ဂိုးဖန်တီးမှုတွေနဲ့ ဘာစီလိုနာကို နိုင်ပွဲဆက်စေခဲ့တဲ့ မက်ဆီ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဘာစီလိုနာအသင်းဟာ ပြီးခဲ့တဲ့ စနေနေ့မှာ လီယွန်နယ် မက်ဆီရဲ့ ဖန်တီးပေးမှုမှတဆင့် ရရှိခဲ့တဲ့ ဂျော်ဒီအယ်ဘာ နှင့် ဆယ်ကေျာ်သက် ကစားသမား အီလက် မိုရီဘာတိုရဲ့ သွင်းဂိုတွေနဲ့အတူ အိုဆာဆူနာ အသင်းကို ( ၂ – ၀) အနိုင်ရရှိခဲ့ပြီး လာလီဂါအမှတ်ပေးဇယားထိပ်က အက်သလက်တီကိုအသင်းနဲ့ ( ၂ ) မှတ်ကွာအနေအထားကို ရောက်ရှိလာခဲ့ပါတယ်။

မက်ဆီက ပွဲကစားချိန် မိနစ် ( ၃၀ ) အရောက်မှာ ကောင်းမွန်လှတဲ့ ကန့်လန့်ဖြတ်ပေးပို့မှုနဲ့အတူ ဂျော်ဒီအယ်ဘာရဲ့ ဦးဆောင်ဂိုးကို ဖန်တီးပေးခဲ့ပါတယ်။ အဲ့ဒီနောက် ပွဲကစားချိန် ( ၈၃ ) မိနစ်အရောက်မှာ ကစားသမားဘဝ ပထမဆုံးသွင်းဂိုးရယူခဲ့တဲ့ အသက် ( ၁၈ ) နှစ်အရွယ် ကွင်းလယ် ကစားသမား အီလက်အတွက် ထပ်မံဖန်တီးပေးခဲ့ပြန်ပါတယ်။

ဘာစီလိုနာအသင်းဟာ ယခုပွဲစဥ်မတိုင်မီ ဆီဗီလာအသင်းကို come back အနိုင်ရရှိမှုနဲ့အတူ ကိုပါဒယ်ရေးဗိုလ်လုပွဲကို တက်ရောက်ထားနိုင်ပြီး နောက်ဆုံးကစားခဲ့တဲ့ လာလီဂါ ( ၁၆ ) ပွဲမှာ ( ၁၃ ) ပွဲအနိုင်ရရှိထားကာ ဒီဇင်ဘာလ ( ၅ ) ရက်နေ့ ကာဒစ်နဲ့ ပွဲစဥ်နောက်ပိုင် ရှုံးပွဲမရှိမှတ်တမ်း ပိုင်ဆိုင်ထားပါတယ်။

ကတ်တလန်တာအသင်းက ( ၂၆ ) ပွဲ ကစားထားရာမှာ ( ၅၆ ) မှတ်နဲ့ အဆင့် ( ၂ ) နေရာမှာ ရပ်တည်နေပြီး ( ၂၄ ) ပွဲ ကစားထားတဲ့ အမှတ်ပေးဇယားအဆင့် ( ၁ ) နေရာက အက်သလက်တီကို အသင်းအောက် ( ၂ ) မှတ် လျော့နည်းလျက်ရှိပါတယ်။

ဘာကာနည်းပြ ရော်နယ်ကိုးမန်းက အဆိုပါ ပွဲစဥ်အပြီး “ ကျွန်တော်တို့ ဆက်တိုက်နိုင်ပွဲရရှိဖို့ လိုအပ်ပါတယ်။ ဒါက ကျွန်တော်တို့ရဲ့ အကောင်းဆုံး စွမ်းဆောင်ရည်မဟုတ်ပါဘူး ။ ဒါပေမယ့် ကျွန်တော်တို့အကောင်းဆုံး ကစားခဲ့ပြီး ထိုက်ထိုက်တန်တန် နိုင်ပွဲ ရရှိခဲ့ပါတယ်။” လို့ ပြောကြားခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ဂိုးဖန္တီးမႈေတြနဲ႔ ဘာစီလိုနာကို ႏိုင္ပြဲဆက္ေစခဲ့တဲ့ မက္ဆီ

ဘာစီလိုနာအသင္းဟာ ၿပီးခဲ့တဲ့ စေနေန႔မွာ လီယြန္နယ္ မက္ဆီရဲ႕ ဖန္တီးေပးမႈမွတဆင့္ ရရွိခဲ့တဲ့ ေဂ်ာ္ဒီအယ္ဘာ ႏွင့္ ဆယ္ေက်ာ္သက္ ကစားသမား အီလက္ မိုရီဘာတိုရဲ႕ သြင္းဂိုေတြနဲ႔အတူ အိုဆာဆူနာ အသင္းကို ( ၂ – ၀) အႏိုင္ရရွိခဲ့ၿပီး လာလီဂါအမွတ္ေပးဇယားထိပ္က အက္သလက္တီကိုအသင္းနဲ႔ ( ၂ ) မွတ္ကြာအေနအထားကို ေရာက္ရွိလာခဲ့ပါတယ္။

မက္ဆီက ပြဲကစားခ်ိန္ မိနစ္ ( ၃၀ ) အေရာက္မွာ ေကာင္းမြန္လွတဲ့ ကန႔္လန႔္ျဖတ္ေပးပို႔မႈနဲ႔အတူ ေဂ်ာ္ဒီအယ္ဘာရဲ႕ ဦးေဆာင္ဂိုးကို ဖန္တီးေပးခဲ့ပါတယ္။ အဲ့ဒီေနာက္ ပြဲကစားခ်ိန္ ( ၈၃ ) မိနစ္အေရာက္မွာ ကစားသမားဘဝ ပထမဆုံးသြင္းဂိုးရယူခဲ့တဲ့ အသက္ ( ၁၈ ) ႏွစ္အ႐ြယ္ ကြင္းလယ္ ကစားသမား အီလက္အတြက္ ထပ္မံဖန္တီးေပးခဲ့ျပန္ပါတယ္။

ဘာစီလိုနာအသင္းဟာ ယခုပြဲစဥ္မတိုင္မီ ဆီဗီလာအသင္းကို come back အႏိုင္ရရွိမႈနဲ႔အတူ ကိုပါဒယ္ေရးဗိုလ္လုပြဲကို တက္ေရာက္ထားႏိုင္ၿပီး ေနာက္ဆုံးကစားခဲ့တဲ့ လာလီဂါ ( ၁၆ ) ပြဲမွာ ( ၁၃ ) ပြဲအႏိုင္ရရွိထားကာ ဒီဇင္ဘာလ ( ၅ ) ရက္ေန႔ ကာဒစ္နဲ႔ ပြဲစဥ္ေနာက္ပိုင္ ရႈံးပြဲမရွိမွတ္တမ္း ပိုင္ဆိုင္ထားပါတယ္။ ကတ္တလန္တာအသင္းက ( ၂၆ ) ပြဲ ကစားထားရာမွာ ( ၅၆ ) မွတ္နဲ႔ အဆင့္ ( ၂ ) ေနရာမွာ ရပ္တည္ေနၿပီး ( ၂၄ ) ပြဲ ကစားထားတဲ့ အမွတ္ေပးဇယားအဆင့္ ( ၁ ) ေနရာက အက္သလက္တီကို အသင္းေအာက္ ( ၂ ) မွတ္ ေလ်ာ့နည္းလ်က္ရွိပါတယ္။

ဘာကာနည္းျပ ေရာ္နယ္ကိုးမန္းက အဆိုပါ ပြဲစဥ္အၿပီး “ ကြၽန္ေတာ္တို႔ ဆက္တိုက္ႏိုင္ပြဲရရွိဖို႔ လိုအပ္ပါတယ္။ ဒါက ကြၽန္ေတာ္တို႔ရဲ႕ အေကာင္းဆုံး စြမ္းေဆာင္ရည္မဟုတ္ပါဘူး ။ ဒါေပမယ့္ ကြၽန္ေတာ္တို႔အေကာင္းဆုံး ကစားခဲ့ၿပီး ထိုက္ထိုက္တန္တန္ ႏိုင္ပြဲ ရရွိခဲ့ပါတယ္။” လို႔ ေျပာၾကားခဲ့ပါတယ္။