ဂိုးပေးရပြီးမကြာခင်မှာ လူစားလဲခံရလို့ ပေါက်ကွဲခဲ့တဲ့ အယ်လီ

photo-gettyimages

photo-twitter

မနေ့ညဟာ စပါးနဲ့ပတ်သက်သူတိုင်းအတွက် အကြီးအကျယ်စိတ်ပျက်စရာညဖြစ်ခဲ့တာပါ။ ဒါပေမဲ့ စပါးကွင်းလယ်လူအယ်လီအတွက်ကတော့ အဲဒီထက်မကတောင် ပိုသွားခဲ့ပါတယ်။ လစ်ဇစ်ကို တစ်လုံးတည်းသောဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ ချန်ပီယံလိဂ်အိမ်ကွင်းပွဲစဉ်မှာ စပါးရဲ့ခြေစွမ်းကလည်း စိတ်ပျက်စရာကောင်းခဲ့ပါတယ်။

photo-gettyimages

အဲဒီပွဲမှာ စပါးဟာ ၅၈ မိနစ်အရောက်မှာ ပင်နယ်တီကနေ လစ်ဇစ်ကို ဦးဆောင်ဂိုးခွင့်ပြုလိုက်ရပါတယ်။ နောက် ၆ မိနစ်အကြာမှာတော့ စပါးနည်းပြမော်ရင်ဟိုဟာ ကွင်းလယ်လူအယ်လီကို လာမီလာနဲ့ လူစားလဲလိုက်ပါတယ်။ ချေပဂိုးပြန်လိုက်သွင်းရမယ့်အချိန် အစောပိုင်းမှာပဲ သူ့ကိုလူစားလဲလိုက်လို့ဆိုပြီး အဲဒီအင်္ဂလန်သားဟာ ပေါက်ကွဲခဲ့ပါတယ်။

https://twitter.com/i/status/1230260079351517184

သူလူစားလဲခံရမှာကို သိလိုက်ပြီးတဲ့နောက် အယ်လီဟာ အရန်ခုံတန်းကိုလျှောက်လာပြီး ရေဘူးကို ပစ်ပေါက်ချခဲ့တာပါ။ ဒါ့အပြင် သူ့ရဲ့ဘောကန်ဖိနပ်ကိုလည်း ချွတ်ပြီး ဆောင့်ပြီး လွှင့်ပစ်လိုက်ပါတယ်။ အဲဒီနောက် ကျန်ပွဲချိန်တစ်လျှောက်လုံးကို တိတ်ဆိတ်စွာနဲ့ပဲ ကြည့်သွားခဲ့ပါတယ်။ ပွဲအပြီးမှာ နည်းပြမော်ရင်ဟိုကတော့ လူစားလဲခံရတာထက် သူ့ခြေစွမ်းသူ ဒေါသထွက်ခဲ့တာလို့ အခိုင်အမာပြောသွားခဲ့ပါတယ်။ ဒါကတော့ မော်ရင်ဟိုရဲ့ထင်မြင်ယူဆချက်သာဖြစ်ပြီး ဘာကိုပေါက်ကွဲခဲ့သလဲဆိုတာ အယ်လီကိုယ်တိုင် အသိဆုံးပဲ ဖြစ်ပါလိမ့်မယ်။

[Zawgyi]

ဂိုးေပးရၿပီးမၾကာခင္မွာ လူစားလဲခံရလုိ႔ ေပါက္ကြဲခဲ့တဲ့ အယ္လီ

မေန႔ညဟာ စပါးနဲ႔ပတ္သက္သူတိုင္းအတြက္ အႀကီးအက်ယ္စိတ္ပ်က္စရာညျဖစ္ခဲ့တာပါ။ ဒါေပမဲ့ စပါးကြင္းလယ္လူအယ္လီအတြက္ကေတာ့ အဲဒီထက္မကေတာင္ ပိုသြားခဲ့ပါတယ္။ လစ္ဇစ္ကို တစ္လုံးတည္းေသာဂိုးနဲ႔ ရႈံးနိမ့္ခ့ဲတဲ့ ခ်န္ပီယံလိဂ္အိမ္ကြင္းပြဲစဥ္မွာ စပါးရဲ႕ေျခစြမး္ကလည္း စိတ္ပ်က္စရာေကာင္းခဲ့ပါတယ္။

အဲဒီပြဲမွာ စပါးဟာ ၅၈ မိနစ္အေရာက္မွာ ပင္နယ္တီကေန လစ္ဇစ္ကို ဦးေဆာင္ဂိုးခြင့္ျပဳလုိက္ရပါတယ္။ ေနာက္ ၆ မိနစ္အၾကာမွာေတာ့ စပါးနည္းျပေမာ္ရင္ဟိုဟာ ကြင္းလယ္လူအယ္လီကို လာမီလာနဲ႔ လူစားလဲလိုက္ပါတယ္။ ေခ်ပဂိုးျပန္လိုက္သြင္းရမယ့္အခ်ိန္ အေစာပိုင္းမွာပဲ သူ႔ကိုလူစားလဲလိုက္လို႔ဆိုၿပီး အဲဒီအဂၤလန္သားဟာ ေပါက္ကြဲခဲ့ပါတယ္။

သူလူစားလဲခံရမွာကို သိလိုက္ၿပီးတဲ့ေနာက္ အယ္လီဟာ အရန္ခုံတန္းကိုေလွ်ာက္လာၿပီး ေရဘူးကို ပစ္ေပါက္ခ်ခဲ့တာပါ။ ဒါ့အျပင္ သူ႔ရဲ႕ေဘာကန္ဖိနပ္ကိုလည္း ခၽြတ္ၿပီး ေဆာင့္ၿပီး လႊင့္ပစ္လိုက္ပါတယ္။ အဲဒီေနာက္ က်န္ပြဲခ်ိန္တစ္ေလွ်ာက္လုံးကို တိတ္ဆိတ္စြာနဲ႔ပဲ ၾကည့္သြားခဲ့ပါတယ္။ ပြဲအၿပီးမွာ နည္းျပေမာ္ရင္ဟိုကေတာ့ လူစားလဲခံရတာထက္ သူ႔ေျခစြမ္းသူ ေဒါသထြက္ခဲ့တာလုိ႔ အခုိင္အမာေျပာသြားခဲ့ပါတယ္။ ဒါကေတာ့ ေမာ္ရင္ဟိုရဲ႕ထင္ျမင္ယူဆခ်က္သာျဖစ္ၿပီး ဘာကိုေပါက္ကဲြခဲ့သလဲဆိုတာ အယ္လီကိုယ္တိုင္ အသိဆုံးပဲ ျဖစ္ပါလိမ့္မယ္။