ဂိုးပြတ်နိုင်ပွဲတွေများခဲ့တဲ့ ချန်ပီယံလိဂ် အုပ်စုအဆင့် ပွဲစဉ် (၃) ပထမနေ့ အပြီး ရလဒ်များ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ညက ချန်ပီယံလိဂ် ပွဲစဉ်တွေမှာ ပေါ်တိုနဲ့ အေစီမီလန်တို့ရဲ့ ပွဲစဉ်ကလွဲရင် ကျန်ပွဲတွေက ဂိုးမြူးခဲ့ပြီး ဂိုးအပေါ်ပွဲတွေဖြစ်ခဲ့ပါတယ်။

အစောပိုင်းပွဲစဉ်နှစ်ပွဲ ဖြစ်တဲ့ ဘက်ဆစ်တက် ၁-၄ စပို့တင်းလစ္စဘွန်း ၊ ကလပ်ဘရုဂ် ၁ – ၅ မန်စီးတီး တို့ပွဲဟာလည်း သွင်းဂိုးတွေမြိုင်ဆိုင်ခဲ့သလို

မက်ဆီလည်း ချန်ပီယံလိဂ်မှာ ဘာပေးနဲ့အတွဲညီခဲ့ပြီး သွင်းဂိုး (၂)ဂိုးရရှိခဲ့ပါတယ်။

အက်သလက်တီအသင်းအတွက် သွင်းဂိုး (၂)ဂိုးရယူပေးခဲ့တဲ့ ဂရစ်ဇ်မန်းကတော့ တိုက်ရိုက်အနီကတ် အပြခံခဲ့ရသလို

ကွင်းလယ်ဒိုင်ရဲ့ အငြင်းပွားစရာ ဆုံးဖြတ်ချက်ကြောင့် ပွဲရဲ့အလှည့်အပြောင်းလည်းဖြစ်စေခဲ့ပြီး ဟီးရိုးအဖြစ်ကနေ ဗီလိန်ဖြစ်ခဲ့ရပါတယ်။

ကလပ်ဘရုဂ် ၁ – ၅ မန်စီးတီး

မန်စီးတီး – ကန်ဆယ်လို (၃၀ မိနစ်)၊ မာရက်ဇ် (၄၃ မိနစ် Pen၊ ၈၄ မိနစ်)၊ ဝေါ်လ်ကာ (၅၃ မိနစ်)၊ ပယ်လ်မာ (၆၇ မိနစ်)

ကလပ်ဘရုဂေး – ဗာနာကန် (၈၁ မိနစ်)

မန်စီးတီး အသင်းဟာ ပီအက်စ်ဂျီ ၊ လိုက်ပ်ဇစ်တို့တောင်မနိုင်တဲ့ ကလပ်ဘရုဂ် အသင်းကို

အဝေးကွင်းမှာ ဂိုးမိုးရွာလိုက်ချနိုင်ခဲ့ပြီး အုပ်စု A အမှတ်ပေးဇယားကို ဦးဆောင်ခွင့် ရရှိသွားခဲ့ပါပြီ ။

ဘက်ဆစ်တက် ၁-၄ စပို့တင်းလစ္စဘွန်း

စပို့တင်းလစ္စဘွန်း – ကိုအာတက်စ် (၁၅ မိနစ်၊ ၂၇ မိနစ်)၊ ဆာရာဘီယာ (၄၄ မိနစ် Pen)၊ ပေါ်လင်ညို (၈၉ မိနစ်)

ဘက်ဆစ်တက် – လာရင် (၂၄ မိနစ်)

အုပ်စုပွဲ နှစ်ပွဲကစားပြီးချိန်အထိ အုပ်စု C မှာ အမှတ်မရကြသေးတဲ့ အသင်းနှစ်သင်းရဲ့ တွေ့ဆုံမှုမှာတော့

စပို့တင်းအသင်းဟာ အိမ်ရှင်ဘက်ဆစ်တက်ကို ဂိုးပြတ်အနိုင်ယူပြီး ရမှတ်(၃)မှတ် စတင်ပိုင်ဆိုင်လာ ခဲ့ပါတယ်။

ပီအက်စ်ဂျီ ၃-၂ လိုက်ပ်ဇစ်

ပီအက်စ်ဂျီ – ဘာပေ (၉ မိနစ်)၊ မက်ဆီ (၆၇ မိနစ်၊ ၇၄ မိနစ် Pen)

လိုက်ပ်ဇစ် – အန်ဒရေဆေးလ်ဗား (၂၈ မိနစ်)၊ မူကီလီ (၅၇ မိနစ်)

ချန်ပီယံလိဂ် ပြိုင်ပွဲမှာ ပီအက်စ်ဂျီ အတွက် သွင်းဂိုး (၂)ဂိုးရယူပေးနိုင်ခဲ့တဲ့ မက်ဆီက မန်စီးတီးနဲ့ပွဲအပြီးမှာ နောက်တစ်ကြိမ် ဟီးရိုး ဖြစ်ခဲ့ပြန်ပါတယ်။

ဒီပွဲမှာ မက်ဆီက ပင်နယ်တီကနေ သွင်းဂိုးရယူနိုင်ခဲ့ပေမယ့် ပွဲပြီးခါနီးနောက်ဆုံးမိနစ်မှာ ရရှိခဲ့တဲ့ ပင်နယ်တီကို ဘာပေကန်သွင်းရာမှာတော့ ဂိုးမရခဲ့ပါဘူး။

အက်သလက်တီကို ၂-၃ လီဗာပူးလ်

လီဗာပူးလ် – ဆာလာ (၈ မိနစ်၊ ၇၈ မိနစ် Pen)၊ ကီတာ (၁၂ မိနစ်)

အက်သလက်တီကို – ဂရီးဇ်မန်း (၂၀ မိနစ်၊ ၃၃ မိနစ်)

အက်သလက်တီကိုမှာ ဆွာရက်ဇ် ပွဲထွက်ကစားသမားစာရင်းမှာ မပါဝင်ခဲ့ပေမယ့် နှစ်သင်းလုံးက ဒီပွဲကို အင်ပြည့်အားပြည့်နဲ့ ပွဲထွက်လာခဲ့ပါတယ်။

ပွဲစတာနဲ့ လီဗာပူးက တိုက်စစ်ဆင်ခဲ့ပြီး အထနှေးတဲ့ အက်သလက်တီကိုအသင်းကို (၁၂) မိနစ်မပြည့်ခင်မှာတင် နှစ်ဂိုးဆက်တိုက်သွင်းယူခဲ့ပါတယ်။

ဒါပေမယ့် အက်သလက်တီကို အသင်းအတွက် ဂရစ်ဇ်မန်းက ချေပဂိုးတွေ ပြန်လိုက်သွင်းယူနိုင်ခဲ့ပြီး ပထမပိုင်းမှာ (၂-၂)နဲ့ သရေကျခဲ့ပါတယ်။

ဒုတိယပိုင်းပွဲချိန် (၅၂)မိနစ်မှာတော့ အက်သလက်တီကိုအတွက် မထင်မှတ်တဲ့ အလှည့်အပြောင်းတစ်ခုဖြစ်ပွားခဲ့ပါတယ်။

ဂရစ်ဇ်မန်းက လေထဲကဘောလုံးကို လှမ်းယူလိုက်ချိန်မှာ ဖာမီနိုရဲ့ခေါင်းကို ခြေထောက်နဲ့ကန်မိသွားခဲ့တာကြောင့် ကွင်းလယ်ဒိုင်က တိုက်ရိုက်အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရတာပါ။

ဒီ အနီကတ်ဟာ အငြင်းပွားစရာဖြစ်ခဲ့သလို ဂရစ်ဇ်မန်းအတွက်လည်း ဟီးရိုးကနေ ဗီလိန် ဖြစ်သွားခဲ့ရပါတယ်။

ပွဲချိန် (၇၈)မိနစ်မှာ ဂျိုတာကြောင့် ရရှိခဲ့တဲ့ ပင်နယ်တီကို ဆာလာက အမှားအယွင်းမရှိသွင်းယူသွားနိုင်ခဲ့တာကြောင့် လီဗာပူးတို့ အဖိုးတန် အဝေးကွင်း နိုင်ပွဲ ရယူသွားနိုင်ခဲ့ပါတယ်။

ပေါ်တို ၁-၀ အေစီမီလန်

ပေါ်တို – လူးဝစ်ဒီယက်ဇ် (၆၅ မိနစ်)

အုပ်စုပွဲစဉ် (၃) ပွဲကစားပြီးချိန်အထိ ရမှတ်မရရှိသေးတဲ့ အေစီမီလန်ကတော့ ချန်ပီယံလိဂ်မှာနောက်တစ်ဆင့်တက်နိုင်ဖို့ အခွင့်အရေးက မှေးမှိန်သွားခဲ့ပါပြီ။

ဒီနိုင်ပွဲကြောင့် ပေါ်တိုအသင်းကတော့ နောက်တစ်ဆင့်တက်နိုင်မယ့် လမ်းကြောင်းပေါ်တော့ ပြန်လည်ရောက်ရှိလာပါတယ်။

အေဂျက်စ် ၄-၀ ဒေါ့မွန်

အေဂျက်စ် – မာကိုရွိုက်စ် ( ၁၁ မိနစ် OG)၊ ဘလင်း (၂၅ မိနစ်)၊ အန်တိုနီ (၅၇ မိနစ်)၊ ဟယ်လာ (၇၂ မိနစ်)

ဒေါ့မွန်အသင်းမှာ ဟာလန်းပွဲထွက်ပါဝင်ခဲ့ပြီး နယ်သာလန် မြေမှာ အေဂျက်စ် ကို ဂိုးပြတ်ရှုံးနိမ့်ခဲ့ပြီး ဒီည ပွဲတွေထဲမှာ အံ့သြသင့်စရာရလဒ်ဖြစ်ပေါ်စေခဲ့တဲ့ ပွဲတစ်ပွဲပါပဲ။

ရှက်တာဒိုးနက် ဝ-၅ ရီးယဲလ်မက်ဒရစ်

ရီးယဲလ်မက်ဒရစ် – ကရိုင်ဗ်ဆော့ဗ် (၄၀ မိနစ် OG)၊ ဗင်နီစီယပ်စ် (၅၁ မိနစ်၊ ၅၆ မိနစ်)၊ ရိုဒရီဂို (၆၄ မိနစ်)၊ ဘန်ဇီမာ (၉၀+၁ မိနစ်)

ဗင်နီစီယပ်စ်ရဲ့ ခြေစွမ်းပြမှုနဲ့ အတူ ရီးယဲလ်မက်ဒရစ်ဟာ အဝေးကွင်းမှာ ရှက်တာဒိုးနက်ကို ဂိုးပြတ်အနိုင်ယူခဲ့ပါတယ်။

အင်တာမီလန် ၃-၁ ရှာရစ်ဖ်

အင်တာမီလန် – ဂျက်ကို (၃၄ မိနစ်)၊ ဗီဒယ်လ် (၅၈ မိနစ်)၊ ဒီဗရိုင်း (၆၇ မိနစ်)

ရှာရစ်ဖ် – ဆီဘက်စတီယန်တေးလ် (၅၂ မိနစ်)

ရီးရဲလ်ကို အနိုင်ယူခဲ့ပြီး ဒီနှစ် ချန်ပီယံလိဂ် ပြိုင်ပွဲမှာ ပရိသတ်တွေစိတ်ဝင်စားမှုကိုရရှိခဲ့တဲ့ ရှာရစ်ဖ် အသင်းဟာ

အင်တာမီလန်အသင်းနဲ့ အီတလီမြေမှာ ရင်ဆိုင်ခဲ့ချိန်မှာတော့ ရှုံးပွဲစကြုံခဲ့ပါတယ်။

ဒီပွဲမှာ ရှုံးခဲ့ပေမဲ့ ရှာရစ်ဖ်အသင်းက အုပ်စု (D)ရဲ့ အမှတ်ပေး ဇယားမှာတော့ ရီးရဲလ်နဲ့ ရမှတ်တူဂိုးကွာခြားချက်နဲ့ ဆက်လက် ဦးဆောင်နေဆဲပါပဲ။

အင်တာမီလန်အတွက် ဒီနိုင်ပွဲကြောင့် ချန်ပီယံလိဂ်မှာ နောက်တစ်ဆင့်တက်နိုင်ဖို့ မျှော်လင့်စရာဖြစ်လာခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ဂိုးျပတ္ႏိုင္ပြဲေတြမ်ားခဲ့တဲ့ ခ်န္ပီယံလိဂ္ အုပ္စုအဆင့္ ပြဲစဥ္ (၃) ပထမေန႕ အၿပီး ရလဒ္မ်ား

ညက ခ်န္ပီယံလိဂ္ ပြဲစဥ္ေတြမွာ ေပၚတိုနဲ႔ ေအစီမီလန္တို႔ရဲ႕ ပြဲစဥ္ကလြဲရင္ က်န္ပြဲေတြက ဂိုးျမဴးခဲ့ၿပီး ဂိုးအေပၚပြဲေတြျဖစ္ခဲ့ပါတယ္။

အေစာပိုင္းပြဲစဥ္ႏွစ္ပြဲ ျဖစ္တဲ့ ဘက္ဆစ္တက္ ၁-၄ စပို႔တင္းလစၥဘြန္း ၊ ကလပ္ဘ႐ုဂ္ ၁ – ၅ မန္စီးတီး တို႔ပြဲဟာလည္း သြင္းဂိုးေတြၿမိဳင္ဆိုင္ခဲ့သလို

မက္ဆီလည္း ခ်န္ပီယံလိဂ္မွာ ဘာေပးနဲ႔အတြဲညီခဲ့ၿပီး သြင္းဂိုး (၂)ဂိုးရရွိခဲ့ပါတယ္။ အက္သလက္တီအသင္းအတြက္ သြင္းဂိုး (၂)ဂိုးရယူေပးခဲ့တဲ့

ဂရစ္ဇ္မန္းကေတာ့ ကြင္းလယ္ဒိုင္ရဲ႕ အျငင္းပြားစရာ ဆုံးျဖတ္ခ်က္ေၾကာင့္

တိုက္႐ိုက္အနီကတ္ အျပခံခဲ့ရသလို ပြဲရဲ႕အလွည့္အေျပာင္းလည္းျဖစ္ေစခဲ့ၿပီး ဟီး႐ိုးအျဖစ္ကေန ဗီလိန္ျဖစ္ခဲ့ရပါတယ္။

 

ကလပ္ဘ႐ုဂ္ ၁ – ၅ မန္စီးတီး

မန္စီးတီး – ကန္ဆယ္လို (၃၀ မိနစ္)၊ မာရက္ဇ္ (၄၃ မိနစ္ Pen၊ ၈၄ မိနစ္)၊ ေဝၚလ္ကာ (၅၃ မိနစ္)၊ ပယ္လ္မာ (၆၇ မိနစ္)

ကလပ္ဘ႐ုေဂး – ဗာနာကန္ (၈၁ မိနစ္)

မန္စီးတီး အသင္းဟာ ပီအက္စ္ဂ်ီ ၊ လိုက္ပ္ဇစ္တို႔ေတာင္မႏိုင္တဲ့ ကလပ္ဘ႐ုဂ္ အသင္းကို

အေဝးကြင္းမွာ ဂိုးမိုး႐ြာလိုက္ခ်ႏိုင္ခဲ့ၿပီး အုပ္စု A အမွတ္ေပးဇယားကို ဦးေဆာင္ခြင့္ ရရွိသြားခဲ့ပါၿပီ ။

ဘက္ဆစ္တက္ ၁-၄ စပို႔တင္းလစၥဘြန္း

စပို႔တင္းလစၥဘြန္း – ကိုအာတက္စ္ (၁၅ မိနစ္၊ ၂၇ မိနစ္)၊ ဆာရာဘီယာ (၄၄ မိနစ္ Pen)၊ ေပၚလင္ညိဳ (၈၉ မိနစ္)

ဘက္ဆစ္တက္ – လာရင္ (၂၄ မိနစ္)

အုပ္စုပြဲ ႏွစ္ပြဲကစားၿပီးခ်ိန္အထိ အုပ္စု C မွာ အမွတ္မရၾကေသးတဲ့ အသင္းႏွစ္သင္းရဲ႕ ေတြ႕ဆုံမႈမွာေတာ့

စပို႔တင္းအသင္းဟာ အိမ္ရွင္ဘက္ဆစ္တက္ကို ဂိုးျပတ္အႏိုင္ယူၿပီး ရမွတ္(၃)မွတ္ စတင္ပိုင္ဆိုင္လာ ခဲ့ပါတယ္။

 

ပီအက္စ္ဂ်ီ ၃-၂ လိုက္ပ္ဇစ္

ပီအက္စ္ဂ်ီ – ဘာေပ (၉ မိနစ္)၊ မက္ဆီ (၆၇ မိနစ္၊ ၇၄ မိနစ္ Pen)

လိုက္ပ္ဇစ္ – အန္ဒေရေဆးလ္ဗား (၂၈ မိနစ္)၊ မူကီလီ (၅၇ မိနစ္)

ခ်န္ပီယံလိဂ္ ၿပိဳင္ပြဲမွာ ပီအက္စ္ဂ်ီ အတြက္ သြင္းဂိုး (၂)ဂိုးရယူေပးႏိုင္ခဲ့တဲ့ မက္ဆီက မန္စီးတီးနဲ႔ပြဲအၿပီးမွာ ေနာက္တစ္ႀကိမ္ ဟီး႐ိုး ျဖစ္ခဲ့ျပန္ပါတယ္။

ဒီပြဲမွာ မက္ဆီက ပင္နယ္တီကေန သြင္းဂိုးရယူႏိုင္ခဲ့ေပမယ့္ ပြဲၿပီးခါနီးေနာက္ဆုံးမိနစ္မွာ ရရွိခဲ့တဲ့ ပင္နယ္တီကို ဘာေပကန္သြင္းရာမွာေတာ့ ဂိုးမရခဲ့ပါဘူး။

 

အက္သလက္တီကို ၂-၃ လီဗာပူးလ္

လီဗာပူးလ္ – ဆာလာ (၈ မိနစ္၊ ၇၈ မိနစ္ Pen)၊ ကီတာ (၁၂ မိနစ္)

အက္သလက္တီကို – ဂရီးဇ္မန္း (၂၀ မိနစ္၊ ၃၃ မိနစ္)

အက္သလက္တီကိုမွာ ဆြာရက္ဇ္ ပြဲထြက္ကစားသမားစာရင္းမွာ မပါဝင္ခဲ့ေပမယ့္ ႏွစ္သင္းလုံးက ဒီပြဲကို အင္ျပည့္အားျပည့္နဲ႔ ပြဲထြက္လာခဲ့ပါတယ္။

ပြဲစတာနဲ႔ လီဗာပူးက တိုက္စစ္ဆင္ခဲ့ၿပီး အထေႏွးတဲ့ အက္သလက္တီကိုအသင္းကို (၁၂) မိနစ္မျပည့္ခင္မွာတင္ ႏွစ္ဂိုးဆက္တိုက္သြင္းယူခဲ့ပါတယ္။

ဒါေပမယ့္ အက္သလက္တီကို အသင္းအတြက္ ဂရစ္ဇ္မန္းက ေခ်ပဂိုးေတြ ျပန္လိုက္သြင္းယူႏိုင္ခဲ့ၿပီး ပထမပိုင္းမွာ (၂-၂)နဲ႔ သေရက်ခဲ့ပါတယ္။

ဒုတိယပိုင္းပြဲခ်ိန္ (၅၂)မိနစ္မွာေတာ့ အက္သလက္တီကိုအတြက္ မထင္မွတ္တဲ့ အလွည့္အေျပာင္းတစ္ခုျဖစ္ပြားခဲ့ပါတယ္။

ဂရစ္ဇ္မန္းက ေလထဲကေဘာလုံးကို လွမ္းယူလိုက္ခ်ိန္မွာ ဖာမီႏိုရဲ႕ေခါင္းကို ေျခေထာက္နဲ႔ကန္မိသြားခဲ့တာေၾကာင့္

ကြင္းလယ္ဒိုင္က တိုက္႐ိုက္အနီကတ္နဲ႔ ထုတ္ပယ္ခံခဲ့ရတာပါ။ ဒီ အနီကတ္ဟာ အျငင္းပြားစရာျဖစ္ခဲ့သလို

ဂရစ္ဇ္မန္းအတြက္လည္း ဟီး႐ိုးကေန ဗီလိန္ ျဖစ္သြားခဲ့ရပါတယ္။ ပြဲခ်ိန္ (၇၈)မိနစ္မွာ ဂ်ိဳတာေၾကာင့္ ရရွိခဲ့တဲ့ ပင္နယ္တီကို

ဆာလာက အမွားအယြင္းမရွိသြင္းယူသြားႏိုင္ခဲ့တာေၾကာင့္ လီဗာပူးတို႔ အဖိုးတန္ အေဝးကြင္း ႏိုင္ပြဲ ရယူသြားႏိုင္ခဲ့ပါတယ္။

 

ေပၚတို ၁-၀ ေအစီမီလန္

ေပၚတို – လူးဝစ္ဒီယက္ဇ္ (၆၅ မိနစ္)

အုပ္စုပြဲစဥ္ (၃) ပြဲကစားၿပီးခ်ိန္အထိ ရမွတ္မရရွိေသးတဲ့ ေအစီမီလန္ကေတာ့ ခ်န္ပီယံလိဂ္မွာေနာက္တစ္ဆင့္တက္ႏိုင္ဖို႕ အခြင့္အေရးက ေမွးမွိန္သြားခဲ့ပါၿပီ။

ဒီႏိုင္ပြဲေၾကာင့္ ေပၚတိုအသင္းကေတာ့ ေနာက္တစ္ဆင့္တက္ႏိုင္မယ့္ လမ္းေၾကာင္းေပၚေတာ့ ျပန္လည္ေရာက္ရွိလာပါတယ္။

 

ေအဂ်က္စ္ ၄-၀ ေဒါ့မြန္

ေအဂ်က္စ္ – မာကို႐ြိဳက္စ္ ( ၁၁ မိနစ္ OG)၊ ဘလင္း (၂၅ မိနစ္)၊ အန္တိုနီ (၅၇ မိနစ္)၊ ဟယ္လာ (၇၂ မိနစ္)

ေဒါ့မြန္အသင္းမွာ ဟာလန္းပြဲထြက္ပါဝင္ခဲ့ၿပီး နယ္သာလန္ ေျမမွာ

ေအဂ်က္စ္ ကို ဂိုးျပတ္ရႈံးနိမ့္ခဲ့ၿပီး ဒီည ပြဲေတြထဲမွာ အံ့ၾသသင့္စရာရလဒ္ျဖစ္ေပၚေစခဲ့တဲ့ ပြဲတစ္ပြဲပါပဲ။

 

ရွက္တာဒိုးနက္ ဝ-၅ ရီးယဲလ္မက္ဒရစ္

ရီးယဲလ္မက္ဒရစ္ – က႐ိုင္ဗ္ေဆာ့ဗ္ (၄၀ မိနစ္ OG)၊ ဗင္နီစီယပ္စ္ (၅၁ မိနစ္၊ ၅၆ မိနစ္)၊ ႐ိုဒရီဂို (၆၄ မိနစ္)၊ ဘန္ဇီမာ (၉၀+၁ မိနစ္)

ဗင္နီစီယပ္စ္ရဲ႕ ေျခစြမ္းျပမႈနဲ႕ အတူ ရီးယဲလ္မက္ဒရစ္ဟာ အေဝးကြင္းမွာ ရွက္တာဒိုးနက္ကို ဂိုးျပတ္အႏိုင္ယူခဲ့ပါတယ္။

 

အင္တာမီလန္ ၃-၁ ရွာရစ္ဖ္

အင္တာမီလန္ – ဂ်က္ကို (၃၄ မိနစ္)၊ ဗီဒယ္လ္ (၅၈ မိနစ္)၊ ဒီဗ႐ိုင္း (၆၇ မိနစ္)

ရွာရစ္ဖ္ – ဆီဘက္စတီယန္ေတးလ္ (၅၂ မိနစ္)

ရီးရဲလ္ကို အႏိုင္ယူခဲ့ၿပီး ဒီႏွစ္ ခ်န္ပီယံလိဂ္ ၿပိဳင္ပြဲမွာ ပရိသတ္ေတြစိတ္ဝင္စားမႈကိုရရွိခဲ့တဲ့ ရွာရစ္ဖ္ အသင္းဟာ

အင္တာမီလန္အသင္းနဲ႕ အီတလီေျမမွာ ရင္ဆိုင္ခဲ့ခ်ိန္မွာေတာ့ ရႈံးပြဲစၾကံဳခဲ့ပါတယ္။

ဒီပြဲမွာ ရႈံးခဲ့ေပမဲ့ ရွာရစ္ဖ္အသင္းက အုပ္စု (D)ရဲ႕ အမွတ္ေပး ဇယားမွာေတာ့ ရီးရဲလ္နဲ႕ ရမွတ္တူဂိုးကြာျခားခ်က္နဲ႕ ဆက္လက္ ဦးေဆာင္ေနဆဲပါပဲ။

အင္တာမီလန္အတြက္ ဒီႏိုင္ပြဲေၾကာင့္ ခ်န္ပီယံလိဂ္မွာ ေနာက္တစ္ဆင့္တက္ႏိုင္ဖို႕ ေမွ်ာ္လင့္စရာျဖစ္လာခဲ့ပါတယ္။