ဂိုးမသွင်းနိုင်အောင် အဂူရိုရဲ့ငယ်ပါကို ဆုပ်ကိုင်တားဆီးခဲ့တဲ့ ဝက်စ်ဟမ်းရဲ့အော့ဘွန်နာ

photo-sportbible

photo-REX

မနေ့ညက ကစားသွားတဲ့ မန်စီးတီးနဲ့ဝက်စ်ဟမ်းတို့ရဲ့ပရီးမီးယားလိဂ်ပွဲကျန်မှာ ဝက်စ်ဟမ်းနောက်ခံလူတစ်ယောက်သုံးသွားတဲ့ ပြိုင်ဘက်တိုက်စစ်မှုးကို တားဆီးနည်းကတော့ တကယ့်ကို အသစ်ပါပဲ။ အဲဒီပွဲရဲ့ပထမပိုင်းမှာ ဖြစ်ပါတယ်။ မန်စီးတီးတိုက်စစ်မှုးအဂူရိုဟာ ပြိုင်ဘက်ဧရိယာထဲမှာ လွတ်လွတ်ကျွတ်ကျွတ်ဖြစ်သွားပြီး ဒီရာသီပရီးမီးယားလိဂ်က သူ့ရဲ့၁၇ ဂိုးမြောက်ကို သွင်းတော့မယ့်ပုံစံရှိခဲ့ပါတယ်။

photo-sky sports

ဒါပေမဲ့လည်း အဂူရိုတစ်ယောက် မထင်မှတ်ထားတဲ့အခြေအနေနဲ့ ကြုံတွေ့လိုက်ရပါတယ်။ ဘာကြောင့်လဲဆိုတော့ ဝက်စ်ဟမ်းနောက်ခံလူအော့ဘွန်နာဟာ လုံးဝကို မမျှော်လင့်ထားတဲ့အကွက်ကို အသုံးပြုလိုက်လို့ပါ။ သူ့ရဲ့ငယ်ပါကို နောက်ကနေဆုပ်ကိုင်ခြင်းခံလိုက်ရတဲ့အတွက် အဂူရိုလည်း ဘယ်လိုမှ မတတ်နိုင်ဖြစ်သွားပါတယ်။

photo-social media

အဲဒီဖြစ်ရပ်မှာ ပင်နယ်တီလည်း မပေးခဲ့ရဘူးဆိုတော့ အီတလီသားနောက်ခံလူအော့ဘွန်နာတစ်ယောက် အလုပ်ဖြစ်သွားခဲ့တယ်လို့ပဲ ဆိုရမှာပေါ့။ ပိုဆိုးတာက VAR နဲ့ ပြန်ကြည့်မှုတောင် မရှိခဲ့တာပါ။ ဒါကို ဆိုရှယ်မီဒီယာပေါ်က ပရိသတ်တွေဟာ တအံ့တသြဖြစ်နေကြပါတယ်။ အသေးအမွှားကအစ VAR ကြည့်နေတဲ့ ဒီဘက်ခေတ်ပရီးမီးယားလိဂ်ပွဲတွေမှာ ဒါမျိုးက တကယ့်ကိုမယုံကြည်နိုင်စရာလည်း ကောင်းနေပါတယ်။

[Zawgyi]

ဂိုးမသြင္းႏိုင္ေအာင္ အဂူရိုရဲ႕ငယ္ပါကို ဆုပ္ကိုင္တားဆီးခဲ့တဲ့ ၀က္စ္ဟမ္းရဲ႕ေအာ့ဘြန္နာ

မေန႔ညက ကစားသြားတဲ့ မန္စီးတီးနဲ႔၀က္္စ္ဟမ္းတုိ႔ရဲ႕ပရီးမီးယားလိဂ္ပြဲက်န္မွာ ၀က္စ္ဟမ္းေနာက္ခံလူတစ္ေယာက္သုံးသြားတဲ့ ၿပိဳင္ဘက္တိုက္စစ္မႈးကို တားဆီးနည္းကေတာ့ တကယ့္ကို အသစ္ပါပဲ။ အဲဒီပြဲရဲ႕ပထမပုိင္းမွာ ျဖစ္ပါတယ္။ မန္စီးတီးတိုက္စစ္မႈးအဂူရိုဟာ ၿပိဳင္ဘက္ဧရိယာထဲမွာ လြတ္လြတ္ကၽြတ္ကၽြတ္ျဖစ္သြားၿပီး ဒီရာသီပရီးမီးယားလိဂ္က သူ႔ရဲ႕၁၇ ဂိုးေျမာက္ကို သြင္းေတာ့မယ့္ပုံစံရွိခဲ့ပါတယ္။

ဒါေပမဲ့လည္း အဂူရိုတစ္ေယာက္ မထင္မွတ္ထားတဲ့အေျခအေနနဲ႔ ႀကဳံေတြ႕လုိက္ရပါတယ္။ ဘာေၾကာင့္လဲဆုိေတာ့ ၀က္စ္ဟမ္းေနာက္ခံလူေအာ့ဘြန္နာဟာ လုံး၀ကို မေမွ်ာ္လင့္ထားတဲ့အကြက္ကို အသုံးျပဳလိုက္လို႔ပါ။ သူ႔ရဲ႕ငယ္ပါကို ေနာက္ကေနဆုပ္ကိုင္ျခင္းခံလိုက္ရတဲ့အတြက္ အဂူရိုလည္း ဘယ္လုိမွ မတတ္ႏိုင္ျဖစ္သြားပါတယ္။

အဲဒီျဖစ္ရပ္မွာ ပင္နယ္တီလည္း မေပးခဲ့ရဘူးဆုိေတာ့ အီတလီသားေနာက္ခံလူေအာ့ဘြန္နာတစ္ေယာက္ အလုပ္ျဖစ္သြားခဲ့တယ္လုိ႔ပဲ ဆုိရမွာေပါ့။ ပိုဆိုးတာက VAR နဲ႔ ျပန္ၾကည့္မႈေတာင္ မရွိခဲ့တာပါ။ ဒါကို ဆုိရွယ္မီဒီယာေပၚက ပရိသတ္ေတြဟာ တအ့ံတၾသျဖစ္ေနၾကပါတယ္္။ အေသးအမႊားကအစ VAR ၾကည့္ေနတဲ့ ဒီဘက္ေခတ္ပရီးမီးယားလိဂ္ပြဲေတြမွာ ဒါမ်ိဳးက တကယ့္ကိုမယုံၾကည္ႏိုင္စရာလည္း ေကာင္းေနပါတယ္။