ဂိုးတွေ သွင်းနိုင်ဖို့ထက် ဖလားရရှိဖို့က ပိုအရေးကြီးတယ်လို့ ဘရူနို ပြောကြား

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

မန်ချက်စတာယူနိုက်တက်အသင်းကို စတင်ရောက်ရှိလာကတည်းက ခြေစွမ်းကောင်းတွေ ဆက်တိုက်ပြသနေတဲ့ ကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်က ကိုယ်တိုင်ဂိုးတွေ သွင်းယူနိုင်ဖို့ထက် ဆုဖလားတွေရရဖို့က သူ့အတွက် ပိုအရေးကြီးတယ်လို့ ဖွင့်ဟပြောဆိုခဲ့ပါတယ်။

ဘရူနိုဟာ ဆိုစီဒက်ကို (၄)ဂိုးပြတ်အနိုင်ရခဲ့တဲ့ ယူရိုပါလိဂ်ရှုံးထွက်(၃၂)သင်းအဆင့် ပထမအကျော့ပွဲမှာ ဒီရာသီ ယူနိုက်တက်အသင်းအတွက် ဂိုး(၂၀)နဲ့ (၂၁)ဂိုးမြောက်ဂိုးတွေကို သွင်းယူခဲ့ပြီး လက်ရှိအချိန်အထိ ဂိုးဖန်တီးမှု (၁၂)ကြိမ်အထိပြုလုပ်ခဲ့ပြီးပါပြီ။

၂၀၂၀၊ ဖေဖော်ဝါရီလတုန်းက ဝုလ်ဗ်နဲ့ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲမှာ ယူနိုက်တက်အသင်းအတွက် ပထမဆုံးပွဲထွက်ခဲ့တဲ့ ဘရူနိုဖာနန်ဒက်စ်ဟာ ပြိုင်ပွဲစုံ(၅၈)ပွဲကစားခဲ့ပြီး သူပါဝင်ပတ်သက်ခဲ့တဲ့ ဂိုးအရေအတွက်က (၅၂)ဂိုး(၃၃ ဂိုးသွင်း၊ ဂိုးဖန်တီးမှု ၁၉ကြိမ်ပြုလုပ်)အထိ ရှိတာကြောင့် ဒီကာလအတွင်း တခြားကစားသမားတွေရဲ့ စွမ်းဆောင်ရည်ထက် ပိုမိုသာလွန်နေတာပါ။

၂၀၂၀၊ ဖေဖော်ဝါရီကနေ အခုအချိန်အထိ တခြားနာမည်ကျော်ကစားသမားတွေဖြစ်တဲ့ ဟယ်ရီကိန်းက (၂၈)ဂိုးသွင်း၊ ဂိုးဖန်တီးမှု (၁၄)ကြိမ်၊ ဆွန်ဟောင်မင်က (၂၄ဂိုး- ဂိုးဖန်တီးမှု-၁၆)ကြိမ်ပြုလုပ်ခဲ့ပြီး ဆာလာကတော့ (၃၁ဂိုး)သွင်း၊ ဂိုးဖန်တီးမှု (၈)ကြိမ်၊ ဒီဘရိုင်းနားက (၁၂)ဂိုးသွင်း၊ ဂိုးဖန်တီးမှု (၂၁)ကြိမ်ပြုလုပ်ခဲ့ကြပါတယ်။

ဒါ့အပြင် ဘရူနိုဖာနန်ဒက်စ်ဟာ ယူနိုက်တက်အတွက် ဥရောပပြိုင်ပွဲမှာ ပထမဆုံးပွဲထွက်ကစားခဲ့ချိန်ကစလို့ လက်ရှိအချိန်အထိ (၈)ဂိုးသွင်းယူထားပြီး ဒီကာလအတွင်း သူ့ထက်သွင်းဂိုးပိုများတာက အင်တာမီလန်တိုက်စစ်မှူးလူကာကူ(၁၁ဂိုး) တစ်ဦးသာရှိပါတယ်။

ဒီလို စွမ်းဆောင်ရည်ကောင်းတွေပြသနေတဲ့အတွက် ဘရူနိုဖာနန်ဒက်စ်ဟာ ဒီရာသီ ပရီးမီးယားလိဂ်(၁)နှစ်တာအကောင်းဆုံးဆု၊ PFA Player Of The Year ဆုတွေကို ဆွတ်ခူးဖို့ ရေပန်းစားနေပေမယ့် သူကတော့ အသင်းအတွက် ဆုဖလားတွေရယူဖို့ပဲ ပိုပစ်မှတ်ထားတယ်လို့ ဆိုခဲ့ပါတယ်။ ဘရူနိုဖာနန်ဒက်စ်က”ဆိုစီဒက်ကို (၄)ဂိုးပြတ်အနိုင်ယူပြီး ရလဒ်ကောင်းတစ်ခု ရယူနိုင်ခဲ့ပေမယ့် သူတို့အသင်း ဒုတိအကျော့မှာ ဘယ်တွေလုပ်ပြနိုင်မလဲဆိုတာ သတိထားဖို့လိုပါတယ်။

ကျွန်တော်ကတော့ အသင်းအတွက် ဂိုးတွေသွင်းယူနိုင်ဖို့ အတတ်နိုင်ဆုံးကြိုးစားသွားမှာဖြစ်ပြီး ကျွန်တော့်တာဝန်ကလည်း အဲဒီလိုလုပ်ပြနိုင်ဖို့ပါပဲ။ ဒါပေမဲ့ အဓိကပစ်မှတ်ကတော့ အသင်းအတွက် ဆုဖလားတွေ ရယူနိုင်ဖို့ဖြစ်ပြီး အဲဒါက ကျွန်တော့်အတွက်တော့ ဂိုးတွေသွင်းဖို့ထက် ပိုအရေးပါတဲ့ ရည်မှန်းချက်ပဲဖြစ်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ဂိုးေတြ သြင္းႏိုင္ဖို႔ထက္ ဖလားရရွိဖို႔က ပိုအေရးႀကီးတယ္လို႔ ဘ႐ူႏို ေျပာၾကား

မန္ခ်က္စတာယူႏိုက္တက္အသင္းကို စတင္ေရာက္ရွိလာကတည္းက ေျခစြမ္းေကာင္းေတြ ဆက္တိုက္ျပသေနတဲ့ ကြင္းလယ္လူ ဘ႐ူႏိုဖာနန္ဒက္စ္က ကိုယ္တိုင္ဂိုးေတြ သြင္းယူႏိုင္ဖို႔ထက္ ဆုဖလားေတြရရဖို႔က သူ႔အတြက္ ပိုအေရးႀကီးတယ္လို႔ ဖြင့္ဟေျပာဆိုခဲ့ပါတယ္။ ဘ႐ူႏိုဟာ ဆိုစီဒက္ကို (၄)ဂိုးျပတ္အႏိုင္ရခဲ့တဲ့ ယူ႐ိုပါလိဂ္ရႈံးထြက္(၃၂)သင္းအဆင့္ ပထမအေက်ာ့ပြဲမွာ ဒီရာသီ ယူႏိုက္တက္အသင္းအတြက္ ဂိုး(၂၀)နဲ႔ (၂၁)ဂိုးေျမာက္ဂိုးေတြကို သြင္းယူခဲ့ၿပီး လက္ရွိအခ်ိန္အထိ ဂိုးဖန္တီးမႈ (၁၂)ႀကိမ္အထိျပဳလုပ္ခဲ့ၿပီးပါၿပီ။ ၂၀၂၀၊ ေဖေဖာ္ဝါရီလတုန္းက ဝုလ္ဗ္နဲ႔ကစားခဲ့တဲ့ ပရီးမီးယားလိဂ္ပြဲမွာ ယူႏိုက္တက္အသင္းအတြက္ ပထမဆုံးပြဲထြက္ခဲ့တဲ့ ဘ႐ူႏိုဖာနန္ဒက္စ္ဟာ ၿပိဳင္ပြဲစုံ(၅၈)ပြဲကစားခဲ့ၿပီး သူပါဝင္ပတ္သက္ခဲ့တဲ့ ဂိုးအေရအတြက္က (၅၂)ဂိုး(၃၃ ဂိုးသြင္း၊ ဂိုးဖန္တီးမႈ ၁၉ႀကိမ္ျပဳလုပ္)အထိ ရွိတာေၾကာင့္ ဒီကာလအတြင္း တျခားကစားသမားေတြရဲ႕ စြမ္းေဆာင္ရည္ထက္ ပိုမိုသာလြန္ေနတာပါ။

၂၀၂၀၊ ေဖေဖာ္ဝါရီကေန အခုအခ်ိန္အထိ တျခားနာမည္ေက်ာ္ကစားသမားေတြျဖစ္တဲ့ ဟယ္ရီကိန္းက (၂၈)ဂိုးသြင္း၊ ဂိုးဖန္တီးမႈ (၁၄)ႀကိမ္၊ ဆြန္ေဟာင္မင္က (၂၄ဂိုး- ဂိုးဖန္တီးမႈ-၁၆)ႀကိမ္ျပဳလုပ္ခဲ့ၿပီး ဆာလာကေတာ့ (၃၁ဂိုး)သြင္း၊ ဂိုးဖန္တီးမႈ (၈)ႀကိမ္၊ ဒီဘ႐ိုင္းနားက (၁၂)ဂိုးသြင္း၊ ဂိုးဖန္တီးမႈ (၂၁)ႀကိမ္ျပဳလုပ္ခဲ့ၾကပါတယ္။ ဒါ့အျပင္ ဘ႐ူႏိုဖာနန္ဒက္စ္ဟာ ယူႏိုက္တက္အတြက္ ဥေရာပၿပိဳင္ပြဲမွာ ပထမဆုံးပြဲထြက္ကစားခဲ့ခ်ိန္ကစလို႔ လက္ရွိအခ်ိန္အထိ (၈)ဂိုးသြင္းယူထားၿပီး ဒီကာလအတြင္း သူ႔ထက္သြင္းဂိုးပိုမ်ားတာက အင္တာမီလန္တိုက္စစ္မႉးလူကာကူ(၁၁ဂိုး) တစ္ဦးသာရွိပါတယ္။ ဒီလို စြမ္းေဆာင္ရည္ေကာင္းေတြျပသေနတဲ့အတြက္ ဘ႐ူႏိုဖာနန္ဒက္စ္ဟာ ဒီရာသီ ပရီးမီးယားလိဂ္(၁)ႏွစ္တာအေကာင္းဆုံးဆု၊ PFA Player Of The Year ဆုေတြကို ဆြတ္ခူးဖို႔ ေရပန္းစားေနေပမယ့္ သူကေတာ့ အသင္းအတြက္ ဆုဖလားေတြရယူဖို႔ပဲ ပိုပစ္မွတ္ထားတယ္လို႔ ဆိုခဲ့ပါတယ္။

ဘ႐ူႏိုဖာနန္ဒက္စ္က”ဆိုစီဒက္ကို (၄)ဂိုးျပတ္အႏိုင္ယူၿပီး ရလဒ္ေကာင္းတစ္ခု ရယူႏိုင္ခဲ့ေပမယ့္ သူတို႔အသင္း ဒုတိအေက်ာ့မွာ ဘယ္ေတြလုပ္ျပႏိုင္မလဲဆိုတာ သတိထားဖို႔လိုပါတယ္။ ကြၽန္ေတာ္ကေတာ့ အသင္းအတြက္ ဂိုးေတြသြင္းယူႏိုင္ဖို႔ အတတ္ႏိုင္ဆုံးႀကိဳးစားသြားမွာျဖစ္ၿပီး ကြၽန္ေတာ့္တာဝန္ကလည္း အဲဒီလိုလုပ္ျပႏိုင္ဖို႔ပါပဲ။ ဒါေပမဲ့ အဓိကပစ္မွတ္ကေတာ့ အသင္းအတြက္ ဆုဖလားေတြ ရယူႏိုင္ဖို႔ျဖစ္ၿပီး အဲဒါက ကြၽန္ေတာ့္အတြက္ေတာ့ ဂိုးေတြသြင္းဖို႔ထက္ ပိုအေရးပါတဲ့ ရည္မွန္းခ်က္ပဲျဖစ္ပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။