ဂိုးတွေသွင်းပြီး ရှူံးခဲ့တဲ့ မော်ရင်ဟိုကို တော်တော်သနားနေတဲ့ ဖာဒီနန်

ယူနိုက်တက် နောက်ခံလူဟောင်း ရီယိုဖာဒီနန်ကတော့ ယမန်နေ့ညက အဲဗာတန်ကို အရေးနိမ့်ပြီး FA ဖလားပြိုင်ပွဲကနေ ထွက်လိုက်ရတဲ့ စပါးနည်းပြမော်ရင်ဟိုအတွက်တော်တော် စိတ်မကောင်းဖြစ်မိတယ်လို့ ပြောလာခဲ့ပါတယ်။

ဂွတ်ဒီဆင်ပါ့ခ်မှာ ကစားခဲ့တဲ့ အက်ဖ်အေဖလားပဉ္စမအဆင့် ပွဲစဉ်မှာ ပွဲချိန် မိနစ် ၉၀ အတွင်း မှာ တစ်ဖက် ၄ဂိုးစီ နဲ့ သရေကျနေခဲ့တာကြောင့် အချိန်ပို ဆက်ကစားခဲ့ရပါတယ်။ အချိန်ပိုမှာတော့ နည်းပြအန်ဆယ်လော့တီရဲ့ အသင်းက အချိန်ပိုပထမပိုင်းမှာ သွင်းယူခဲ့တဲ့ ဘားနက်ဒ်ရဲ့ သွင်းဂိုးနဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။

စပါးနည်းပြ မော်ရင်ဟိုအတွက်တော့ လန်ဒန်ကလပ်နဲ့ အတူ ဒီရာသီ ပြည်တွင်းဖလား တစ်လုံး ယူနိုင်မယ့် အခွင့်အရေးက လွဲချော်ခဲ့ရတာ ဖြစ်ပေမယ့် ၎တို့ဟာ ကာရာဘောင်းဖိုင်နယ်ထိ ရောက်ပြီး ဖြစ်သလို ယူရိုပါလိဂ်မှာလည်း အခွင့်အရေးတော့ ရှိနေပါသေးတယ်။

စပါးအသင်းရဲ့ ပရီးမီးယားလိဂ် ခြေစွမ်းကတော့ ပြီးခဲ့တဲ့ ပွဲစဉ်တွေမှာ တော်တော်လေး ဆိုးရွားခဲ့ပြီး နောက်ဆုံးလေးပွဲမှာ သုံးပွဲဆက် ရှုံးပွဲကြုံတွေ့ထားရပါတယ်။ဖာဒီနန်ကတော့ မော်ရင်ဟိုရဲ့ ကစားသမားတွေကို တစ်ဦးချင်းအမှားတွေကြောင့် တည်ငြိမ်မှု မရှိတဲ့သူတွေဆိုပြီး ပြစ်တင်ဝေဖန်ထားပါတယ်။

”ကျွန်တော် မော်ရင်ဟိုအတွက် တကယ် စိတ်မကောင်း ဖြစ်မိပါတယ်။အခုတလော သီတင်းပတ်တွေမှာ သူ ပွဲကို ချဉ်းကပ်တဲ့အပိုင်းမှာ အခင်းအကျင်းတွေ တော်တော် ပြောင်းလဲခဲ့ပါတယ်။ အခုပွဲကတော့ လုံးဝကို ဖွင့်ကစားပြီး ကြည့်ရတာလည်း တန်ဖိုးရှိပါတယ်။ ဒါပေမယ့် ကစားသမား တစ်ယောက်ချင်းစီကိုက အမှားတွေကိုယ်စီရှိခဲ့ကြပါတယ်။ တစ်ဦးချင်း အမှားတွေက မော်ရင်ဟိုကိုသတ်နေတာပါပဲ။”

“ဒါကအရည်အသွေးနဲ့ဆိုင်ပါလိမ့်မယ်။ သူတို့ကိုလွှတ်ထားလိုက်ရင် တစ်ချိန်ချိန်မှာတော့ သူတို့လည်း ပွဲကို လိုက်ကစားနိုင်လောက်မှာပါ။ ဒါပေမယ့် အမှားတွေကို မပြင်ဆင်နိုင်သေးသရွှေ့တော့ အသင်းက စိန်ခေါ်မှုတွေကို လိုက်လုပ်နိုင်မှာ မဟုတ်ဘူး။”ဆိုပြီး ဖာဒီနန်ကပြောဆိုထားပါတယ်။

Zawgyi

ဂိုးေတြသြင္းၿပီး ရႉံးခဲ့တဲ့ ေမာ္ရင္ဟိုကို ေတာ္ေတာ္သနားေနတဲ့ ဖာဒီနန္

ယူႏိုက္တက္ ေနာက္ခံလူေဟာင္း ရီယိုဖာဒီနန္က ေတာ့ယမန္ေန႔ညက အဲဗာတန္ကို အေရးနိမ့္ၿပီး FA ဖလားၿပိဳင္ပြဲကေန ထြက္လိုက္ရတဲ့ စပါးနည္းျပေမာ္ရင္ဟိုအတြက္ေတာ္ေတာ္ စိတ္မေကာင္းျဖစ္မိတယ္လို႔ ေျပာလာခဲ့ပါတယ္။ ဂြတ္ဒီဆင္ပါ့ခ္မွာ ကစားခဲ့တဲ့ အက္ဖ္ေအဖလားပၪၥမအဆင့္ ပြဲစဥ္မွာ ပြဲခ်ိန္ မိနစ္ ၉၀ အတြင္း မွာ တစ္ဖက္ ၄ဂိုးစီ နဲ႔ သေရက်ေနခဲ့တာေၾကာင့္ အခ်ိန္ပို ဆက္ကစားခဲ့ရပါတယ္။ အခ်ိန္ပိုမွာေတာ့ နည္းျပအန္ဆယ္ေလာ့တီရဲ႕ အသင္းက အခ်ိန္ပိုပထမပိုင္းမွာ သြင္းယူခဲ့တဲ့ ဘားနက္ဒ္ရဲ႕ သြင္းဂိုးနဲ႔ အႏိုင္ရရွိသြားခဲ့ပါတယ္။

စပါးနည္းျပ ေမာ္ရင္ဟိုအတြက္ေတာ့ လန္ဒန္ကလပ္နဲ႔ အတူ ဒီရာသီ ျပည္တြင္းဖလား တစ္လုံး ယူႏိုင္မယ့္ အခြင့္အေရးက လြဲေခ်ာ္ခဲ့ရတာ ျဖစ္ေပမယ့္ ၎တို႔ဟာ ကာရာေဘာင္းဖိုင္နယ္ထိ ေရာက္ၿပီး ျဖစ္သလို ယူ႐ိုပါလိဂ္မွာလည္း အခြင့္အေရးေတာ့ ရွိေနပါေသးတယ္။ စပါးအသင္းရဲ႕ ပရီးမီးယားလိဂ္ ေျခစြမ္းကေတာ့ ၿပီးခဲ့တဲ့ ပြဲစဥ္ေတြမွာ ေတာ္ေတာ္ေလး ဆိုး႐ြားခဲ့ၿပီး ေနာက္ဆုံးေလးပြဲမွာ သုံးပြဲဆက္ ရႈံးပြဲႀကဳံေတြ႕ထားရပါတယ္။ဖာဒီနန္ကေတာ့ ေမာ္ရင္ဟိုရဲ႕ ကစားသမားေတြကို တစ္ဦးခ်င္းအမွားေတြေၾကာင့္ တည္ၿငိမ္မႈ မရွိတဲ့သူေတြဆိုၿပီး ျပစ္တင္ေဝဖန္ထားပါတယ္။

”ကြၽန္​ေတာ္ ေမာ္ရင္ဟိုအတြက္ တကယ္ စိတ္မေကာင္း ျဖစ္မိပါတယ္။အခုတေလာ သီတင္းပတ္ေတြမွာ သူ ပြဲကို ခ်ဥ္းကပ္တဲ့အပိုင္းမွာ အခင္းအက်င္းေတြ ေတာ္ေတာ္ ေျပာင္းလဲခဲ့ပါတယ္။ အခုပြဲကေတာ့ လုံးဝကို ဖြင့္ကစားၿပီး ၾကည့္ရတာလည္း တန္ဖိုးရွိပါတယ္။ ဒါေပမယ့္ ကစားသမား တစ္ေယာက္ခ်င္းစီကိုက အမွားေတြကိုယ္စီရွိခဲ့ၾကပါတယ္။ တစ္ဦးခ်င္း အမွားေတြက ​ေမာ္ရင္ဟိုကိုသတ္ေနတာပါပဲ။”

“ဒါကအရည္အေသြးနဲ႔ဆိုင္ပါလိမ့္မယ္။ သူတို႔ကိုလႊတ္ထားလိုက္ရင္ တစ္ခ်ိန္ခ်ိန္မွာေတာ့ သူတို႔လည္း ပြဲကို လိုက္ကစားႏိုင္ေလာက္မွာပါ။ ဒါ​ေပမယ့္ အမွားေတြကို မျပင္ဆင္ႏိုင္ေသးသေ႐ႊ႕ေတာ့ အသင္းက စိန္ေခၚမႈေတြကို လိုက္လုပ္ႏိုင္မွာ မဟုတ္ဘူး။”ဆိုၿပီး ဖာဒီနန္က​ေျပာဆိုထားပါတယ္။