်မြင့်ထက်မှာ လက်စွမ်းပြနိုင်ဖို့ အခွင့်အရေးရရှိတော့မှာဖြစ်ပါတယ်။
Photo Credit
လက်ရှိအချိန်မှာ ဂျာမနီအသင်းရဲ့ ဦးစားပေးဂိုးသမားနေရာအတွက် အငြင်းပွားစရာတွေဖြစ်ပေါ်နေပြီး ဂိုးသမား ၂ ဦးအဖြစ် ဘာစီလိုနာကြယ်ပွင့် တာစတီဂန်နဲ့ ဘိုင်ယန်မြူးနစ်ကြယ်ပွင့် မန်နူရယ် နူအာတို့က အပြိုင်အဆိုင် ဖြစ်လာတာပါ။
Photo Credit
အံ့အားသင့်စရာကောင်းလောက်အောင်ပဲ ဘိုင်ယန်မြူးနစ်အသင်းဥက္ကဋ္ဌ အူလီဟိုးနက်စ်က နူအာကို ဦးစားပေးစာရင်းကနေ ချန်လှပ်ခဲ့ရင် လက်ရွေးစင်အသင်းဆီ ဘိုင်ယန်အသင်းသားတွေ စေလွှတ်နေမှုပါ အဆုံးသတ်မယ်လို့ ခြိမ်းခြောက်ခဲ့ပြီး နာရီအနည်းငယ်အကြာမှာတော့ အဲဒီပို့စ်ကို ပြန်ဖျက်သွားပါတယ်။
Photo Credit ; PA
”ဂိုးနည်းပြဖြစ်တဲ့ အန်ဒရီယာကော့ပ်ကီနဲ့အတူ ကျွန်တော်တို့ ဂိုးသမား ၂ ယောက်လုံးနဲ့ပါ ဆွေးနွေးတိုင်ပင်ခဲ့ပါတယ်။ တာစတီဂန်က ဒေ့ါမွန်မှာ ကစားမယ့်အာဂျင်တီးနားနဲ့ခြေစမ်းပွဲမှာ ကစားခွင့်ရရှိမှာဖြစ်ပြီး နူအာကတော့ အက်စ်တိုးနီးယားနဲ့ကစားရမယ့်ခြေစစ်ပွဲမှာ ကစားခွင့်ရမှာဖြစ်ပါတယ်”
Photo Credit
”ကျွန်တော်ပြောနိုင်တာတစ်ခုက အချိန်တော်တော်များများမှာ နူအာက အသင်းရဲ့ အသင်းခေါင်းဆောင်နဲ့ နံပါတ် ၁ ဂျာစီကိုဝတ်ဆင်တဲ့သူပါ။ ဘယ်လိုပွဲမျိုးပဲဖြစ်ဖြစ်ပေ့ါ၊ ဒီကြားထဲ အံ့အားသင့်စရာကောင်းတာတွေမဖြစ်မချင်းပေါ့”လို့ ပြောပါတယ်။၊
Photo Credit
အခု အသက် ၃၃ နှစ်အရွယ်ရှိနူအာဟာ ပြင်းထန်တဲ့ ဒဏ်ရာရရှိခဲ့ပြီးချိန်ကတည်းက စွမ်းဆောင်ရည်တွေ ကျဆင်းသွားခဲ့ပြီး တာစတီဂန်ကို ဦးစားပေးဂိုးသမားအဖြစ် နူအာရဲ့နေရာမှာ အစားထိုးဖို့ တောင်းဆိုမှုတွေမြင့်တက်နေပါတယ်။
Photo Credit
Zawgyi
ဂိုးသမား ၂ဦးစလုံး တစ္ပြဲစီကစားခြင့္ရမယ္လို႔ ဂ်ာမနီအသင္းနည္းျပ အတည္ျပဳ
ဂ်ာမနီအသင္းနည္းျပ ဂ်ိဳအာခ်င္လိုက အသင္းရဲ႕ထိပ္တန္းဂိုးသမား ၂ဦးကို အညီအမွ်အခြင့္အေရးေပးမယ္လုိ႔ အတည္ျပဳလုိက္ရာ တာစတဂန္အေနနဲ႔ ယခုလအတြင္း လက္ေရြးစင္အသင္းစင္ျမင့္ထက္မွာ လက္စြမ္းျပႏိုင္ဖုိ႔ အခြင့္အေရးရရွိေတာ့မွာျဖစ္ပါတယ္။
လက္ရွိအခ်ိန္မွာ ဂ်ာမနီအသင္းရဲ႕ ဦးစားေပးဂုိးသမားေနရာအတြက္ အျငင္းပြားစရာေတြျဖစ္ေပၚေနၿပီး ဂိုးသမား ၂ ဦးအျဖစ္ ဘာစီလိုနာၾကယ္ပြင့္ တာစတီဂန္နဲ႔ ဘိုင္ယန္ျမဴးနစ္ၾကယ္ပြင့္ မန္ႏူရယ္ ႏူအာတို႔က အၿပိဳင္အဆိုင္ ျဖစ္လာတာပါ။
အံ့အားသင့္စရာေကာင္းေလာက္ေအာင္ပဲ ဘုိင္ယန္ျမဴးနစ္အသင္းဥကၠ႒ အူလီဟုိးနက္စ္က ႏူအာကို ဦးစားေပးစာရင္းကေန ခ်န္လွပ္ခဲ့ရင္ လက္ေရြးစင္အသင္းဆီ ဘိုင္ယန္အသင္းသားေတြ ေစလႊတ္ေနမႈပါ အဆုံးသတ္မယ္လုိ႔ ၿခိမ္းေျခာက္ခဲ့ၿပီး နာရီအနည္းငယ္အၾကာမွာေတာ့ အဲဒီပုိ႔စ္ကို ျပန္ဖ်က္သြားပါတယ္။
”ဂိုးနည္းျပျဖစ္တဲ့ အန္ဒရီယာေကာ့ပ္ကီနဲ႔အတူ ကၽြန္ေတာ္တို႔ ဂိုးသမား ၂ ေယာက္လံုးနဲ႔ပါ ေဆြးေႏြးတိုင္ပင္ခဲ့ပါတယ္။ တာစတီဂန္က ေဒ့ါမြန္မွာ ကစားမယ့္အာဂ်င္တီးနားနဲ႔ေျခစမ္းပြဲမွာ ကစားခြင့္ရရွိမွာျဖစ္ၿပီး ႏူအာကေတာ့ အက္စ္တိုးနီးယားနဲ႔ကစားရမယ့္ေျခစစ္ပြဲမွာ ကစားခြင့္ရမွာျဖစ္ပါတယ္”
”ကၽြန္ေတာ္ေျပာႏိုင္တာတစ္ခုက အခ်ိန္ေတာ္ေတာ္မ်ားမ်ားမွာ ႏူအာက အသင္းရဲ႕ အသင္းေခါင္းေဆာင္နဲ႔ နံပါတ္ ၁ ဂ်ာစီကိုဝတ္ဆင္တဲ့သူပါ။ ဘယ္လုိပြဲမ်ိဳးပဲျဖစ္ျဖစ္ေပ့ါ၊ ဒီၾကားထဲ အံ့အားသင့္စရာေကာင္းတာေတြမျဖစ္မခ်င္းေပါ့”လုိ႔ ေျပာပါတယ္။၊
အခု အသက္ ၃၃ ႏွစ္အရြယ္ရွိႏူအာဟာ ျပင္းထန္တဲ့ ဒဏ္ရာရရွိခဲ့ၿပီးခ်ိန္ကတည္းက စြမ္းေဆာင္ရည္ေတြ က်ဆင္းသြားခဲ့ၿပီး တာစတီဂန္ကို ဦးစားေပးဂုိးသမားအျဖစ္ ႏူအာရဲ႕ေနရာမွာ အစားထိုးဖို႔ ေတာင္းဆုိမႈေတြျမင့္တက္ေနပါတယ္။