
Photo Credit
Photo Credit
အဲဗာတန်ကွင်းလယ်လူ အန်ဒရီဂိုမက်စ် ဒဏ်ရာပြင်းထန်စွာရရှိခဲ့မှုအပေါ် စပါးတိုက်စစ်မှူး ဆွန်ဟောင်မင်း စိတ်ခံစားမှုအပြည့်နဲ့ ပြန်လည်တုံ့ပြန်မှုက တစ်စိတ်ကို တစ်အိတ်လုပ်ပြတာသာဖြစ်ပြီး ယနေ့ခေတ်ဘောလုံးသမားတွေအနေနဲ့ ကိုယ်ချင်းစာနာစိတ်နဲ့ပတ်သက်လို့ ပြဿနာတွေရှိနေကြောင်း လက်စတာတိုက်စစ်မှူးဟောင်း စတန်ကော်လီမိုးက ပြောပါတယ်။
Photo Credit
တောင်ကိုရီးယားလက်ရွေးစင် ဆွန်ဟောင်မင်းဟာ တနင်္ဂနွေညက အဲဗာတန်နဲ့ ၁-၁ ဂိုးသရေကျခဲ့တဲ့ပွဲမှာ သူ့ရဲ့ဖျက်ထုတ်မှုကနေတစ်ဆင့် ပြိုင်ဘက်ကွင်းလယ်လူ အန်ဒရီဂိုမက်စ် ဒဏ်ရာပြင်းထန်စွာရရှိခဲ့ပြီးနောက် ကွင်းထဲမှာပဲ မျက်ရည်တွေကျကာ အလွန်အမင်းအံ့အားသင့်ထိတ်လန့်သွားခဲ့ပြီး ဂိုမက်စ်လည်း ညာဘက်ခြေကျင်းဝတ်အဆစ်ရိုးကျိုးသွားခဲ့ပါတယ်။
Photo Credit
ကော်လီမိုးက အဲဒီလိုအခြေအနေမျိုးမှာ ထိခိုက်နာကျင်ဝမ်းနည်းရမှုက အဆင့်အတန်းရှိတဲ့အမူအကျင့်ဖြစ်တယ်လို့ ယုံကြည်နေပြီး ဆွန်ဟောင်မင်းလည်း အများပြည်သူအမြင်မှာ သူ့အပေါ် ခံစားချက် ပျော့ပြောင်းစေရေးအတွက် ဒီလိုအမူအယာလွန်ကဲစွာနဲ့ လုပ်ဆောင်ခဲ့တာဖြစ်ကြောင်း စွပ်စွဲခဲ့သလို အဲဒီအဖြစ်က အားကစားလောကတစ်လျှောက် အဖြစ်များနေတဲ့ပြဿနာဖြစ်ကြောင်း ဆိုပါတယ်။
Photo Credit
”ဒီလိုပြောလို့ ဆွန်ဟောင်မင်းရော အော်ရီယာပါ အံ့အားသင့်တုန်လှုပ်တာမျိုး၊ ဝမ်းနည်းပူဆွေးတာမျိုးမလုပ်ပြသင့်ဘူးလို့ ဆိုလိုတာမဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူတို့က ခံစားတတ်တဲ့သာမန်လူသားတွေမို့လို့ပါ။ ဆွန်ဟောင်မင်းရဲ့တုံ့ပြန်မှုကို ကြည့်ရတာ သူ့အနေနဲ့ ဘောလုံးလောက၊ ဒိုင်လူကြီး၊ ဘောလုံးလောကအာဏာပိုင်တွေ၊ အိမ်မှာတီဗီရှေ့ထိုင်ကြည့်နေတဲ့ပရိသတ်တွေနဲ့ ကွင်းထဲလာကြည့်သူတွေ၊ နောက်ဆုံးပြိုင်ဘက်တွေက သူ့ကို အမြင်စောင်းသွားမှာမလိုလားတဲ့ပုံစံပါ”
Photo Credit
”သူဟာ ဂိုမက်စ်ကို အဲဒီလိုဆိုးရွားတဲ့ဒဏ်ရာ ရပါစေတော့လို့ ရည်ရွယ်ချက်မရှိခဲ့တာတောင်မှပေါ့။ အခုချိန်မှာ ဘာတွေဖြစ်နေလဲဆိုတော့ ကစားသမားတွေနဲ့ နည်းပြတွေဟာ အများပြည်သူအမြင်မှာ သူတို့ရဲ့ခံစားချက်တွေကို အလွန်အမင်းထုတ်ပြမှဖြစ်မယ်လို့ ထင်နေပုံရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီလိုမလုပ်ရင် သူတို့အပေါ် ကျရောက်လာနိုင်တဲ့အရာတွေက ဘယ်လောက်ကြီးမားမလဲဆိုတာ သူတို့သိနေလို့ပါ။ ဒီလိုအပြုအမူတွေ ရပ်တန်းက ရပ်ဖို့သင့်ပါပြီ”လို့ ကော်လီမိုးက ဆိုပါတယ်။
Photo Credit
Zawgyi
ဂိုမက္စ္ရဲ႕ဒဏ္ရာအေပၚ ဆြန္ေဟာင္မင္း စိတ္ခံစားမႈအျပည့္နဲ႔တုံ႔ျပန္မႈက တစ္စိတ္ကို တစ္အိတ္လုပ္ျပျခင္းလုိ႔ ေကာ္လီမိုး စြပ္စြဲ
အဲဗာတန္ကြင္းလယ္လူ အန္ဒရီဂိုမက္စ္ ဒဏ္ရာျပင္းထန္စြာရရွိခဲ့မႈအေပၚ စပါးတုိက္စစ္မွဴး ဆြန္ေဟာင္မင္း စိတ္ခံစားမႈအျပည့္နဲ႔ ျပန္လည္တုံ႔ျပန္မႈက တစ္စိတ္ကို တစ္အိတ္လုပ္ျပတာသာျဖစ္ၿပီး ယေန႔ေခတ္ေဘာလုံးသမားေတြအေနနဲ႔ ကုိယ္ခ်င္းစာနာစိတ္နဲ႔ပတ္သက္လုိ႔ ျပႆနာေတြရွိေနေၾကာင္း လက္စတာတုိက္စစ္မွဴးေဟာင္း စတန္ေကာ္လီမုိးက ေျပာပါတယ္။
ေတာင္ကိုရီးယားလက္ေရြးစင္ ဆြန္ေဟာင္မင္းဟာ တနဂၤေႏြညက အဲဗာတန္နဲ႔ ၁-၁ ဂိုးသေရက်ခဲ့တဲ့ပြဲမွာ သူ႕ရဲ႕ဖ်က္ထုတ္မႈကေနတစ္ဆင့္ ၿပိဳင္ဘက္ကြင္းလယ္လူ အန္ဒရီဂိုမက္စ္ ဒဏ္ရာျပင္းထန္စြာရရွိခဲ့ၿပီးေနာက္ ကြင္းထဲမွာပဲ မ်က္ရည္ေတြက်ကာ အလြန္အမင္းအံ့အားသင့္ထိတ္လန္႔သြားခဲ့ၿပီး ဂိုမက္စ္လည္း ညာဘက္ေျခက်င္း၀တ္အဆစ္႐ိုးက်ိဳးသြားခဲ့ပါတယ္။
ေကာ္လီမုိးက အဲဒီလုိအေျခအေနမ်ိဳးမွာ ထိခုိက္နာက်င္၀မ္းနည္းရမႈက အဆင့္အတန္းရွိတ့ဲအမူအက်င့္ျဖစ္တယ္လုိ႔ ယုံၾကည္ေနၿပီး ဆြန္ေဟာင္မင္းလည္း အမ်ားျပည္သူအျမင္မွာ သူ႕အေပၚ ခံစားခ်က္ ေပ်ာ့ေျပာင္းေစေရးအတြက္ ဒီလုိအမူအယာလြန္ကဲစြာနဲ႔ လုပ္ေဆာင္ခဲ့တာျဖစ္ေၾကာင္း စြပ္စြဲခဲ့သလို အဲဒီအျဖစ္က အားကစားေလာကတစ္ေလွ်ာက္ အျဖစ္မ်ားေနတဲ့ျပႆနာျဖစ္ေၾကာင္း ဆုိပါတယ္။
”ဒီလုိေျပာလုိ႔ ဆြန္ေဟာင္မင္းေရာ ေအာ္ရီယာပါ အံ့အားသင့္တုန္လႈပ္တာမ်ိဳး၊ ၀မ္းနည္းပူေဆြးတာမ်ိဳးမလုပ္ျပသင့္ဘူးလုိ႔ ဆုိလုိတာမဟုတ္ပါဘူး။ ဘာျဖစ္လုိ႔လဲဆုိေတာ့ သူတုိ႔က ခံစားတတ္တဲ့သာမန္လူသားေတြမုိ႔လုိ႔ပါ။ ဆြန္ေဟာင္မင္းရဲ႕တုံ႔ျပန္မႈကို ၾကည့္ရတာ သူ႕အေနနဲ႔ ေဘာလုံးေလာက၊ ဒုိင္လူႀကီး၊ ေဘာလုံးေလာကအာဏာပိုင္ေတြ၊ အိမ္မွာတီဗီေရွ႕ထိုင္ၾကည့္ေနတဲ့ပရိသတ္ေတြနဲ႔ ကြင္းထဲလာၾကည့္သူေတြ၊ ေနာက္ဆုံးၿပိဳင္ဘက္ေတြက သူ႕ကို အျမင္ေစာင္းသြားမွာမလုိလားတဲ့ပုံစံပါ”
”သူဟာ ဂိုမက္စ္ကို အဲဒီလိုဆုိးရြားတဲ့ဒဏ္ရာ ရပါေစေတာ့လုိ႔ ရည္ရြယ္ခ်က္မရွိခဲ့တာေတာင္မွေပါ့။ အခုခ်ိန္မွာ ဘာေတြျဖစ္ေနလဲဆုိေတာ့ ကစားသမားေတြနဲ႔ နည္းျပေတြဟာ အမ်ားျပည္သူအျမင္မွာ သူတုိ႔ရဲ႕ခံစားခ်က္ေတြကို အလြန္အမင္းထုတ္ျပမွျဖစ္မယ္လုိ႔ ထင္ေနပုံရပါတယ္။ ဘာျဖစ္လုိ႔လဲဆုိေတာ့ ဒီလုိမလုပ္ရင္ သူတုိ႔အေပၚ က်ေရာက္လာႏိုင္တ့ဲအရာေတြက ဘယ္ေလာက္ႀကီးမားမလဲဆုိတာ သူတုိ႔သိေနလုိ႔ပါ။ ဒီလုိအျပဳအမူေတြ ရပ္တန္းက ရပ္ဖို႔သင့္ပါၿပီ”လုိ႔ ေကာ္လီမိုးက ဆုိပါတယ္။