ဂိုးမသွင်းတတ်တဲ့ ယူနိုက်တက်ကို ဂိုးဘယ်လိုသွင်းရလဲဆိုတာ အန်ဖီးလ်အထိခေါ်ပြီး Lesson ပေးလိုက်တဲ့ လီဗာပူး

Photo Credit

Photo Credit

လီဗာပူးဟာ ပရီးမီးယားလိဂ်ပွဲစဉ် ၂၃ မှာ အသင်းကြီးတွေအားလုံး ရလဒ်ဆိုးရွားတဲ့ကျိန်စာအသင့်မခံဘဲ အိမ်ကွင်းမှာ ယူနိုက်တက်ကို ဂိုးပြတ်အနိုင်ယူပြီး နှစ်ပေါင်း ၃၀ အတွင်း ပထမဆုံးအမှတ်ပေးချန်ပီယံဆုရယူဖို့ ပိုမိုနီးစပ်လာပါတယ်။

Photo Credit

လီဗာပူးဟာ ဒီပွဲမှာအနိုင်ရခဲ့တာကြောင့် အန်ဖီးလ်မှာ ပရီးမီးယားလိဂ်ရှုံးပွဲမရှိတာ ရက်အားဖြင့် ၁၀၀၁ ရက်ရှိသွားပြီဖြစ်ကာ ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် ရှုံးပွဲမရှိအရှည်ကြာဆုံးအသင်းအဖြစ် ၄၉ပွဲနဲ့ စံချိန်တင်ထားတဲ့ အာဆင်နယ်ကို လိုက်မီဖို့လည်း ၁၀ပွဲပဲလိုပါတော့တယ်။

Photo Credit

ယူနိုက်တက်ရဲ့ကစားပုံက သိပ်မဆိုးပေမယ့် အပိုင်အခွင့်အရေးတွေကို ဂိုးအဖြစ် မပြောင်းလဲနိုင်ခဲ့တာက အဆိုးရွားဆုံးအချက်ဖြစ်သွားပြီး လီဗာပူးက ဒီပွဲမှာ ပြိုင်ဘက်ဂိုးပေါက်ထဲ ၄ကြိမ် ဂိုးသွင်းနိုင်ခဲ့ရာမှာ ၂ဂိုးက အတည်ပြုခံခဲ့ရပါတယ်။

Photo Credit

လီဗာပူးဟာ ဒုတိယနေရာက ၂နှစ်ဆက် ချန်ပီယံ စီးတီးကို တစ်ပွဲလျော့၊ ၁၆ မှတ်အထိ ဖြတ်ထားနိုင်ပြီး ယူနိုက်တက်ကတော့ အဆင့် ၄နေရာက ချဲလ်ဆီးနဲ့ ၅ မှတ်အကွာမှာပဲ ဆက်လက်ရပ်တည်ခဲ့ရပါတယ်။ ပွဲအစပိုင်းမှာ ယူနိုက်တက်ကစားပုံ မဆိုးပေမယ့် နောက်ပိုင်းမှာတော့ လီဗာပူးက ကစားကွက်ပြန်မိလာပါတယ်။

Photo Credit

ဒါကြောင့်လည်း ပွဲချိန် ၁၄ မိနစ်မှာ အာနိုးလ်ရဲ့ထောင့်ကန်ဘောကနေ ပေါင် ၇၅သန်းတန် နောက်ခံလူ ဗန်ဒိုက်က ပေါင်သန်း ၈၀ တန်နောက်ခံလူ မက်ဂွိုင်းယားထက် မြင့်အောင် ခုန်ကာ ခေါင်းတိုက်သွင်းယူနိုင်ခဲ့လို့ အိမ်ရှင်အသင်း ဦးဆောင်ဂိုးရရှိခဲ့ပါတယ်။

Photo Credit

နောက်သိပ်မကြာခင် မာနေးရဲ့ပေးပို့မှုကနေ ဖာမီနို အဝေးတိုင်ထောင့်ထဲ ကန်သွင်းတာ ဂိုးသွားပေမယ့် VAR ပြန်ကြည့်ကာ အဲဒီဂိုးအတွက် Build-up လုပ်ရာမှာ ဂိုးသမား ဒီဂီယာကို ဗန်ဒိုက် ဥပဒေပကစားတယ်ဆိုပြီး သတ်မှတ်ခဲ့လု့ိ လီဗာပူးအသင်း နစ်နာခဲ့ရပါတယ်။

Photo Credit

ဒါ့အပြင် ဝစ်ချ်နယ်ဒမ်း ဂိုးသွင်းခဲ့သေးပေမယ့် ဒီတစ်ခါလည်း လူကျွံနေလို့ ပယ်ဖျက်ခံခဲ့ရပါတယ်။ နောက်ပိုင်းမှာတော့ ယူနိုက်တက်အသင်း ပြန်လည်ဖိအားပေးလာပြီး မိနစ် ၄၀ မှာ အပိုင်အခွင့်အရေးရခဲ့ပါတယ်။ ဘယ်တောင်ပံကနေ မာရှယ်ရဲ့ဖြတ်တင်ဘောကို ဝမ်ဘစ်ဆာကာ ဂိုးရှေ့ပြန်ချိုးပေးတာကို ဂိုးသမားမရှိတော့တဲ့ဂိုးပေါက်ထဲ ပါရဲရား အနီးကပ်ပိတ်သွင်းခဲ့ပေမယ့် အံ့အားသင့်ဖွယ်လွဲချော်ခဲ့ပါတယ်။

Photo Credit

ပွဲချိန်မိနစ် ၅၀ မှာ ဟန်ဒါဆန်ရဲ့ကန်သွင်းချက် ကောင်းပေမယ့် တိုင်ထိထွက်သွားပါတယ်။ ပွဲချိန် ၅၈ မိနစ်မှာ ယူနိုက်တက်အသင်း နောက်ထပ် အပိုင်အခွင့်အရေးရခဲ့ပေမယ့် ဒီတစ်ခါ မာရှယ်ရဲ့ကန်ချက်ကလည်း အတော်လေးဆိုးရွားလွန်းခဲ့ပါတယ်။

Photo Credit

အဲဒီဖြစ်ရပ်အတွက် Build-up လုပ်ရာမှာ Team Play ပိုင်း ကောင်းမွန်ခဲ့ပြီး မာရှယ်က ပါရဲရားနဲ့ အနီးကပ်ဝမ်းတူးရိုက်ကာ ဂိုးသမားနဲ့ တစ်ယောက်ချင်းအတွေ့ ခြေခွင်နဲ့ ထောင့်ထဲကန်သွင်းရမယ့်အစား ခြေခုံနဲ့ အားရပါးရအုပ်ကန်လိုက်လို့ အရှိန်များပြီး ဂိုးဘားပေါ် ကျော်သွားပါတယ်။

Photo Credit

နောက်ပိုင်းမှာလည်း ယူနိုက်တက်အသင်း ဖိအားပေးနိုင်ခဲ့ပေမယ့် ဂိုးမသွင်းနိုင်ဘဲ လီဗာပူးက တန်ပြန်တိုက်စစ်အားကောင်းတဲ့ ယူနိုက်တက်ကို တန်ပြန်တိုက်စစ်ကနေ ဂိုးသွင်းပြသွားပါတယ်။ နာကျင်အချိန်ပိုမှာ အလီဆင်ရဲ့ပေးပို့မှုကနေ ဆာလာ တစ်ယောက်တည်း ဆွဲပြေးသွားပြီး ဂိုးသမားနဲ့ တစ်ယောက်ချင်းအတွေ့ ကန်သွင်းခဲ့တာဖြစ်ပါတယ်။

Photo Credit

ဂိုးသမား အလီဆင်လည်း ၂၀၁၀ မတ်လက ဆန်းဒါးလန်းနဲ့ပွဲမှာ တောရက်စ်အတွက် ဂိုးဖန်တီးပေးခဲ့တဲ့ ပီပီရေနာပြီးနောက် ပရီးမီးယားလိဂ်မှာ ဂိုးဖန်တီးပေးနိုင်တဲ့ ပထမဆုံးလီဗာပူးဂိုးသမားဖြစ်လာပါတယ်။

Photo Credit

Zawgyi

ဂိုးမသြင္းတတ္တဲ့ ယူႏုိက္တက္ကို ဂိုးဘယ္လုိသြင္းရလဲဆိုတာ အန္ဖီးလ္အထိေခၚၿပီး Lesson ေပးလုိက္တဲ့ လီဗာပူး

လီဗာပူးဟာ ပရီးမီးယားလိဂ္ပြဲစဥ္ ၂၃ မွာ အသင္းႀကီးေတြအားလုံး ရလဒ္ဆုိးရြားတဲ့က်ိန္စာအသင့္မခံဘဲ အိမ္ကြင္းမွာ ယူႏုိက္တက္ကို ဂိုးျပတ္အႏုိင္ယူၿပီး ႏွစ္ေပါင္း ၃၀ အတြင္း ပထမဆုံးအမွတ္ေပးခ်န္ပီယံဆုရယူဖုိ႔ ပိုမိုနီးစပ္လာပါတယ္။
လီဗာပူးဟာ ဒီပြဲမွာအႏိုင္ရခဲ့တာေၾကာင့္ အန္ဖီးလ္မွာ ပရီးမီးယားလိဂ္႐ံႈးပြဲမရွိတာ ရက္အားျဖင့္ ၁၀၀၁ ရက္ရွိသြားၿပီျဖစ္ကာ ပရီးမီးယားလိဂ္သမိုင္းတစ္ေလွ်ာက္ ႐ံႈးပြဲမရွိအရွည္ၾကာဆုံးအသင္းအျဖစ္ ၄၉ပြဲနဲ႔ စံခ်ိန္တင္ထားတဲ့ အာဆင္နယ္ကို လုိက္မီဖို႔လည္း ၁၀ပြဲပဲလိုပါေတာ့တယ္။
ယူႏုိက္တက္ရဲ႕ကစားပုံက သိပ္မဆုိးေပမယ့္ အပိုင္အခြင့္အေရးေတြကို ဂိုးအျဖစ္ မေျပာင္းလဲႏိုင္ခဲ့တာက အဆုိးရြားဆုံးအခ်က္ျဖစ္သြားၿပီး လီဗာပူးက ဒီပြဲမွာ ၿပိဳင္ဘက္ဂိုးေပါက္ထဲ ၄ႀကိမ္ ဂိုးသြင္းႏိုင္ခဲ့ရာမွာ ၂ဂိုးက အတည္ျပဳခံခဲ့ရပါတယ္။
လီဗာပူးဟာ ဒုတိယေနရာက ၂ႏွစ္ဆက္ ခ်န္ပီယံ စီးတီးကို တစ္ပြဲေလ်ာ့၊ ၁၆ မွတ္အထိ ျဖတ္ထားႏုိင္ၿပီး ယူႏုိက္တက္ကေတာ့ အဆင့္ ၄ေနရာက ခ်ဲလ္ဆီးနဲ႔ ၅ မွတ္အကြာမွာပဲ ဆက္လက္ရပ္တည္ခဲ့ရပါတယ္။ ပြဲအစပိုင္းမွာ ယူႏုိက္တက္ကစားပုံ မဆုိးေပမယ့္ ေနာက္ပုိင္းမွာေတာ့ လီဗာပူးက ကစားကြက္ျပန္မိလာပါတယ္။
ဒါေၾကာင့္လည္း ပြဲခ်ိန္ ၁၄ မိနစ္မွာ အာႏိုးလ္ရဲ႕ေထာင့္ကန္ေဘာကေန ေပါင္ ၇၅သန္းတန္ ေနာက္ခံလူ ဗန္ဒုိက္က ေပါင္သန္း ၈၀ တန္ေနာက္ခံလူ မက္ဂြိဳင္းယားထက္ ျမင့္ေအာင္ ခုန္ကာ ေခါင္းတုိက္သြင္းယူႏုိင္ခဲ့လုိ႔ အိမ္ရွင္အသင္း ဦးေဆာင္ဂိုးရရွိခဲ့ပါတယ္။
ေနာက္သိပ္မၾကာခင္ မာေနးရဲ႕ေပးပုိ႔မႈကေန ဖာမီႏို အေ၀းတုိင္ေထာင့္ထဲ ကန္သြင္းတာ ဂိုးသြားေပမယ့္ VAR ျပန္ၾကည့္ကာ အဲဒီဂိုးအတြက္ Build-up လုပ္ရာမွာ ဂိုးသမား ဒီဂီယာကို ဗန္ဒုိက္ ဥပေဒပကစားတယ္ဆုိၿပီး သတ္မွတ္ခဲ့လု႔ိ လီဗာပူးအသင္း နစ္နာခဲ့ရပါတယ္။
ဒါ့အျပင္ ၀စ္ခ်္နယ္ဒမ္း ဂိုးသြင္းခဲ့ေသးေပမယ့္ ဒီတစ္ခါလည္း လူကၽြံေနလုိ႔ ပယ္ဖ်က္ခံခဲ့ရပါတယ္။ ေနာက္ပိုင္းမွာေတာ့ ယူႏုိက္တက္အသင္း ျပန္လည္ဖိအားေပးလာၿပီး မိနစ္ ၄၀ မွာ အပိုင္အခြင့္အေရးရခဲ့ပါတယ္။ ဘယ္ေတာင္ပံကေန မာရွယ္ရဲ႕ျဖတ္တင္ေဘာကို ၀မ္ဘစ္ဆာကာ ဂိုးေရွ႕ျပန္ခ်ိဳးေပးတာကို ဂိုးသမားမရွိေတာ့တဲ့ဂိုးေပါက္ထဲ ပါရဲရား အနီးကပ္ပိတ္သြင္းခဲ့ေပမယ့္ အံ့အားသင့္ဖြယ္လြဲေခ်ာ္ခဲ့ပါတယ္။
ပြဲခ်ိန္မိနစ္ ၅၀ မွာ ဟန္ဒါဆန္ရဲ႕ကန္သြင္းခ်က္ ေကာင္းေပမယ့္ တုိင္ထိထြက္သြားပါတယ္။ ပြဲခ်ိန္ ၅၈ မိနစ္မွာ ယူႏုိက္တက္အသင္း ေနာက္ထပ္ အပိုင္အခြင့္အေရးရခဲ့ေပမယ့္ ဒီတစ္ခါ မာရွယ္ရဲ႕ကန္ခ်က္ကလည္း အေတာ္ေလးဆုိးရြားလြန္းခဲ့ပါတယ္။
အဲဒီျဖစ္ရပ္အတြက္ Build-up လုပ္ရာမွာ Team Play ပိုင္း ေကာင္းမြန္ခဲ့ၿပီး မာရွယ္က ပါရဲရားနဲ႔ အနီးကပ္၀မ္းတူး႐ုိက္ကာ ဂိုးသမားနဲ႔ တစ္ေယာက္ခ်င္းအေတြ႕ ေျခခြင္နဲ႔ ေထာင့္ထဲကန္သြင္းရမယ့္အစား ေျခခုံနဲ႔ အားရပါးရအုပ္ကန္လုိက္လုိ႔ အရွိန္မ်ားၿပီး ဂိုးဘားေပၚ ေက်ာ္သြားပါတယ္။
ေနာက္ပိုင္းမွာလည္း ယူႏုိက္တက္အသင္း ဖိအားေပးႏုိင္ခဲ့ေပမယ့္ ဂိုးမသြင္းႏုိင္ဘဲ လီဗာပူးက တန္ျပန္တုိက္စစ္အားေကာင္းတဲ့ ယူႏုိက္တက္ကို တန္ျပန္တုိက္စစ္ကေန ဂုိးသြင္းျပသြားပါတယ္။ နာက်င္အခ်ိန္ပိုမွာ အလီဆင္ရဲ႕ေပးပုိ႔မႈကေန ဆာလာ တစ္ေယာက္တည္း ဆဲြေျပးသြားၿပီး ဂိုးသမားနဲ႔ တစ္ေယာက္ခ်င္းအေတြ႕ ကန္သြင္းခဲ့တာျဖစ္ပါတယ္။
ဂုိးသမား အလီဆင္လည္း ၂၀၁၀ မတ္လက ဆန္းဒါးလန္းနဲ႔ပြဲမွာ ေတာရက္စ္အတြက္ ဂိုးဖန္တီးေပးခဲ့တဲ့ ပီပီေရနာၿပီးေနာက္ ပရီးမီးယားလိဂ္မွာ ဂိုးဖန္တီးေပးႏိုင္တဲ့ ပထမဆုံးလီဗာပူးဂိုးသမားျဖစ္လာပါတယ္။