ဂိုးပြတ်ရှုံးခဲ့တဲ့ လီဗာပူးလူငယ်လေးတွေရဲ့အဝတ်အစားလဲခန်းထဲ သွားရောက်နှစ်သိမ့်အားပေးခဲ့တဲ့ တယ်ရီ

photo-gettyimages

photo-EPA

မနေ့ညက လူငယ်လေးတွေနဲ့လီဗာပူးဟာ ပရီးမီးယားလိဂ်ပြိုင်ဘက်အက်စ်တွန်ဗီလာကို ကာရာဘောင်းဖလားကွာတားဖိုင်နယ်အဝေးကွင်း ၅ ဂိုးပြတ်နဲ့မရှုမလှရှုံးနိမ့်ပြီး ပြိုင်ပွဲက ထွက်ခဲ့ရပါတယ်။ လီဗာပူးဟာ ကာတာနိုင်ငံမှာကျင်းပနေတဲ့ ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲနဲ့တိုက်နေတာကြောင့် ဗီလာနဲ့ကာရာဘောင်းဖလားပွဲကို လူငယ်တွေနဲ့သာ ကစားစေပြီး ပထမအသင်းတစ်သင်းလုံးကိုတော့ ကလပ်ကမ္ဘာ့ဖလားဆီ ခေါ်ဆောင်သွားခဲ့တာပါ။ ဒါကြောင့်လည်း ပရီးမီးယားလိဂ်ပွဲထွက်စာရင်းအတိုင်းနဲ့ ဗီလာကို ဂိုးပြန်ရှုံးသွားခဲ့တာ မဆန်းပါဘူး။

photo-AP

ဒါပေမဲ့လည်း ပွဲအပြီးမှာ ဗီလာအသင်းနည်းပြဒင်းစမစ်နဲ့ သူ့ရဲ့လက်ထောက်ဖြစ်တဲ့ ချဲလ်ဆီဂန္ထဝင်ဟောင်းဂျွန်တယ်ရီတု့ိဟာ လီဗာပူးအသင်းအဝတ်အစားလဲခန်းထဲရောက်လာပြီး လူငယ်လေးတွေကို နှစ်သိမ့်အားပေးမှုပြုလုပ်ခဲ့ကြပါတယ်။ အဲဒါနဲ့ပတ်သက်လို့ အဲဒီပွဲကိုင်ခဲ့ရတဲ့လီဗာပူးနည်းပြခရစ်ချ်လေက”ဗီလာအသင်းရဲ့အပြုအမူဟာ ပထမတန်းစားပဲလို့ ပြောချင်ပါတယ်။ သူတို့နည်းပြဒင်းစမစ်နဲ့တယ်ရီတို့ဟာ အဝတ်အစားလဲခန်းထဲရောက်လာပြီး ကျွန်တော့်ကစားသမားလေးတွေကို အားပေးမှုပြုလုပ်ခဲ့ကြတာပါ။ သူတို့ကြောင့် ဘယ်လိုခက်ခဲရကြောင်းနဲ့ သိပ်ကောင်းကြတဲ့ပလေယာတွေလို့ ချီးကျးကြတဲ့အပြင် ကောင်လေးတွေရဲ့အနာဂါအတွက်လည်း ဆုမွန်ကောင်းတောင်းပေးသွားခဲ့ကြတာပါ”လို့ ပွဲအပြီးမှာ ဖွင့်ဟသွားခဲ့တာပါ။

photo-gettyimages

ဗီလာနဲ့ကာရာဘောင်းဖလားပွဲက ပွဲထွက်စာရင်းဟာလည်း လီဗာပူးအသင်းသမိုင်းတစ်လျှောက် အသက်အငယ်ဆုံးဖြစ်ခဲ့ပါတယ်။ အသက် ၂၂ နှစ်အရွယ် ချီရီဗယ်လာက အသင်းခေါင်းဆောင်အဖြစ်တာဝန်ယူခဲ့ပြီး တစ်သင်းလုံးရဲ့ပျဉ်းမျှအသက်ဟာ ၁၉ နှစ်၊ ၆ လနဲ့ ၃ ရက်ဖြစ်ပါတယ်။

[Zawgyi]

ဂိုးျပတ္ရႈံးခဲ့တဲ့ လီဗာပူးလူငယ္ေလးေတြရဲ႕အ၀တ္အစားလဲခန္းထဲ သြားေရာက္ႏွစ္သိမ့္အားေပးခဲ့တဲ့ တယ္ရီ

မေန႔ညက လူငယ္ေလးေတြနဲ႔လီဗာပူးဟာ ပရီးမီးယားလိဂ္ၿပိဳင္ဘက္အက္စ္တြန္ဗီလာကို ကာရာေဘာင္းဖလားကြာတားဖိုင္နယ္အေ၀းကြင္း ၅ ဂုိးျပတ္နဲ႔မရႈမလွရႈံးနိမ့္ၿပီး ၿပိဳင္ပြဲက ထြက္ခဲ့ရပါတယ္။ လီဗာပူးဟာ ကာတာႏိုင္ငံမွာက်ငး္ပေနတဲ့ ဖီဖာကလပ္ကမာၻ႔ဖလားၿပိဳင္ပြဲနဲ႔တိုက္ေနတာေၾကာင့္ ဗီလာန႔ဲကာရာေဘာင္းဖလားပြဲကို လူငယ္ေတြနဲ႔သာ ကစားေစၿပီး ပထမအသင္းတစ္သင္းလုံးကိုေတာ့ ကလပ္ကမာၻ႔ဖလားဆီ ေခၚေဆာင္သြားခဲ့တာပါ။ ဒါေၾကာင့္လည္း ပရီးမီးယားလိဂ္ပြဲထြက္စာရင္းအတိုင္းနဲ႔ ဗီလာကို ဂိုးျပန္ရႈံးသြားခဲ့တာ မဆန္းပါဘူး။

ဒါေပမဲ့လည္း ပြဲအၿပီးမွာ ဗီလာအသင္းနည္းျပဒင္းစမစ္နဲ႔ သူ႔ရဲ႕လက္ေထာက္ျဖစ္တဲ့ ခ်ဲလ္ဆီဂႏၳ၀င္ေဟာင္းဂၽြန္တယ္ရီတု႔ိဟာ လီဗာပူးအသငး္အ၀တ္အစားလဲခန္းထဲေရာက္လာၿပီး လူငယ္ေလးေတြကို ႏွစ္သိမ့္အားေပးမႈျပဳလုပ္ခဲ့ၾကပါတယ္။ အဲဒါနဲ႔ပတ္သက္လို႔ အဲဒီပြဲကိုင္ခဲ့ရတဲ့လီဗာပူးနည္းျပခရစ္ခ်္ေလက”ဗီလာအသင္းရဲ႕အျပဳအမူဟာ ပထမတန္းစားပဲလို႔ ေျပာခ်င္ပါတယ္။ သူတို႔နည္းျပဒင္းစမစ္နဲ႔တယ္ရီတို႔ဟာ အ၀တ္အစားလဲခန္းထဲေရာက္လာၿပီး ကၽြန္ေတာ့္ကစားသမားေလးေတြကို အားေပးမႈျပဳလုပ္ခဲ့ၾကတာပါ။ သူတို႔ေၾကာင့္ ဘယ္လုိခက္ခဲရေၾကာင္းနဲ႔ သိပ္ေကာငး္ၾကတဲ့ပေလယာေတြလုိ႔ ခ်ီးက်းၾကတဲ့အျပင္ ေကာင္ေလးေတြရဲ႕အနာဂါအတြက္လည္း ဆုမြန္ေကာင္းေတာင္းေပးသြားခဲ့ၾကတာပါ”လုိ႔ ပြဲအၿပီးမွာ ဖြင့္ဟသြားခဲ့တာပါ။

ဗီလာနဲ႔ကာရာေဘာင္းဖလားပြဲက ပြဲထြက္စာရင္းဟာလည္း လီဗာပူးအသင္းသမုိင္းတစ္ေလွ်ာက္ အသက္အငယ္ဆုံးျဖစ္ခဲ့ပါတယ္။ အသက္ ၂၂ ႏွစ္အရြယ္ ခ်ီရီဗယ္လာက အသင္းေခါင္းေဆာင္အျဖစ္တာ၀န္ယူခဲ့ၿပီး တစ္သင္းလုံးရဲ႕ပ်ဥ္းမွ်အသက္ဟာ ၁၉ ႏွစ္၊ ၆ လနဲ႔ ၃ ရက္ျဖစ္ပါတယ္။