ဂိုးမိုးခေါင်မန်ယူအသင်းဖော်ဟောင်းတွေဖြစ်တဲ့ လင်ဂတ်နဲ့ပါရဲရားတို့ကို သရော်လိုက်တဲ့ မိုဗစ်

photo-gettyimages

photo-gettyimages

အေစီမီလန်ကြယ်ပွင့်အီဘရာဟီမိုဗစ်ဟာ ဒီရာသီပရီးမီးယားလိဂ်မှာရုန်းကန်နေကြရတဲ့ မန်ယူအသင်းဖော်ဟောင်းတွေဖြစ်တဲ့ လင်ဂတ်နဲ့ပါရဲရားတို့ကို သရော်ပြောကြားမှုပြုလုပ်လိုက်ပါတယ်။ ဆိုရှယ်မီဒီယာပေါ်မှာ ပျံ့နှံ့နေတဲ့ဗီဒီယိုဖိုင်တစ်ခုမှာ မိုဗစ်ဟာ လင်ဂတ်တို့နှစ်ယောက်ကို ဝေဖန်ခဲ့ပုံရပါတယ်။ သူတို့နှစ်ယောက်ဟာ မန်ယူရဲ့မကြာသေးခင်ပွဲတွေမှာ ခြေစွမ်းအရ ပရိသတ်တွေရဲ့အပြင်းအထန်ဝေဖန်ခြင်းခံခဲ့ရသလို ဒီရာသီမှာ ဂိုးပေါက်ပျောက်နေကြသူတွေလည်း ဖြစ်ကြပါတယ်။

photo-gettyimages

”ပွဲ ၂၀ မှာ သုညဂိုးတဲ့ဗျာ။ ဒါမျိုးတစ်ခါမှ ကြားတောင် မကြားဖူးဘူး။ ဘယ်လိုဂိုးသွင်းရမလဲဆိုတာ သိချင်ရင် ကျွန်တော့်ရဲ့ကျောင်းကို လာခဲ့ပါ။ ဂိုးသွင်းပုံ သင်ပေးလိုက်မယ်”လို့ အွန်လိုင်းပေါ်ပျံ့နေတဲ့ အဲဒီဗီဒီယိုဖိုင်မှာ မိုဗစ်က ပြောထားတာပါ။

photo-gettyimages

လင်ဂတ်နဲ့ပါရဲရားတို့ဟာ နောက်ဆုံး ၂ ရာသီအတွင်း အထူးသဖြင့် ပရိးမီးယားလိဂ်မှာ ခြေစွမ်းနဲ့ပတ်သက်လို့ ပြင်းထန်တဲ့ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ အဲဒီထဲမှာ ပါရဲရားဟာ ဒီရာသီပရီးမီးယားလိဂ် ၂၃ ပွဲမှာ ၁ ဂိုးသာ သွင်းနိုင်ခဲ့ပါတယ်။ လင်ဂတ်ဆိုရင် ဒီရာသီပရီးမီးယားလိဂ်မှာ မန်ယူအတွက် ပွဲ ၂၀ ကစားပေးထားပေမယ့် တစ်ဂိုးမှ သွင်းနိုင်ခြင်း မရှိသေးပါဘူး။ အီဘရာဟီမိုဗစ်ဟာ ၂၀၁၆ ကနေ ၂၀၁၈ အထိ အိုးလ်ထရက်ဖို့ဒ်မှာ ကစားခဲ့ပြီး မန်ယူအတွက် ၃၃ ပွဲမှာ ၁၇ ဂိုးသွင်းခဲ့ကာ ယူရိုပါလိဂ်၊ အင်္ဂလန်လိဂ်ဖလားနဲ့ ကွန်မြူနတီဒိုင်းတို့မှာ ဗိုလ်စွဲခဲ့ပါတယ်။

[Zawgyi]

ဂိုးမုိးေခါင္မန္ယူအသင္းေဖာ္ေဟာင္းေတြျဖစ္တဲ့ လင္ဂတ္နဲ႔ပါရဲရားတုိ႔ကုိ သေရာ္လိုက္တဲ့ မုိဗစ္

ေအစီမီလန္ၾကယ္ပြင့္အီဘရာဟီမိုဗစ္ဟာ ဒီရာသီပရီးမီးယားလိဂ္မွာရုန္းကန္ေနၾကရတဲ့ မန္ယူအသင္းေဖာ္ေဟာင္းေတြျဖစ္တဲ့ လင္ဂတ္နဲ႔ပါရဲရားတုိ႔ကို သေရာ္ေျပာၾကားမႈျပဳလုပ္လိုက္ပါတယ္။ ဆုိရွယ္မီဒီယာေပၚမွာ ပ်ံ႔ႏွ႔ံေနတဲ့ဗီဒီယိုဖိုင္တစ္ခုမွာ မိုဗစ္ဟာ လင္ဂတ္တို႔ႏွစ္ေယာက္ကို ေ၀ဖန္ခဲ့ပုံရပါတယ္။ သူတုိ႔ႏွစ္ေယာက္ဟာ မန္ယူရဲ႕မၾကာေသးခင္ပြဲေတြမွာ ေျခစြမ္းအရ ပရိသတ္ေတြရဲ႕အျပင္းအထန္ေ၀ဖန္ျခင္းခံခဲ့ရသလို ဒီရာသီမွာ ဂိုးေပါက္ေပ်ာက္ေနၾကသူေတြလည္း ျဖစ္ၾကပါတယ္။

”ပြဲ ၂၀ မွာ သုညဂိုးတဲ့ဗ်ာ။ ဒါမ်ိဳးတစ္ခါမွ ၾကားေတာင္ မၾကားဖူးဘူး။ ဘယ္လိုဂိုးသြင္းရမလဲဆုိတာ သိခ်င္ရင္ ကၽြန္ေတာ့္ရဲ႕ေက်ာင္းကို လာခဲ့ပါ။ ဂုိးသြင္းပုံ သင္ေပးလိုက္မယ္”လို႔ အြန္လိုင္းေပၚပ်ံ႕ေနတဲ့ အဲဒီဗီဒီယိုဖိုင္မွာ မိုဗစ္က ေျပာထားတာပါ။

လင္ဂတ္နဲ႔ပါရဲရားတို႔ဟာ ေနာက္ဆုံး ၂ ရာသီအတြင္း အထူးသျဖင့္ ပရိးမီးယားလိဂ္မွာ ေျခစြမ္းနဲ႔ပတ္သက္လို႔ ျပင္းထန္တဲ့ေ၀ဖန္မႈေတြနဲ႔ ရင္ဆိုင္ခဲ့ရပါတယ္။ အဲဒီထဲမွာ ပါရဲရားဟာ ဒီရာသီပရီးမီးယားလိဂ္ ၂၃ ပြဲမွာ ၁ ဂိုးသာ သြင္းႏိုင္ခဲ့ပါတယ္။ လင္ဂတ္ဆိုရင္ ဒီရာသီပရီးမီးယားလိဂ္မွာ မန္ယူအတြက္ ပြဲ ၂၀ ကစားေပးထားေပမယ့္္ တစ္ဂိုးမွ သြင္းႏိုင္ျခင္း မရွိေသးပါဘူး။ အီဘရာဟီမုိဗစ္ဟာ ၂၀၁၆ ကေန ၂၀၁၈ အထိ အိုးလ္ထရက္ဖုိ႔ဒ္မွာ ကစားခဲ့ၿပီး မန္ယူအတြက္ ၃၃ ပြဲမွာ ၁၇ ဂိုးသြင္းခဲ့ကာ ယူရိုပါလိဂ္၊ အဂၤလန္လိဂ္ဖလားနဲ႔ ကြန္ျမဴနတီဒိုင္းတုိ႔မွာ ဗုိလ္စြဲခဲ့ပါတယ္။