ဂိုးပြတ်ရှုံးနိမ့်ပြီးချိန်မှာတောင် ရယ်မောနေနိုင်တဲ့ ရော်နယ်ကိုးမန်း

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဘာစီလိုနာအသင်းနည်းပြ ရော်နယ်ကိုးမန်းဟာ အိမ်ကွင်းမှာ ပီအက်စ်ဂျီအသင်းကို ( ၄ -၁) ဂိုး ပြတ်ရှုံးနိမ့်ခဲ့တဲ့ ချန်ပီယံလိဂ် ( ၁၆ ) သင်းအဆင့် ပထမအကျော့ ပွဲစဥ်အပြီး ပြိုင်ဘက်အသင်းရဲ့ ဂျာမနီကြယ်ပွင့် Idrissa Gueye နဲ့ ရယ်မော ပျော်ရွှင်နေကြောင်း တွေ့မြင်ခဲ့ရပါတယ်။

ပွဲကစားချိန် ( ၂၇ ) မိနစ်မှာ လီယွန်နယ် မက်ဆီက ဘာစီလိုနာအတွက် ပင်နယ်တီကနေ ဦးဆောင်ဂိုး သွင်းယူပေးခဲ့ပေမယ့် ပီအက်စ်ဂျီအသင်းက အမ်ဘာပေ ရဲ့ ဟက်ထရစ် ၊ မွိုက်စ်ကိန်းရဲ့ သွင်းဂိုးနဲ့အတူ ဂိုးပြတ်အနိုင်ရရှိခဲ့ပါတယ်။ ဒါက ဘာစီလိုနာအတွက် ဥရောပ ချန်ပီယံလိဂ်မှာ ပထမဆုံးအကြိမ် ဂိုးပြတ်ရှုံးနိမ့်ခဲ့တာ မဟုတ်ပဲ ပြီးခဲ့တဲ့ ရာသီ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်မှာလဲ ဘိုင်ယန်မြူးနစ်အသင်းကို ( ၈ – ၂ ) ရှုံးနိမ့်ခဲ့ဖူးပါတယ်။

ဒါပေမယ့် အင်္ဂါနေ့ညက ပွဲစဥ်အပြီးမှာ နည်းပြ ကိုးမန်းက ပီအက်စ်ဂျီ ကွင်းလယ်ကစားသမားနဲ့ တွေ့ဆုံကာ ရယ်မောနေခဲ့တဲ့အပေါ် ဘာစီလိုနာ ပရိသတ်တွေက ဒေါသထွက်လျက်ရှိပါတယ်။ အသက် ( ၃၁ ) နှစ်အရွယ် Gueye ဟာ အဲဗာတန်အသင်းမှာရှိနေစဥ် နယ်သာလန် လူမျိုးနည်းပြရဲ့ လက်အောက်မှာ တစ်နှစ်ကျော်ကြာ ကစားခဲ့ဖူးပါတယ်။

ယခုပွဲစဥ်ရလာဒ်ကြောင့် ချန်ပီယံလိဂ် ကွာတားဖိုင်နယ်ကို တက်ရောက်နိုင်မယ့် အခွင့်အရေး နည်းပါးသွားခဲ့ပေမယ့် ရော်နယ်ကိုးမန်းကတော့ ပထမပိုင်းအပြီး လူစားလှဲခြင်းခံခဲ့ရတဲ့ Gueye နဲ့ ပြန်လည် ဆုံတွေ့ခွင့်ရတဲ့အပေါ် ပျော်ရွှင်ပုံပေါ်နေပါတယ်။ ပြီးခဲ့တဲ့ရာသီမှာ ကီကီ ဆက်တီယမ်နေရာ အစားထိုးဝင်ရောက်လာတဲ့ ရော်နယ်ကိုးမန်းဟာ လက်ရှိမှာ လာလီဂါအမှတ်ပေးဇယားထိပ်က အက်သလက်တီကို မက်ဒရစ်နဲ့ ( ၈ ) မှတ်ကွာဟနေပြီး ဖိအားအောက် ရောက်ရှိနေပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ဂိုးျပတ္ရႈံးနိမ့္ၿပီးခ်ိန္မွာေတာင္ ရယ္ေမာေနႏိုင္တဲ့ ေရာ္နယ္ကိုးမန္း

ဘာစီလိုနာအသင္းနည္းျပ ေရာ္နယ္ကိုးမန္းဟာ အိမ္ကြင္းမွာ ပီအက္စ္ဂ်ီအသင္းကို ( ၄ -၁) ဂိုး ျပတ္ရႈံးနိမ့္ခဲ့တဲ့ ခ်န္ပီယံလိဂ္ ( ၁၆ ) သင္းအဆင့္ ပထမအေက်ာ့ ပြဲစဥ္အၿပီး ၿပိဳင္ဘက္အသင္းရဲ႕ ဂ်ာမနီၾကယ္ပြင့္ Idrissa Gueye နဲ႔ ရယ္ေမာ ေပ်ာ္႐ႊင္ေနေၾကာင္း ေတြ႕ျမင္ခဲ့ရပါတယ္။

ပြဲကစားခ်ိန္ ( ၂၇ ) မိနစ္မွာ လီယြန္နယ္ မက္ဆီက ဘာစီလိုနာအတြက္ ပင္နယ္တီကေန ဦးေဆာင္ဂိုး သြင္းယူေပးခဲ့ေပမယ့္ ပီအက္စ္ဂ်ီအသင္းက အမ္ဘာေပ ရဲ႕ ဟက္ထရစ္ ၊ မြိဳက္စ္ကိန္းရဲ႕ သြင္းဂိုးနဲ႔အတူ ဂိုးျပတ္အႏိုင္ရရွိခဲ့ပါတယ္။ ဒါက ဘာစီလိုနာအတြက္ ဥေရာပ ခ်န္ပီယံလိဂ္မွာ ပထမဆုံးအႀကိမ္ ဂိုးျပတ္ရႈံးနိမ့္ခဲ့တာ မဟုတ္ပဲ ၿပီးခဲ့တဲ့ ရာသီ ခ်န္ပီယံလိဂ္ ကြာတားဖိုင္နယ္မွာလဲ ဘိုင္ယန္ျမဴးနစ္အသင္းကို ( ၈ – ၂ ) ရႈံးနိမ့္ခဲ့ဖူးပါတယ္။

ဒါေပမယ့္ အဂၤါေန႔ညက ပြဲစဥ္အၿပီးမွာ နည္းျပ ကိုးမန္းက ပီအက္စ္ဂ်ီ ကြင္းလယ္ကစားသမားနဲ႔ ေတြ႕ဆုံကာ ရယ္ေမာေနခဲ့တဲ့အေပၚ ဘာစီလိုနာ ပရိသတ္ေတြက ေဒါသထြက္လ်က္ရွိပါတယ္။ အသက္ ( ၃၁ ) ႏွစ္အ႐ြယ္ Gueyeဟာ အဲဗာတန္အသင္းမွာရွိေနစဥ္ နယ္သာလန္ လူမ်ိဳးနည္းျပရဲ႕ လက္ေအာက္မွာ တစ္ႏွစ္ေက်ာ္ၾကာ ကစားခဲ့ဖူးပါတယ္။

ယခုပြဲစဥ္ရလာဒ္ေၾကာင့္ ခ်န္ပီယံလိဂ္ ကြာတားဖိုင္နယ္ကို တက္ေရာက္ႏိုင္မယ့္ အခြင့္အေရး နည္းပါးသြားခဲ့ေပမယ့္ ေရာ္နယ္ကိုးမန္းကေတာ့ ပထမပိုင္းအၿပီး လူစားလွဲျခင္းခံခဲ့ရတဲ့ Gueye နဲ႔ ျပန္လည္ ဆုံေတြ႕ခြင့္ရတဲ့အေပၚ ေပ်ာ္႐ႊင္ပုံေပၚေနပါတယ္။ ၿပီးခဲ့တဲ့ရာသီမွာ ကီကီ ဆက္တီယမ္ေနရာ အစားထိုးဝင္ေရာက္လာတဲ့ ေရာ္နယ္ကိုးမန္းဟာ လက္ရွိမွာ လာလီဂါအမွတ္ေပးဇယားထိပ္က အက္သလက္တီကို မက္ဒရစ္နဲ႔ ( ၈ ) မွတ္ကြာဟေနၿပီး ဖိအားေအာက္ ေရာက္ရွိေနပါတယ္။