ဂိုးသမား ကီပါအတွက်ဒါဘီအသင်းဂိုးနည်းပြ ရှေးဂစ်ဗင်ကို ခေါ်ယူဖို့ လမ်းပတ်စီစဉ်

Photo- Internet
Photo- Internet

ချဲလ်ဆီးအသင်းနည်းပြ လမ်းပတ်ဟာ ဦးစားပေးဂိုးသမား ကီပါရဲ့လက်စွမ်းအပေါ် စိုးရိမ်ပူပန်မှုရှိနေတဲ့အတွက် သူ့အသင်းဟောင်းဖြစ်တဲ့ ဒါဘီမှာ ဂိုးနည်းပြအဖြစ်ဆောင်ရွက်နေတဲ့ ရှေးဂစ်ဗင်ကို ခေါ်ယူဖို့ စီစဉ်နေတယ်လို့ သတင်းတစ်ရပ်မှာ ဖော်ပြသွားခဲ့ပါတယ်။

အသက် ၄၃ နှစ်ရှိပြီဖြစ်တဲ့ ရှေးဂစ်ဗင်ဟာ ဝါရင့်ဂိုးသမားဟောင်းတစ်ဦးဖြစ်ပြီး ပြီးခဲ့တဲ့ရာသီတုန်းက ဒါဘီကိုလမ်းပတ် တာဝန်ယူစဉ်ကတည်းက ဂိုးနည်းပြအဖြစ်ဆောင်ရွက်ခဲ့သူဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နွေရာသီက ချဲလ်ဆီးအသင်းကို လမ်းပတ်တာဝန်ယူခဲ့တော့ သူ့လက်ထောက်တွေဖြစ်တဲ့ ဂျိုဒီမောရစ်နဲ့ ခရစ္စဂျုန်းစ်တို့ကို တစ်ပါတည်းခေါ်ယူခဲ့ပါတယ်။

Photo- Internet

အဲဒီတုန်းက လမ်းပတ်ဟာ ဂစ်ဗင်ကိုပါခေါ်ယူဖို့ကြိုးစားခဲ့သေးပေမယ့် ချဲလ်ဆီးဘက်က ငြင်းပယ်ခဲ့တဲ့အတွက် အဆင်မပြေခဲ့ပါဘူး။ ချဲလ်ဆီးတာဝန်ရှိသူတွေက လက်ထောက်ဂိုးနည်းပြဖြစ်တဲ့ ဟင်းနရစ်ဟီလာရီယိုကိုသာ ဂိုးနည်းပြအဖြစ်တာဝန်ပေးခဲ့တာဖြစ်ပါတယ်။ ဒါကြောင့်လည်း ဂစ်ဗင်ဟာ ဒါဘီမှာဆက်ရှိနေခဲ့ပြီး နည်းပြသစ် ကိုကူးရဲ့လက်အောက်မှာ ဆက်လက်တာဝန်ယူခဲ့ပါတယ်။

Photo- Internet

ချဲလ်ဆီးဟာ ကီပါကို ၂၀၁၈ နွေရာသီတုန်းက ဘီလ်ဘာအိုကနေပေါင် ၇၁.၆ သန်းနဲ့ခေါ်ယူခဲ့တာဖြစ်ပါတယ်။ အသက် ၂၅ နှစ်ရှိပြီဖြစ်တဲ့ ကီပါဟာ စပိန်အသင်းမှာ ဒီဂီယာရဲ့ဦးစားပေးနေရာကို ရရှိတဲ့အထိစွမ်းဆောင်နိုင်ခဲ့ပေမယ့် ကလပ်အဆင့်မှာတော့ သူ့လက်စွမ်းကမေးခွန်းထုတ်စရာတွေရှိနေတာပါ။ အထူးသဖြင့် တည်ကန်ဘောတွေကို ကာကွယ်ရာမှာ အားနည်းချက်ရှိသူအဖြစ် သတ်မှတ်ခံထားရပါတယ်။

Photo- Internet

ဒါကြောင့်လည်း ကီပါရဲ့လက်စွမ်းတိုးတက်စေဖို့အတွက် မန်စီးတီး၊ နယူးကာဆယ်နဲ့ စတုတ်အသင်းတို့ရဲ့ ဂိုးသမားဟောင်းဖြစ်တဲ့ အိုင်ယာလန်သား ရှေးဂစ်ဗင်ကို လာမယ့်နွေရာသီမှာခေါ်ယူဖို့ လမ်းပတ်က ကြိုတင်စီစဉ်ထားခြင်းဖြစ်ပါတယ်။

Photo- Internet

Zawgyi

ဂိုးသမား ကီပါအတြက္ဒါဘီအသင္းဂိုးနည္းျပ ေရွးဂစ္ဗင္ကို ေခၚယူဖို႔ လမ္းပတ္စီစဥ္

ခ်ဲလ္ဆီးအသင္းနည္းျပ လမ္းပတ္ဟာ ဦးစားေပးဂိုးသမား ကီပါရဲ႕လက္စြမ္းအေပၚ စိုးရိမ္ပူပန္မႈရွိေနတဲ႔အတြက္ သူ႔အသင္းေဟာင္းျဖစ္တဲ႔ ဒါဘီမွာ ဂိုးနည္းျပအျဖစ္ေဆာင္ရြက္ေနတဲ႔ ေရွးဂစ္ဗင္ကို ေခၚယူဖို႔ စီစဥ္ေနတယ္လို႔ သတင္းတစ္ရပ္မွာ ေဖာ္ျပသြားခဲ့ပါတယ္။

အသက္ ၄၃ ႏွစ္ရွိၿပီျဖစ္တဲ႔ ေရွးဂစ္ဗင္ဟာ ၀ါရင့္ဂိုးသမားေဟာင္းတစ္ဦးျဖစ္ၿပီး ၿပီးခဲ့တဲ႔ရာသီတုန္းက ဒါဘီကိုလမ္းပတ္ တာ၀န္ယူစဥ္ကတည္းက ဂိုးနည္းျပအျဖစ္ေဆာင္ရြက္ခဲ့သူျဖစ္ပါတယ္။ ၿပီးခဲ့တဲ႔ ေႏြရာသီက ခ်ဲလ္ဆီးအသင္းကို လမ္းပတ္တာ၀န္ယူခဲ့ေတာ႔ သူ႔လက္ေထာက္ေတြျဖစ္တဲ႔ ဂ်ဳိဒီေမာရစ္နဲ႔ ခရစၥဂ်ဳန္းစ္တို႔ကို တစ္ပါတည္းေခၚယူခဲ့ပါတယ္။

အဲဒီတုန္းက လမ္းပတ္ဟာ ဂစ္ဗင္ကိုပါေခၚယူဖို႔ႀကိဳးစားခဲ့ေသးေပမယ္႔ ခ်ဲလ္ဆီးဘက္က ျငင္းပယ္ခဲ့တဲ႔အတြက္ အဆင္မေျပခဲ့ပါဘူး။ ခ်ဲလ္ဆီးတာ၀န္ရွိသူေတြက လက္ေထာက္ဂိုးနည္းျပျဖစ္တဲ႔ ဟင္းနရစ္ဟီလာရီယိုကိုသာ ဂိုးနည္းျပအျဖစ္တာ၀န္ေပးခဲ့တာျဖစ္ပါတယ္။ ဒါေၾကာင့္လည္း ဂစ္ဗင္ဟာ ဒါဘီမွာဆက္ရွိေနခဲ့ၿပီး နည္းျပသစ္ ကိုကူးရဲ႕လက္ေအာက္မွာ ဆက္လက္တာ၀န္ယူခဲ့ပါတယ္။

ခ်ဲလ္ဆီးဟာ ကီပါကို ၂၀၁၈ ေႏြရာသီတုန္းက ဘီလ္ဘာအိုကေနေပါင္ ၇၁.၆ သန္းနဲ႔ေခၚယူခဲ့တာျဖစ္ပါတယ္။ အသက္ ၂၅ ႏွစ္ရွိၿပီျဖစ္တဲ႔ ကီပါဟာ စပိန္အသင္းမွာ ဒီဂီယာရဲ႕ဦးစားေပးေနရာကို ရရွိတဲ႔အထိစြမ္းေဆာင္ႏိုင္ခဲ့ေပမယ္႔ ကလပ္အဆင့္မွာေတာ႔ သူ႔လက္စြမ္းကေမးခြန္းထုတ္စရာေတြရွိေနတာပါ။ အထူးသျဖင့္ တည္ကန္ေဘာေတြကို ကာကြယ္ရာမွာ အားနည္းခ်က္ရွိသူအျဖစ္ သတ္မွတ္ခံထားရပါတယ္။

ဒါေၾကာင့္လည္း ကီပါရဲ႕လက္စြမ္းတိုးတက္ေစဖို႔အတြက္ မန္စီးတီး၊ နယူးကာဆယ္နဲ႔ စတုတ္အသင္းတို႔ရဲ႕ ဂိုးသမားေဟာင္းျဖစ္တဲ႔ အိုင္ယာလန္သား ေရွးဂစ္ဗင္ကို လာမယ္႔ေႏြရာသီမွာေခၚယူဖို႔ လမ္းပတ္က ႀကိဳတင္စီစဥ္ထားျခင္းျဖစ္ပါတယ္။