ဂါလာတာစာရေးကို ရှုံးရင် ဇီဒန်းထုတ်ပယ်ခံရလိမ့်မယ်လို့ သတင်းထွက်

Photo- Internet
Photo- Internet

ရီးရဲလ်မက်ဒရစ် အသင်းဟာဒီကနေ့ည ဂါလာတာစာရေးနဲ့ ကစားရမယ့် ချန်ပီယံလိဂ်အဝေးကွင်းပွဲစဉ်မှာ ရှုံးနိမ့်ခဲ့မယ်ဆိုရင် နည်းပြဇီဒန်းကို ရာထူးကနေထုတ်ပယ်လိမ့်မယ်လို့ သတင်းတွေထွက်နေပါတယ်။ ဒီပွဲဟာ ရီးရဲလ်အတွက် အရမ်းကိုအရေးပါနေပြီး အနိုင်မရလို့ မဖြစ်တဲ့ ပွဲပါ။

ရီးရဲလ်သာ နိုင်ပွဲပျောက်ခဲ့မယ်ဆိုရင် ချန်ပီယံလိဂ်ကနေ ယူရိုပါလိဂ်ကို ပြောင်းကစားရတာ ဒါမှမဟုတ် အုပ်စုအဆင့်ကနေထွက်ရတာ မျိုးတွေဖြစ်လာနိုင်ပါတယ်။ ရီးရဲလ်ဟာ ဒီရာသီအစမှာရုန်းကန်ခဲ့ရမှုနဲ့အတူ ချန်ပီယံလိဂ်မှာလည်း နိုင်ပွဲမရသေးဘဲ ပြီးခဲ့တဲ့ ၂ ပွဲမှာ ပီအက်စ်ဂျီကို ဂိုးပြတ်ရှုံးပြီး ဘရုဂျက်ကို အိမ်ကွင်းမှာ သရေကျခဲ့ပါတယ်။

Photo- Internet

လာလီဂါမှာတော့ ရီးရဲလ်ဟာ ဒုတိယနေရာ ရထားလို့အခြေအနေကောင်းတယ်လို့ ပြောနိုင်ပေမယ့် မကြာသေးခင်က တန်းတက် မာယော့ကာကို ရှုံးထားတဲ့အပြင် ချန်ပီယံလိဂ်ခြေစွမ်းကလည်း စိတ်ပျက်စရာဖြစ်နေလို့ ဇီဒန်းလည်း ဖိအားတွေခံ စားနေရတာပါ။
ဒါကြောင့် ရီးရဲလ်တာဝန်ရှိသူတွေဟာ နည်းပြဟောင်း မော်ရင်ဟိုနဲ့ တွေ့ဆုံခဲ့တယ်လို့ သတင်းတွေထွက်ခဲ့သေးတာပါ။

Photo- Internet

ဒါကြောင့်လည်း မာကာသတင်းစာကြီးက ရီးရဲလ်ဟာ အစ္စတန်ဘူလ်မှာ ဂါလာတာစာရေးကိုရှုံးခဲ့ရင် ဇီဒန်းကိုထုတ်ပယ်လိမ့် မယ်လို့ ဒီကနေ့မှာဘဲ ဖော်ပြသွားတာဖြစ်ပါတယ်။ ဒီပွဲကို အခုည မြန်မာစံတော်ချိန် ၁း၃၀ မှာ ကစားကြမှာဖြစ်ပါတယ်။

Photo- Internet

ရီးရဲလ်ဟာ ပြီးခဲ့တဲ့နွေရာသီက ပေါင်သန်း ၃၀၀ လောက်အကုန်ခံပြီး ကစားသမားသစ်တွေခေါ်ယူအားဖြည့်ခဲ့ရာမှာ ဟာဇတ် နဲ့လူကာဂျိုဗစ်တို့လို ကစားသမားတွေလည်းပါဝင်ပေမယ့် သူတို့နှစ်ဦးစလုံးဟာ ဇီဒန်းလက်ထက်မှာအခုထိခြေစွမ်းမပြနိုင်သေးဘဲ လူဟောင်းတွေကိုသာ အားကိုးနေရဆဲဖြစ်ပါတယ်။

Photo- Internet

Zawgyi

ဂါလာတာစာေရးကို ရႈံးရင္ ဇီဒန္းထုတ္ပယ္ခံရလိမ့္မယ္လို႔ သတင္းထြက္

ရီးရဲလ္မက္ဒရစ္ အသင္းဟာဒီကေန႔ည ဂါလာတာစာေရးနဲ႔ ကစားရမယ္႔ ခ်န္ပီယံလိဂ္အေ၀းကြင္းပြဲစဥ္မွာ ရႈံးနိမ့္ခဲ့မယ္ဆိုရင္ နည္းျပဇီဒန္းကို ရာထူးကေနထုတ္ပယ္လိမ့္မယ္လို႔ သတင္းေတြထြက္ေနပါတယ္။ ဒီပြဲဟာ ရီးရဲလ္အတြက္ အရမ္းကိုအေရးပါေနၿပီး အႏိုင္မရလို႔ မျဖစ္တဲ႔ ပြဲပါ။

ရီးရဲလ္သာ ႏိုင္ပြဲေပ်ာက္ခဲ့မယ္ဆိုရင္ ခ်န္ပီယံလိဂ္ကေန ယူရိုပါလိဂ္ကို ေျပာင္းကစားရတာ ဒါမွမဟုတ္ အုပ္စုအဆင့္ကေနထြက္ရတာ မ်ဳိးေတြျဖစ္လာႏိုင္ပါတယ္။ ရီးရဲလ္ဟာ ဒီရာသီအစမွာရုန္းကန္ခဲ့ရမႈနဲ႔အတူ ခ်န္ပီယံလိဂ္မွာလည္း ႏိုင္ပြဲမရေသးဘဲ ၿပီးခဲ့တဲ႔ ၂ ပြဲမွာ ပီအက္စ္ဂ်ီကို ဂိုးျပတ္ရႈံးၿပီး ဘရုဂ်က္ကို အိမ္ကြင္းမွာ သေရက်ခဲ့ပါတယ္။

လာလီဂါမွာေတာ႔ ရီးရဲလ္ဟာ ဒုတိယေနရာ ရထားလို႔အေျခအေနေကာင္းတယ္လို႔ ေျပာႏိုင္ေပမယ္႔ မၾကာေသးခင္က တန္းတက္ မာေယာ႔ကာကို ရႈံးထားတဲ႔အျပင္ ခ်န္ပီယံလိဂ္ေျခစြမ္းကလည္း စိတ္ပ်က္စရာျဖစ္ေနလို႔ ဇီဒန္းလည္း ဖိအားေတြခံ စားေနရတာပါ။ ဒါေၾကာင့္ ရီးရဲလ္တာ၀န္ရွိသူေတြဟာ နည္းျပေဟာင္း ေမာ္ရင္ဟိုနဲ႔ ေတြ႔ဆုံခဲ့တယ္လို႔ သတင္းေတြထြက္ခဲ့ေသးတာပါ။

ဒါေၾကာင့္လည္း မာကာသတင္းစာႀကီးက ရီးရဲလ္ဟာ အစၥတန္ဘူလ္မွာ ဂါလာတာစာေရးကိုရႈံးခဲ့ရင္ ဇီဒန္းကိုထုတ္ပယ္လိမ့္ မယ္လို႔ ဒီကေန႔မွာဘဲ ေဖာ္ျပသြားတာျဖစ္ပါတယ္။ ဒီပြဲကို အခုည ျမန္မာစံေတာ္ခ်ိန္ ၁း၃၀ မွာ ကစားၾကမွာျဖစ္ပါတယ္။

ရီးရဲလ္ဟာ ၿပီးခဲ့တဲ႔ေႏြရာသီက ေပါင္သန္း ၃၀၀ ေလာက္အကုန္ခံၿပီး ကစားသမားသစ္ေတြေခၚယူအားျဖည့္ခဲ့ရာမွာ ဟာဇတ္ နဲ႔လူကာဂ်ဳိဗစ္တို႔လို ကစားသမားေတြလည္းပါ၀င္ေပမယ္႔ သူတို႔ႏွစ္ဦးစလုံးဟာ ဇီဒန္းလက္ထက္မွာအခုထိေျခစြမ္းမျပႏိုင္ေသးဘဲ လူေဟာင္းေတြကိုသာ အားကိုးေနရဆဲျဖစ္ပါတယ္။