ဂိုးသမားအီဒါဆန်ဟာ မန်စီးတီးရဲ့အကောင်းဆုံးပင်နယ်တီကန်သွင်းသူပါလို့ ဆိုလိုက်တဲ့ ဂွါဒီယိုလာ

photo-gettyimages

photo-gettyimages

တိုက်စစ်မှုးဂျီးဆပ်ရဲ့နောက်ဆုံးလွဲချော်မှုကြောင့် အသင်းရဲ့ပင်နယ်တီကန်သွင်းသူတာဝန်အတွက် အပြောင်းအလဲလုပ်ဖို့ စဉ်းစားတော့မှာဖြစ်ကြောင်း မန်စီးတီးနည်းပြဂွါဒီယိုလာက ပြောကြားလိုက်ပါတယ်။ ရှက်ဖီးယူနိုက်တက်ကို ၁-၀ ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲမှာ ဘရာဇီးတိုက်စစ်မှုးဂျီးဆပ်ရဲ့ပထမပိုင်းပင်နယ်တီကန်သွင်းမှုဟာ ဂိုးသမားရဲ့ကာကွယ်ခြင်းခံလိုက်ရပြီး ၃ မှတ်ပြည့်ရဖို့အတွက် ဒုတိယပိုင်းမှာ အဂူရိုက အရန်ခုံကကထလာပြီး ဂိုးသွင်းပေးခဲ့ရပါတယ်။

photo-gettyimages

မန်စီးတီးဟာ ဒီရာသီမှာ ပင်နယ်တီပြသနာနဲ့ကြံတွေ့နေရတာဖြစ်ပြီး ဂျီးဆပ်ဟာ အတ္တလန္တာနဲ့ချန်ပီယံလိဂ်အုပ်စုပွဲတုန်းကလည်း ပင်နယ်တီလွဲခဲ့ပါသေးတယ်။ ဒါ့အပြင် စတာလင်းဟာလည်း ဒီဇင်ဘာအတွင်းကစားခဲ့တဲ့ ဝုဗ်နဲ့ပွဲတုန်းက မူလကန်ရတဲ့ပင်နယ်တီကိုလွဲချော်ခဲ့ပြီး ပြန်ကန်မှသာ ဂိုးဝင်ခဲ့တာပါ။ ဒါ့အပြင် အင်္ဂါည ရှက်ဖီးပွဲရဲ့သူရဲကောင်းဖြစ်ခဲ့တဲ့အဂူရိုဟာလည်း ပြီးခဲ့တဲ့ရာသီကတည်းက ပင်နယ်တီလွဲမှုတွေ ရှိခဲ့တာပါ။

photo-gettyimges

ဒါကြောင့် ဂွါဒီယိုလာက”ကျွန်တော် ပြန်စဉ်းစားရတော့မှာပါ။ ပင်နယ်တီတာဝန်ယူတဲ့ဘယ်ကစားသမားကိုမဆို ကျွန်တေ်ာ အမြဲတမ်းယုံကြည်မှုပေးပါတယ်။ ချန်ပီယံလိဂ်ရှုံးထွက်အဆင့်မှာဆိုရင် အဲဒါက အရမ်းကိုအရေးကြီးပါတယ်။ ပင်နယ်တီကန်မယ့်သူနဲ့ပတ်သက်လို့ ကျွန်တော်ပြန်လည်ဆုံးဖြတ်သွားမှာပါ”လို့ ပွဲအပြီးမှာ ပြောသွားခဲ့တာပါ။ အဲဒီတာဝန်ကို ရနိုင်မယ့်သူတွေထဲက အဖြစ်နိုင်ဆုံးတစ်ယောက်ကိုပြောပါဆိုတော့ ဂွါဒီယိုလာက”အီဒါဆန်ဟာ အကောင်းဆုံးပါ။ ဒီစကားပြောလို့ ကျွန်တော့်ကို ယုံကြည်လိုက်ပါ။ အီဒါဆန်ဟာ ကျွန်တော်တို့မှာရှိတဲ့ပင်နယ်တီကန်သွင်းသူတွေထဲမှာ အကောင်းဆုံးပါပဲ။ သူဟာ အရမ်းကိုတည်ငြိမ်လွန်းတာကြောင့် အဲဒါကို သူလုပ်နိုင်ပါတယ်”လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။

[Zawgyi]

ဂိုးသမားအီဒါဆန္ဟာ မန္စီးတီးရဲ႕အေကာင္းဆုံးပင္နယ္တီကန္သြင္းသူပါလို႔ ဆိုလိုက္တဲ့ ဂြါဒီယိုလာ

တိုက္စစ္မႈးဂ်ီးဆပ္ရဲ႕ေနာက္ဆုံးလြဲေခ်ာ္မႈေၾကာင့္ အသင္းရဲ႕ပင္နယ္တီကန္သြင္းသူတာ၀န္အတြက္ အေျပာင္းအလဲလုပ္ဖို႔ စဥ္းစားေတာ့မွာျဖစ္ေၾကာင္း မန္စီးတီးနည္းျပဂြါဒီယိုလာက ေျပာၾကားလုိက္ပါတယ္။ ရွက္ဖီးယူႏိုက္တက္ကို ၁-၀ ဂိုးနဲ႔အႏိုင္ရခဲ့တဲ့ပြဲမွာ ဘရာဇီးတိုက္စစ္မႈးဂ်ီးဆပ္ရဲ႕ပထမပိုင္းပင္နယ္တီကန္သြင္းမႈဟာ ဂိုးသမားရဲ႕ကာကြယ္ျခင္းခံလုိက္ရၿပီး ၃ မွတ္ျပည့္ရဖို႔အတြက္ ဒုတိယပိုင္းမွာ အဂူရိုက အရန္ခုံကကထလာၿပီး ဂုိးသြင္းေပးခဲ့ရပါတယ္။

မန္စီးတီးဟာ ဒီရာသီမွာ ပင္နယ္တီျပသနာနဲ႔ႀကံေတြ႕ေနရတာျဖစ္ၿပီး ဂ်ီးဆပ္ဟာ အတၱလႏၱာနဲ႔ခ်န္ပီယံလိဂ္အုပ္စုပြဲတုန္းကလည္း ပင္နယ္တီလြဲခဲ့ပါေသးတယ္။ ဒါ့အျပင္ စတာလင္းဟာလည္း ဒီဇင္ဘာအတြင္းကစားခဲ့တဲ့ ၀ုဗ္နဲ႔ပြဲတုန္းက မူလကန္ရတဲ့ပင္နယ္တီကိုလြဲေခ်ာ္ခဲ့ၿပီး ျပန္ကန္မွသာ ဂိုး၀င္ခဲ့တာပါ။ ဒါ့အျပင္ အဂၤါည ရွက္ဖီးပြဲရဲ႕သူရဲေကာင္းျဖစ္ခဲ့တဲ့အဂူရိုဟာလည္း ၿပီးခဲ့တဲ့ရာသီကတည္းက ပင္နယ္တီလြဲမႈေတြ ရွိခဲ့တာပါ။

ဒါေၾကာင့္ ဂြါဒီယိုလာက”ကၽြန္ေတာ္ ျပန္စဥ္းစားရေတာ့မွာပါ။ ပင္နယ္တီတာ၀န္ယူတဲ့ဘယ္ကစားသမားကိုမဆို ကၽြန္ေတ္ာ အၿမဲတမ္းယုံၾကည္မႈေပးပါတယ္။ ခ်န္ပီယံလိဂ္ရႈံးထြက္အဆင့္မွာဆိုရင္ အဲဒါက အရမ္းကိုအေရးႀကီးပါတယ္။ ပင္နယ္တီကန္မယ့္သူနဲ႔ပတ္သက္လုိ႔ ကၽြန္ေတာ္ျပန္လည္ဆုံးျဖတ္သြားမွာပါ”လုိ႔ ပြဲအၿပီးမွာ ေျပာသြားခဲ့တာပါ။ အဲဒီတာ၀န္ကို ရႏိုင္မယ့္သူေတြထဲက အျဖစ္ႏိုင္ဆုံးတစ္ေယာက္ကိုေျပာပါဆိုေတာ့ ဂြါဒီယိုလာက”အီဒါဆန္ဟာ အေကာင္းဆံုးပါ။ ဒီစကားေျပာလုိ႔ ကၽြန္ေတာ့္ကို ယုံၾကည္လိုက္ပါ။ အီဒါဆန္ဟာ ကၽြန္ေတာ္တို႔မွာရွိတ့ဲပင္နယ္တီကန္သြင္းသူေတြထဲမွာ အေကာင္းဆုံးပါပဲ။ သူဟာ အရမ္းကိုတည္ၿငိမ္လြန္းတာေၾကာင့္ အဲဒါကို သူလုပ္ႏိုင္ပါတယ္”လို႔ ျပန္လည္ေျဖၾကားခဲ့ပါတယ္။