
photo-social media
photo-gettyimages
ဟာဇတ်ဟာ ရီးရဲလ်အတွက် အကောင်းဆုံးစတင်ပေးနိုင်ခြင်း မရှိခဲ့ပါဘူး။ ရာသီကြိုမှာကတည်းက ဒဏ်ရာရခဲ့ပြီး အဲဒီကြောင့်ပဲ ရာသီအစပိုင်းမှာ ပွဲစဉ်အချို့ကို လွဲချော်ခဲ့ရပါတယ်။ ကြံ့ခိုင်မှုအပြည့်အဝပြန်ရှိလာတော့လည်း သူဟာ စပိန်မီဒီယာအချို့ကို အထင်ကြီးလောက်တဲ့ခြေစွမ်းမျိုးမပြနိုင်ခဲ့ပါဘူး။ အထူးသဖြင့် မက်ဒရစ်အခြေစိုက် နာမည်ကြီးမာကာသတင်းစာဟာ နောက်ဆုံးကြယ်စင်စုကစားသမားအပေါ်မှာ အတော်လေးကို ဝေဖန်မှုလုပ်ခဲ့ပြီး မနေညက ကစားသွားခဲ့တဲ့ ဂါလာတာစာရေးနဲ့ပွဲဟာ သူ့အတွက် ဗိုလ်လုပွဲတစ်ပွဲလိုပဲလု့ိတောင် ရေးသားခဲ့တာပါ။
photo-gettyimages
အဲဒီပွဲဟာ ဥရောပအဆင့်မှာ သူဘယ်လောက်လုပ်နိုင်သလဲဆိုတဲ့အခွင့်အရေး ဟာဇတ်ကို ပေးခဲ့တာပါ။ ပြီးခဲ့တဲ့စနေည လာလီဂါပွဲမှာ အနားရခဲ့လို့လည်း ဟာဇတ်ဟာ လန်းလန်းဆန်းဆန်းရှိနေမှာ သေချာပါတယ်။ တူရကီက ပထမပိုင်းမှာလည်း ဟာဇတ်ဟာ မဆိုးဘူးလို့ဆိုရလောက်အောင် တိုနီခရူးစ်သွင်းယူတဲ့ဦးဆောင်ဂိုးကို ဖန်တီးပေးနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ဒုတိယပိုင်းမှာတော့ ရီးရဲလ်အတွက် အနိုင်သေချာစေမယ့် အကောင်းဆုံးအခွင့်အလမ်းကို သူလွဲချော်သွားခဲ့ရပါတယ်။
photo-AP
ပင်နယ်တီဧရိယာအစပ်က ထိုးပေးတဲ့ဘောလုံးကို ရယူပြီး ဂိုးသမားကိုကျော်ဖြတ်နိုင်ခဲ့ပေမယ့် ဘယ်သူမှမရှိတဲ့ဂိုးပေါက်ထဲ ကန်သွင်းရာမှာ သူ့ကန်ချက်ကများသွားပြီး ဂိုးဘားတန်းနဲ့ထိထွက်သွားခဲ့တာပါ။ ဒီလိုလွဲချော်မှုမျိုးက ရီးရဲလ်နဲ့ဦးဆုံးလတွေမှာ ကြုံတွေ့ခဲ့ရတဲ့ဝေဖန်မှုတွေကနေ လွတ်မြောက်အောင် သူ့ကို ကယ်တင်ပေးနိုင်မှာ မဟုတ်ပါဘူး။ ကံကောင်းတာက အဲဒါဟာ ရီးရဲလ်အတွက် ဆုံးရှုံးမှုဖြစ်မသွားတာပါပဲ။ တကယ်လို့ ဒုတိယပိုင်းမှာ ချေပဂိုးသာပြန်ပေးလိုက်ရရင် ဟာဇတ်ကြောင့် ရီးရဲလ်မနိုင်တာလို့ လက်ညှိုးထိုးခံရမှာပါ။
[Zawgyi]
ဂါလာတာစာေရးနဲ႔ပြဲမွာ ဂိုးသမားမရွိတဲ့ဂိုးေပါက္ကို အံ့အားသင့္ဖြယ္လြဲေခ်ာ္ခဲ့တဲ့ ဟာဇတ္
ဟာဇတ္ဟာ ရီးရဲလ္အတြက္ အေကာင္းဆုံးစတင္ေပးႏုိင္ျခင္း မရွိခဲ့ပါဘူး။ ရာသီႀကိဳမွာကတည္းက ဒဏ္ရာရခဲ့ၿပီး အဲဒီေၾကာင့္ပဲ ရာသီအစပိုင္းမွာ ပြဲစဥ္အခ်ိဳ႕ကို လြဲေခ်ာ္ခဲ့ရပါတယ္။ ႀကံ႕ခိုုင္မႈအျပည့္အ၀ျပန္ရွိလာေတာ့လည္း သူဟာ စပိန္မီဒီယာအခ်ိဳ႕ကို အထင္ႀကီးေလာက္တဲဲ့ေျခစြမ္းမ်ိဳးမျပႏိုင္ခဲ့ပါဘူး။ အထူးသျဖင့္ မက္ဒရစ္အေျခစိုက္ နာမည္ႀကီးမာကာသတင္းစာဟာ ေနာက္ဆုံးၾကယ္စင္စုကစားသမားအေပၚမွာ အေတာ္ေလးကို ေ၀ဖန္မႈလုပ္ခဲ့ၿပီး မေနညက ကစားသြားခဲ့တဲ့ ဂါလာတာစာေရးနဲ႔ပြဲဟာ သူ႔အတြက္ ဗုိလ္လုပြဲတစ္ပြဲလိုပဲလု႔ိေတာင္ ေရးသားခဲ့တာပါ။
အဲဒီပြဲဟာ ဥေရာပအဆင့္မွာ သူဘယ္ေလာက္လုပ္ႏိုင္သလဲဆုိတဲ့အခြင့္အေရး ဟာဇတ္ကို ေပးခဲ့တာပါ။ ၿပီးခဲ့တဲ့စေနည လာလီဂါပြဲမွာ အနားရခဲ့လုိ႔လည္း ဟာဇတ္ဟာ လန္းလန္းဆန္းဆန္းရွိေနမွာ ေသခ်ာပါတယ္။ တူရကီက ပထမပိုင္းမွာလည္း ဟာဇတ္ဟာ မဆုိးဘူးလို႔ဆုိရေလာက္ေအာင္ တုိနီခရူးစ္သြင္းယူတဲ့ဦးေဆာင္ဂိုးကို ဖန္တီးေပးႏိုင္ခဲ့ပါတယ္။ ဒါေပမဲ့ ဒုတိယပိုင္းမွာေတာ့ ရီးရဲလ္အတြက္ အႏိုင္ေသခ်ာေစမယ့္ အေကာင္းဆုံးအခြင့္အလမ္းကို သူလြဲေခ်ာ္သြားခဲ့ရပါတယ္။
ပင္နယ္တီဧရိယာအစပ္က ထုိးေပးတဲ့ေဘာလုံးကို ရယူၿပီး ဂိုးသမားကိုေက်ာ္ျဖတ္ႏိုင္ခဲ့ေပမယ့္ ဘယ္သူမွမရွိတဲ့ဂိုးေပါက္ထဲ ကန္သြင္းရာမွာ သူ႔ကန္ခ်က္ကမ်ားသြားၿပီး ဂိုးဘားတန္းနဲ႔ထိထြက္သြားခဲ့တာပါ။ ဒီလိုလြဲေခ်ာ္မႈမ်ိဳးက ရီးရဲလ္နဲ႔ဦးဆုံးလေတြမွာ ႀကဳံေတြ႕ခဲ့ရတဲ့ေ၀ဖန္မႈေတြကေန လြတ္ေျမာက္ေအာင္ သူ႔ကို ကယ္တင္ေပးႏိုင္မွာ မဟုတ္ပါဘူး။ ကံေကာင္းတာက အဲဒါဟာ ရီးရဲလ္အတြက္ ဆုံးရႈံးမႈျဖစ္မသြားတာပါပဲ။ တကယ္လုိ႔ ဒုတိယပိုင္းမွာ ေခ်ပဂိုးသာျပန္ေပးလုိက္ရရင္ ဟာဇတ္ေၾကာင့္ ရီးရဲလ္မႏိုင္တာလို႔ လက္ညွိဳးထိုးခံရမွာပါ။