ဂိုးပြတ်နိုင်ပွဲနဲ့ ဆီမီးတက်တဲ့ အာဆင်နယ်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

အာဆင်နယ်အသင်းဟာ ပထမအကျော့ အိမ်ကွင်းမှာ ဆလားဗီးယား ပရာဟာကို နောက်ဆုံးမိနစ်မှာ ချေပဂိုးပေးခဲ့ရတဲ့ အမှားကို ပြန်လည် ချေဖျက်နိုင်ဖို့ မနေ့ကပွဲမှာ ကြိုးစားပြင်ဆင်လာခဲ့ပြီး အဝေးကွင်းနှစ်ပွဲဆက်တိုက် ခြေစွမ်းပြနေတဲ့ လာကာဇက်ရဲ့ အစွမ်းနဲ့ နောက်တစ်ဆင့်ကို တက်လှမ်းသွားနိုင်ခဲ့ပါတယ်။

အာဆင်နယ်အသင်းရဲ့လူစာရင်းမှာဒဏ်ရာရနေတဲ့အိုဒီဂတ်၊အဖျားရောဂါဝေဒနာခံစားနေရတဲ့အူဘာမီယန်းတို့ကလွဲရင်လူစုံပါဝင်ပွဲထွက်လာပါတယ်။

ပွဲချိန် ၁၅ မိနစ်လောက်မှာ တန်ပြန်တိုက်စစ်ကနေ ဆာကာရဲ့ ကန်ချက် တိုင်ထိထွက်လာတာကို စမစ်ရိုးက ပိတ်သွင်းနိုင်ခဲ့ပေမယ့် လူကျွံဘော သတ်မှတ်ခံခဲ့ရပါတယ်။ တစ်ဖက်အသင်းရဲ့ စောဒကတက်မှုတွေကြားမှာ ဒိုင်လူကြီးက VAR နဲ့ ပြန်လည်ကြည့်ရှုပြီး ပယ်ဖျက်သွားခဲ့လို့ အာဆင်နယ်တို့ နစ်နာခဲ့ရပါတယ်။

ဒါပေမယ့် ၃မိနစ်အကြာမှာ ပင်နယ်တီဧရိယာထဲမှာစမစ်ရိုးရဲ့တစ်ကိုယ်တော်အစွမ်းနဲ့ဖန်တီးပေးတဲ့ဘောလုံးကိုပေပေကအကောင်းဆုံးသွင်းယူခဲ့တာကြောင့် အဝေးကွင်းမှာ ဂန်းနားတို့ စတင်ဦးဆောင်နိုင်ခဲ့ပါတယ်။

ပွဲချိန် ၂၁ မိနစ်မှာတော့ ဆာကာကို ဆလားဗီးယားကွင်းလယ်လူ ဟရိုမာဒါ အဖျက်ကြမ်းလို့ အာကြီးတို့ ပင်နယ်တီကန်ခွင့် ရခဲ့ပါတယ်။ လာကာဇက်ကြိုးစားမှုကြောင့် အာဆင်နယ်တို့ နှစ်ဂိုး-ဂိုးမရှိ ဖြစ်လာခဲ့ပါတယ်။

ပွဲချိန်၂၄မိနစ်လောက်မှာချမ်ဘာစ်ရဲ့အနီးကပ်ပေးပို့မှုကိုဆာကာဆွဲပြေးလာပြီးဧရိယာထိပ်အရောက်မှာကန်သွင်းခဲ့လို့ တတိယဂိုးရယူခဲ့တာကြောင့်ပထမပိုင်းအပြီးမှာအာဆင်နယ်တို့၃ဂိုးပြတ်ဦးဆောင်နေခဲ့ပါတယ်။

ပွဲချိန် ၇၇ မိနစ်လောက်မှာတော့ တန်ပြန်တိုက်စစ်ကနေ ပေပေဘောလုံးရလာခဲ့ပြီး အဲဒီကနေ လာကာဇက်က ပိတ်ဆို့ထားတဲ့ နောက်ခံလူနှစ်ဦးကို ကျော်ဖြတ်ကန်သွင်းခဲ့ရာမှာ ဂိုးဝင်သွားခဲ့လို့ လေးဂိုး-ဂိုးမရှိနဲ့ အာဆင်နယ်တို့ အားသာချက်ကောင်းကောင်း နဲ့ နောက်တစ်ဆင့်ကို ချီတက်ခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ဂိုးျပတ္ႏိုင္ပြဲနဲ႔ ဆီမီးတက္တဲ့ အာဆင္နယ္

အာဆင္နယ္အသင္းဟာ ပထမအေက်ာ့ အိမ္ကြင္းမွာ ဆလားဗီးယား ပရာဟာကို ေနာက္ဆုံးမိနစ္မွာ ေခ်ပဂိုးေပးခဲ့ရတဲ့ အမွားကို ျပန္လည္ ေခ်ဖ်က္ႏိုင္ဖို႔ မေန႔ကပြဲမွာ ႀကိဳးစားျပင္ဆင္လာခဲ့ၿပီး အေဝးကြင္းႏွစ္ပြဲဆက္တိုက္ ေျခစြမ္းျပေနတဲ့ လာကာဇက္ရဲ႕ အစြမ္းနဲ႔ ေနာက္တစ္ဆင့္ကို တက္လွမ္းသြားႏိုင္ခဲ့ပါတယ္။

အာဆင္နယ္အသင္းရဲ႕လူစာရင္းမွာဒဏ္ရာရေနတဲ့အိုဒီဂတ္၊အဖ်ားေရာဂါေဝဒနာခံစားေနရတဲ့အူဘာမီယန္းတို႔ကလြဲရင္လူစုံပါဝင္ပြဲထြက္လာပါတယ္။

ပြဲခ်ိန္ ၁၅ မိနစ္ေလာက္မွာ တန္ျပန္တိုက္စစ္ကေန ဆာကာရဲ႕ ကန္ခ်က္ တိုင္ထိထြက္လာတာကို စမစ္႐ိုးက ပိတ္သြင္းႏိုင္ခဲ့ေပမယ့္ လူကြၽံေဘာ သတ္မွတ္ခံခဲ့ရပါတယ္။ တစ္ဖက္အသင္းရဲ႕ ေစာဒကတက္မႈေတြၾကားမွာ ဒိုင္လူႀကီးက VAR နဲ႔ ျပန္လည္ၾကည့္ရႈၿပီး ပယ္ဖ်က္သြားခဲ့လို႔ အာဆင္နယ္တို႔ နစ္နာခဲ့ရပါတယ္။

ဒါေပမယ့္ ၃မိနစ္အၾကာမွာ ပင္နယ္တီဧရိယာထဲမွာစမစ္႐ိုးရဲ႕တစ္ကိုယ္ေတာ္အစြမ္းနဲ႔ဖန္တီးေပးတဲ့ေဘာလုံးကိုေပေပကအေကာင္းဆုံးသြင္းယူခဲ့တာေၾကာင့္ အေဝးကြင္းမွာ ဂန္းနားတို႔ စတင္ဦးေဆာင္ႏိုင္ခဲ့ပါတယ္။

ပြဲခ်ိန္ ၂၁ မိနစ္မွာေတာ့ ဆာကာကို ဆလားဗီးယားကြင္းလယ္လူ ဟ႐ိုမာဒါ အဖ်က္ၾကမ္းလို႔ အာႀကီးတို႔ ပင္နယ္တီကန္ခြင့္ ရခဲ့ပါတယ္။ လာကာဇက္ႀကိဳးစားမႈေၾကာင့္ အာဆင္နယ္တို႔ ႏွစ္ဂိုး-ဂိုးမရွိ ျဖစ္လာခဲ့ပါတယ္။

ပြဲခ်ိန္၂၄မိနစ္ေလာက္မွာခ်မ္ဘာစ္ရဲ႕အနီးကပ္ေပးပို႔မႈကိုဆာကာဆြဲေျပးလာၿပီးဧရိယာထိပ္အေရာက္မွာကန္သြင္းခဲ့လို႔ တတိယဂိုးရယူခဲ့တာေၾကာင့္ပထမပိုင္းအၿပီးမွာအာဆင္နယ္တို႔၃ဂိုးျပတ္ဦးေဆာင္ေနခဲ့ပါတယ္။

ပြဲခ်ိန္ ၇၇ မိနစ္​​ေလာက္မွာေတာ့ တန္ျပန္တိုက္စစ္ကေန ေပေပေဘာလုံးရလာခဲ့ၿပီး အဲဒီက​ေန လာကာဇက္က ပိတ္ဆို႔ထားတဲ့ ေနာက္ခံလူႏွစ္ဦးကို ​ေက်ာ္ျဖတ္ကန္သြင္းခဲ့ရာမွာ ဂိုးဝင္သြားခဲ့လို႔ ေလးဂိုး-ဂိုးမရွိနဲ႔ အာဆင္နယ္တို႔ အားသာခ်က္​ေကာင္း​ေကာင္း နဲ႔ ​ေနာက္တစ္ဆင့္ကို ခ်ီတက္ခဲ့ပါတယ္။