ဂိုးသမားကို ပင်နယ်တီကန်ခိုင်းတော့မယ့် ဂွာဒီယိုလာ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

မန်စီးတီး အသင်းနည်းပြ ဂွာဒီယိုလာ က လီဗာပူးအသင်းနဲ့ ပွဲမှာ ကွင်းလယ်ကစားသမား ဂန်ဒိုဂန် ပင်နယ်တီလွဲချော်ခဲ့ပြီးနောက် ဂိုးသမား အီဒါဆန် ကိုနောင်အခါ ပင်နယ်တီကန်ခိုင်းဖို့ စဉ်းစားနေတယ်လို့ ပြောလာပါတယ်။ မန်စီးတီး ကစားသမားစတာလင်ကိုလီဗာပူးအသင်းနောက်ခံလူဖာဘင်ဟိုပယ်နယ်တီဧရိယာအတွင်းလဲချခဲ့ရာမန်စီးတီးအသင်းပယ်နယ်တီရရှိခဲ့ပြီးဂွန်ဒိုဂမ်ကန်သွင်းချိန်မှာလွဲချော်ခဲ့ရပါတယ်။

အသင်းရဲ့အဓိကကစားသမားဖြစ်သူဂွန်ဒိုဂမ်ပယ်နယ်တီလွဲချော်ခဲ့တာကြောင့် မန်စီးတီးအသင်းနည်းပြဂွါဒီယိုလာက ပယ်နယ်တီကန်သွင်းသူအပြောင်းအလဲလုပ်ဖို့စီစဉ်လာတာဖြစ်ပါတယ်။ မန်စီးတီးအသင်းနည်းပြဂွါဒီယိုလာဟာဒီရာသီအတွင်းအသင်းရရှိတဲ့ပယ်နယ်တီကန်သွင်းသူလေးဦးအထိအပြောင်းအလဲလုပ်ခဲ့ပြီးပယ်နယ်တီကန်သွင်းခွင့်လေးကြိမ်မှာသုံးကြိမ်ပယ်နယ်တီလွဲချော်ခဲ့ပါတယ်။

“ခံစားချက်တွေအများကြီးပွဲအတွင်းမှာ ဖြစ်စေခဲ့ပါတယ်။ ဂွန်ဒိုဂမ်ပင်နယ်တီလွဲတာ ဖြစ်တတ်ပါတယ်။ ဒါပေမယ့် ဒုတိယပိုင်းမှာ သူအကောင်းဆုံးပြန်လာနိုင်ခဲ့ပါတယ်။ အခုနိုင်ပွဲက ကျွန်တော်တို့အတွက် တော်တော်လေးအရေးပါပါတယ်”

“အသင်းအတွက်ပယ်နယ်တီကန်သွင်းသူတွေဟာဂိုးဝင်အောင်မကန်နိုင်တာပြဿနာရှိပါတယ်။ပယ်နယ်တီကန်သွင်းသူအပြောင်းအလဲလုပ်ဖို့စဉ်းစားနေပါတယ်။ဂိုးသမားအီဒါဆန်ကို လာမယ့်ပွဲစဉ်တွေမှာပယ်နယ်တီကန်သွင်းခွင့်ပေးသွားဖွယ်ရှိပါတယ်။“လို့နည်းပြဂွါဒီယိုလာကပြောပါတယ်။

မန်စီးတီးအသင်းဟာ လက်ထဲမှာတစ်ပွဲ အပိုရှိနေဆဲဖြစ်ပြီး ကြားရက်မှာ ဆွမ်ဆီးအသင်းနဲ့ အက်ဖ်အေဖလားပွဲရင်ဆိုင်ရမှာဖြစ်ကာ စနေနေ့မှာတော့ တော့တင်ဟမ်အသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်ရင်ဆိုင်ရမှာဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi




