ဂိုးပြတ်အရှုံးနဲ့ ချန်ပီယံလိဂ်က ထွက်လိုက်ရတဲ့ မော်ရင်ဟိုရဲ့စပါး

photo-daily mail

photo-gettyimages

ဒုတိယအကျော့မှာ လစ်ဇစ်ရဲ့ပြတ်ပြတ်သာသားအနိုင်ယူမှုနဲ့အတူ စပါးရဲ့ချန်ပီယံလိဂ်ရာသီကတော့ အဆုံးသတ်သွားခဲ့ရပြီ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၁၀ နှစ်ကမှ စတင်တည်ထောင်ခဲ့တဲ့လစ်ဇစ်ဟာ ပထမအကျော့ လန်ဒန်မြေမှာ ၁-၀ ဂိုးနဲ့အနိုင်ရခဲ့သလို ဒုတိယအကျော့အိမ်ကွင်းမှာလည်း ၃  ဂိုးပြတ်နဲ့ထပ်မံအနိုင်ယူနိုင်ခဲ့တာကြောင့် နှစ်ကျော့ပေါင်း ၄-၀ နဲ့ အသင်းသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် ချန်ပီယံလိဂ်မှာ ကွာတားဖိုင်နယ်တက်ရောက်သွားခဲ့တာပါ။

photo-REX

ဒဏ်ရာပြသနာတွေနဲ့စပါးဟာ ပြီးခဲ့တဲ့ရာသီ အေဂျက်နဲ့တုန်းကလို လုံးဝပြန်လာနိုင်တဲ့အခြေအနေလည်း မရှိတော့တာကြောင့် အခုဆိုရင် ဖလားလက်မဲ့အဖြစ်နဲ့ ရာသီအဆုံးသတ်ရတော့မှာပါ။ ပြန်နိုင်ဖို့လိုအပ်တဲ့စပါးဟာ ပွဲအစပိုင်း မိနစ် ၂၀ ကတည်းက အိမ်ရှင်ကို ၂ ဂိုးပေးထားရတာမို့ အဲဒီမှာတင် အဆုံးသတ်နေပါပြီ။ ခံစစ်ပိုင်းမာကျောမှုဟာ တစ်ချိန်က မော်ရင်ဟိုရဲ့အဓိကအားသာချက်ဖြစ်ခဲ့ပေမယ့် ပြီးခဲ့တဲ့နိုဝင်ဘာမှာ ပိုချက်တီနိုနေရာအစားဝင်ပြီးကတည်းက စပါးဟာ သူ့လက်ထက် ၂၆ ပွဲမှာ ၃ ပွဲသာ ဂိုးမပေးခဲ့ရတာပါ။ ပွဲပြီးကာနီးပေးလိုက်ရတဲ့ တတိယဂိုးကြောင့် ချန်ပီယံလိဂ်မှာ သူ့ရဲ့နှစ်ကျော့ပေါင်းအကြီးမားဆုံးရှုံးနိမ့်မှုဖြစ်လာခဲ့ပြီး ၉၃၅ ပွဲကိုင်တွယ်ခဲ့တဲ့ သူ့ရဲ့နည်းပြဘဝမှာ ပထမဆုံးအကြိမ်အဖြစ် ၆ ပွဲဆက်နိုင်ပွဲပျောက်မှုလည်း ဖြစ်လာခဲ့ပါတယ်။

photo-gettyimages

တစ်ခေတ်တစ်ခါတုန်းက ပေါ်တို၊ အင်တာတို့နဲ့ ဗိုလ်စွဲခဲ့တာကြောင့် မော်ရင်ဟိုဟာ ချန်ပီယံလိဂ်ရဲ့ထိပ်တန်းနည်းပြတွေထဲက တစ်ယောက်အဖြစ် သတ်မှတ်ခံခဲ့ရပေမယ့် အခုတော့ အဲဒီပေါ်တူဂီသားဟာ ၂၀၁၄ နောက်ပိုင်းကတည်းက သူ့ရဲ့ချန်ပီယံလိဂ်ရှုံးထွက် ၈ ပွဲစလုံးမှာ နိုင်ပွဲလုံးဝမရှိခဲ့ပါဘူး။ တစ်ချိန်က မော်ရင်ဟိုအငယ်စားရယ်လို့ နာမည်ပြောင်ရခဲ့တဲ့ ၃၂ နှစ်အရွယ် လစ်ဇစ်နည်းပြနာဂယ်စမန်ကတော့ ချန်ပီယံလိဂ်ရှုံးထွက်အဆင့်ကိုင်ရတဲ့ အသက်အငယ်ဆုံးနည်းပြဖြစ်သလို အခုတော့ ရှုံးထွက်အဆင့်ကို အနိုင်ရကျော်ဖြတ်နိုင်ခဲ့တဲ့ အသက်အငယ်ဆုံးနည်ပြဖြစ်လာပါတယ်။

[Zawgyi]

ဂိုးျပတ္အရႈံးနဲ႔ ခ်န္ပီယံလိဂ္က ထြက္လိုက္ရတဲ့ ေမာ္ရင္ဟိုရဲ႕စပါး

ဒုတိယအေက်ာ့မွာ လစ္ဇစ္ရဲ႕ျပတ္ျပတ္သာသားအႏုိင္ယူမႈနဲ႔အတူ စပါးရဲ႕ခ်န္ပီယံလိဂ္ရာသီကေတာ့ အဆုံးသတ္သြားခဲ့ရၿပီ ျဖစ္ပါတယ္။ လြန္ခဲ့တဲ့ ၁၀ ႏွစ္ကမွ စတင္တည္ေထာင္ခဲ့တဲ့လစ္ဇစ္ဟာ ပထမအေက်ာ့ လန္ဒန္ေျမမွာ ၁-၀ ဂိုးနဲ႔အႏိုင္ရခဲ့သလို ဒုတိယအေက်ာ့အိမ္ကြင္းမွာလည္း ၃  ဂိုးျပတ္နဲ႔ထပ္မံအႏိုင္ယူႏိုင္ခဲ့တာေၾကာင့္ ႏွစ္ေက်ာ့ေပါင္း ၄-၀ နဲ႔ အသင္းသမိုင္းတစ္ေလွ်ာက္ ပထမဆုံးအႀကိမ္အျဖစ္ ခ်န္ပီယံလိဂ္မွာ ကြာတားဖိုင္နယ္တက္ေရာက္သြားခဲ့တာပါ။

ဒဏ္ရာျပသနာေတြနဲ႔စပါးဟာ ၿပီးခဲ့တဲ့ရာသီ ေအဂ်က္နဲ႔တုန္းကလို လုံး၀ျပန္လာႏိုင္တဲ့အေျခအေနလည္း မရွိေတာ့တာေၾကာင့္ အခုဆိုရင္ ဖလားလက္မဲ့အျဖစ္နဲ႔ ရာသီအဆုံးသတ္ရေတာ့မွာပါ။ ျပန္ႏို္င္ဖို႔လိုအပ္တဲ့စပါးဟာ ပြဲအစပိုင္း မိနစ္ ၂၀ ကတည္းက အိမ္ရွင္ကို ၂ ဂိုးေပးထားရတာမို႔ အဲဒီမွာတင္ အဆုံးသတ္ေနပါၿပီ။ ခံစစ္ပုိင္းမာေက်ာမႈဟာ တစ္ခ်ိန္က ေမာ္ရင္ဟိုရဲ႕အဓိကအားသာခ်က္ျဖစ္ခဲ့ေပမယ့္ ၿပီးခဲ့တဲ့ႏို၀င္ဘာမွာ ပိုခ်က္တီႏိုေနရာအစား၀င္ၿပီးကတည္းက စပါးဟာ သူ႔လက္ထက္ ၂၆ ပြဲမွာ ၃ ပြဲသာ ဂိုးမေပးခဲ့ရတာပါ။ ပြဲၿပီးကာနီးေပးလိုက္ရတဲ့ တတိယဂိုးေၾကာင့္ ခ်န္ပီယံလိဂ္မွာ သူ႔ရဲ႕ႏွစ္ေက်ာ့ေပါင္းအႀကီးမားဆုံးရႈံးနိမ့္မႈျဖစ္လာခဲ့ၿပီး ၉၃၅ ပြဲကိုင္တြယ္ခဲ့တဲ့ သူ႔ရဲ႕နည္းျပဘ၀မွာ ပထမဆုံးအႀကိမ္အျဖစ္ ၆ ပြဲဆက္ႏိုင္ပြဲေပ်ာက္မႈလည္း ျဖစ္လာခဲ့ပါတယ္။

တစ္ေခတ္တစ္ခါတုန္းက ေပၚတို၊ အင္တာတို႔နဲ႔ ဗုိလ္စြဲခဲ့တာေၾကာင့္ ေမာ္ရင္ဟိုဟာ ခ်န္ပီယံလိဂ္ရဲ႕ထိပ္တန္းနည္းျပေတြထဲက တစ္ေယာက္အျဖစ္ သတ္မွတ္ခံခဲ့ရေပမယ့္ အခုေတာ့ အဲဒီေပၚတူဂီသားဟာ ၂၀၁၄ ေနာက္ပိုင္းကတည္းက သူ႔ရဲ႕ခ်န္ပီယံလိဂ္ရႈံးထြက္ ၈ ပြဲစလုုံးမွာ ႏိုင္ပြဲလုံး၀မရွိခဲ့ပါဘူး။ တစ္ခ်ိန္က ေမာ္ရင္ဟိုအငယ္စားရယ္လို႔ နာမည္ေျပာင္ရခဲ့တဲ့ ၃၂ ႏွစ္အရြယ္ လစ္ဇစ္နည္းျပနာဂယ္စမန္ကေတာ့ ခ်န္ပီယံလိဂ္ရံႈးထြက္အဆင့္ကိုင္ရတဲ့ အသက္အငယ္ဆုံးနည္းျပျဖစ္သလုိ အခုေတာ့ ရႈံးထြက္အဆင့္ကို အႏိုင္ရေက်ာ္ျဖတ္ႏိုင္ခဲ့တဲ့ အသက္အငယ္ဆုံးနည္ျပျဖစ္လာပါတယ္။