ဂိုးသမား ဘရာဗိုနဲ႔ ေ၀ၚလ္ကာတုိ႔ သူရဲေကာင္းျဖစ္ခဲ့တဲ့ စီးတီးရဲ႕ႏိုင္ပြဲ…ကံတရားနဲ႔ ဆာလာတုိ႔ေၾကာင့္ ကြန္ျမဴနတီဒိုင္းနဲ႔ လြဲေခ်ာ္ခ့ဲရတဲ့ လီဗာပူး

Photo Credit ; Getty Images

Photo Credit ; Getty Images

ပရီးမီးယားလိဂ္ခ်န္ပီယံဆုအတြက္ ေရပန္းအစားဆုံး ၂သင္းရဲ႕ကြန္ျမဴနတီဒိုင္းၿပိဳင္ပြဲကေတာ့ အေတာ္ေလးၾကည့္ေကာင္းခဲ့ၿပီး လီဗာပူးက ဒုတိယပို္င္းမွာ သိသိသာသာဖိအားေပးႏိုင္ခဲ့ေပမယ့္ ဆာလာရဲ႕အဆုံးသတ္မေသခ်ာမႈ၊ ကံတရားရဲ႕မ်က္ႏွာသာမေပးမႈေတြေၾကာင့္ ပင္နယ္တီအဆုံးအျဖတ္နဲ႔အေရးနိမ့္သြားခဲ့ရပါတယ္။

Photo Credit ; Daily Mail

ပဲြခ်ိန္ ၈မိနစ္မွာ စီးတီးအတြက္ သတင္းဆုိးအျဖစ္ ေတာင္ပံကစားသမား ဆာေနး ဒဏ္ရာေၾကာင့္ လူစားလဲခဲ့ရၿပီး က်လာမယ့္ေဘာလုံးကို လီဗာပူးညာေနာက္ခံလူ အာႏိုးလ္နဲ႔အၿပိဳင္ ရယူဖို႔ ႀကိဳးစားရာမွာ မေတာ္တဆဒဏ္ရာရရွိသြားခဲ့တာျဖစ္ပါတယ္။

Photo Credit ; Reuters

ပဲြခ်ိန္ ၁၂မိနစ္မွာေတာ့ စီးတီးအသင္း ဦးေဆာင္ဂိုးရရွိသြားခဲ့ၿပီး စတာလင္းက ကစားသမားဘ၀တစ္ေလွ်ာက္ ပထမဆုံးအႀကိမ္အျဖစ္ လီဗာပူးဘက္ကို ဂိုးသြင္းယူခ့ဲတာျဖစ္ပါတယ္။

Photo Credit

ပြဲခ်ိန္ ၇၇မိနစ္မွာေတာ့ လီဗာပူးအသင္း ေခ်ပဂိုးရရွိသြားခဲ့ၿပီး အသင္းေခါင္းေဆာင္ ဟန္ဒါဆန္ရဲ႕ျပစ္ဒဏ္ေဘာကေန ေနာက္ခံလူ ဗန္ဒိုက္ ေျခခြင္ေလးနဲ႔ ဂိုးေရွ႕အသာတင္ေပးလုိက္တာကို တြဲဖက္ေနာက္ခံလူ မာတစ္က အနီးကပ္ေခါင္းတုိက္သြင္းယူခဲ့တာျဖစ္ပါတယ္။

Photo Credit

ပြဲခ်ိန္ ၈၂မိနစ္မွာ လီဗာပူးအသင္း အပိုင္အခြင့္အေရးတစ္ႀကိမ္ရရွိခဲ့ၿပီး လူစား၀င္ကြင္းလယ္လူ လယ္လာနာ လွလွပပ ဂိုးေရွ႕ျပန္ထုိးေပးလုိက္တာကို ကြင္းလယ္လူ ကီတာ အပိုင္ပိတ္သြင္းခဲ့ေပမယ့္ စီးတီးဂိုးသမား ဘရာဗို ကာကြယ္ပုတ္ထုတ္ႏိုင္ခဲ့လုိ႔ နစ္နာခဲ့ရပါတယ္။

Photo Credit

ေနာက္ပိုင္းမွာလည္း လီဗာပူးရဲ႕ျမန္ႏႈန္းျမင့္ကစားဟန္ေအက္ စီးတီးေရာက္သြားခ့ဲရၿပီး ဆာလာရဲ႕ကန္သြင္းခ်က္ ဂိုးသမားဆီတည့္တည့္ေရာက္သြားသလို ပြဲခ်ိန္ ၈၇မိနစ္မွာ စီးတီးခံစစ္ရဲ႕အမွားကေန ဆာလာပဲ အပိုင္ကန္သြင္းခြင့္ရေပမယ့္ ေရွ႕တက္လာတဲ့ဂိုးသမား ဘရာဗို ေနရာယူယူမွန္မွန္ကာကြယ္ႏိုင္ခဲ့လုိ႔ လီဗာပူးအသင္း အပိုင္အခြင့္အေရးဆုံး႐ံႈးသြားခဲ့ရပါတယ္။

Photo Credit ; AP

နာက်င္အခ်ိန္ပို ၄မိနစ္ရဲ႕ပထမဆုံးမိနစ္မွာ လီဗာပူးအသင္း အႏိုင္ဂိုးရရွိသြားၿပီလုိ႔ ထင္မွတ္ရေလာက္ေအာင္ ျဖစ္ခဲ့ၿပီး ဆာလာက သူ႕ရဲ႕ပထမကန္သြင္းခ်က္ ဂိုးသမားနဲ႔ၿငိကာ ျပန္ထြက္လာတာကို ထပ္ဆင့္ေခါင္းတုိက္ပိတ္သြင္းတာ ဂိုးထဲ၀င္ေတာ့မလုိျဖစ္ေနတုန္း ဂိုးစည္းေပၚကေန စီးတီးေနာက္ခံလူ ေ၀ၚလ္ကာက အသည္းအသန္ရွင္းထုတ္ႏိုင္ခဲ့လို႔ လီဗာပူးအသင္း အေတာ္ေလးနစ္နာခဲ့ရပါတယ္။

Photo Credit

ဒါ့အျပင္ နာက်င္အခ်ိန္ပို ၄မိနစ္မွာလည္း ဂိုးဧရိယာထဲကေန ဆာလာ အသာခင္းေပးတာကို လူစား၀င္ကြင္းလယ္လူ ရွာကီြရီက ဂိုးသမားပိတ္ထားတဲ့ ေထာင့္က်ဥ္းထဲ ေျမလွိမ့္ေဘာကန္သြင္းတာလည္း ဘရာဗို ပုတ္ထုတ္ႏိုင္ခဲ့လုိ႔ ေထာင့္ကန္ေဘာပဲျဖစ္သြားပါတယ္။

Photo Credit

ပင္နယ္တီအဆုံးအျဖတ္ခံယူရာမွာေတာ့ စီးတီးက ဂန္ဒိုဂန္၊ ဘာနာဒိုေဆးလ္ဗား၊ ဖုိဒန္၊ ဇင္ခ်န္ကိုနဲ႔ ဂ်ီးဆပ္စ္တုိ႔အားလုံး ၀င္ေအာင္ကန္သြင္းႏိုင္ခဲ့ၿပီး လီဗာပူးက ရွာကြီရီ၊ လယ္လာနာ၊ ခ်ိန္ဘာလိန္နဲ႔ ဆာလာတုိ႔ ဂိုး၀င္ခဲ့ေပမယ့္ ဒုတိယေျမာက္ပင္နယ္တီအျဖစ္ ကြင္းလယ္လူ ၀ီနယ္လ္ဒမ္းရဲ႕ကန္သြင္းခ်က္ကို စီးတီးဂိုးသမား ဘရာဗို ကာကြယ္ႏိုင္ခဲ့လို႔ စီးတီးက ၅-၄ဂိုးနဲ႔အႏိုင္ယူကာ ကြန္ျမဴနတီဒိုင္းဆု ၂ႏွစ္ဆက္ရရွိသြားခဲ့ပါတယ္။

Photo Credit ; Reuters

Unicode

ဂိုးသမား ဘရာဗိုနဲ့ ဝေါ်လ်ကာတို့ သူရဲကောင်းဖြစ်ခဲ့တဲ့ စီးတီးရဲ့နိုင်ပွဲ…ကံတရားနဲ့ ဆာလာတို့ကြောင့် ကွန်မြူနတီဒိုင်းနဲ့ လွဲချော်ခဲ့ရတဲ့ လီဗာပူး

ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် ရေပန်းအစားဆုံး ၂သင်းရဲ့ကွန်မြူနတီဒိုင်းပြိုင်ပွဲကတော့ အတော်လေးကြည့်ကောင်းခဲ့ပြီး လီဗာပူးက ဒုတိယပိုင်းမှာ သိသိသာသာဖိအားပေးနိုင်ခဲ့ပေမယ့် ဆာလာရဲ့အဆုံးသတ်မသေချာမှု၊ ကံတရားရဲ့မျက်နှာသာမပေးမှုတွေကြောင့် ပင်နယ်တီအဆုံးအဖြတ်နဲ့အရေးနိမ့်သွားခဲ့ရပါတယ်။
ပွဲချိန် ၈မိနစ်မှာ စီးတီးအတွက် သတင်းဆိုးအဖြစ် တောင်ပံကစားသမား ဆာနေး ဒဏ်ရာကြောင့် လူစားလဲခဲ့ရပြီး ကျလာမယ့်ဘောလုံးကို လီဗာပူးညာနောက်ခံလူ အာနိုးလ်နဲ့အပြိုင် ရယူဖို့ ကြိုးစားရာမှာ မတော်တဆဒဏ်ရာရရှိသွားခဲ့တာဖြစ်ပါတယ်။
ပွဲချိန် ၁၂မိနစ်မှာတော့ စီးတီးအသင်း ဦးဆောင်ဂိုးရရှိသွားခဲ့ပြီး စတာလင်းက ကစားသမားဘဝတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် လီဗာပူးဘက်ကို ဂိုးသွင်းယူခဲ့တာဖြစ်ပါတယ်။
ပွဲချိန် ၇၇မိနစ်မှာတော့ လီဗာပူးအသင်း ချေပဂိုးရရှိသွားခဲ့ပြီး အသင်းခေါင်းဆောင် ဟန်ဒါဆန်ရဲ့ပြစ်ဒဏ်ဘောကနေ နောက်ခံလူ ဗန်ဒိုက် ခြေခွင်လေးနဲ့ ဂိုးရှေ့အသာတင်ပေးလိုက်တာကို တွဲဖက်နောက်ခံလူ မာတစ်က အနီးကပ်ခေါင်းတိုက်သွင်းယူခဲ့တာဖြစ်ပါတယ်။
ပွဲချိန် ၈၂မိနစ်မှာ လီဗာပူးအသင်း အပိုင်အခွင့်အရေးတစ်ကြိမ်ရရှိခဲ့ပြီး လူစားဝင်ကွင်းလယ်လူ လယ်လာနာ လှလှပပ ဂိုးရှေ့ပြန်ထိုးပေးလိုက်တာကို ကွင်းလယ်လူ ကီတာ အပိုင်ပိတ်သွင်းခဲ့ပေမယ့် စီးတီးဂိုးသမား ဘရာဗို ကာကွယ်ပုတ်ထုတ်နိုင်ခဲ့လို့ နစ်နာခဲ့ရပါတယ်။
နောက်ပိုင်းမှာလည်း လီဗာပူးရဲ့မြန်နှုန်းမြင့်ကစားဟန်အေက် စီးတီးရောက်သွားခဲ့ရပြီး ဆာလာရဲ့ကန်သွင်းချက် ဂိုးသမားဆီတည့်တည့်ရောက်သွားသလို ပွဲချိန် ၈၇မိနစ်မှာ စီးတီးခံစစ်ရဲ့အမှားကနေ ဆာလာပဲ အပိုင်ကန်သွင်းခွင့်ရပေမယ့် ရှေ့တက်လာတဲ့ဂိုးသမား ဘရာဗို နေရာယူယူမှန်မှန်ကာကွယ်နိုင်ခဲ့လို့ လီဗာပူးအသင်း အပိုင်အခွင့်အရေးဆုံးရှုံးသွားခဲ့ရပါတယ်။
နာကျင်အချိန်ပို ၄မိနစ်ရဲ့ပထမဆုံးမိနစ်မှာ လီဗာပူးအသင်း အနိုင်ဂိုးရရှိသွားပြီလို့ ထင်မှတ်ရလောက်အောင် ဖြစ်ခဲ့ပြီး ဆာလာက သူ့ရဲ့ပထမကန်သွင်းချက် ဂိုးသမားနဲ့ငြိကာ ပြန်ထွက်လာတာကို ထပ်ဆင့်ခေါင်းတိုက်ပိတ်သွင်းတာ ဂိုးထဲဝင်တော့မလိုဖြစ်နေတုန်း ဂိုးစည်းပေါ်ကနေ စီးတီးနောက်ခံလူ ဝေါ်လ်ကာက အသည်းအသန်ရှင်းထုတ်နိုင်ခဲ့လို့ လီဗာပူးအသင်း အတော်လေးနစ်နာခဲ့ရပါတယ်။
ဒါ့အပြင် နာကျင်အချိန်ပို ၄မိနစ်မှာလည်း ဂိုးဧရိယာထဲကနေ ဆာလာ အသာခင်းပေးတာကို လူစားဝင်ကွင်းလယ်လူ ရှာကွီရီက ဂိုးသမားပိတ်ထားတဲ့ ထောင့်ကျဉ်းထဲ မြေလှိမ့်ဘောကန်သွင်းတာလည်း ဘရာဗို ပုတ်ထုတ်နိုင်ခဲ့လို့ ထောင့်ကန်ဘောပဲဖြစ်သွားပါတယ်။
ပင်နယ်တီအဆုံးအဖြတ်ခံယူရာမှာတော့ စီးတီးက ဂန်ဒိုဂန်၊ ဘာနာဒိုဆေးလ်ဗား၊ ဖိုဒန်၊ ဇင်ချန်ကိုနဲ့ ဂျီးဆပ်စ်တို့အားလုံး ဝင်အောင်ကန်သွင်းနိုင်ခဲ့ပြီး လီဗာပူးက ရှာကွီရီ၊ လယ်လာနာ၊ ချိန်ဘာလိန်နဲ့ ဆာလာတို့ ဂိုးဝင်ခဲ့ပေမယ့် ဒုတိယမြောက်ပင်နယ်တီအဖြစ် ကွင်းလယ်လူ ဝီနယ်လ်ဒမ်းရဲ့ကန်သွင်းချက်ကို စီးတီးဂိုးသမား ဘရာဗို ကာကွယ်နိုင်ခဲ့လို့ စီးတီးက ၅-၄ဂိုးနဲ့အနိုင်ယူကာ ကွန်မြူနတီဒိုင်းဆု ၂နှစ်ဆက်ရရှိသွားခဲ့ပါတယ်။